Border News Agency
မကွေး၊ အောက်တိုဘာ ၁၇။
အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ နတ်ရေကန်ဗျူဟာမှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့ဟာ အောက်တိုဘာလ ၁၇ ရက်နေ့ လက်နက်ချကာ အလင်းဝင်လာကြသလို တိုက်ပွဲအတွင်းလက်ရဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီအလင်းဝင်လာခဲ့ကြသူတွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးထားတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒါကြောင့် စစ်ကော်မရှင်တပ်ရဲ့ မတရားစစ်မှုထမ်းရန် စုဆောင်းခံရသူတွေဟာ အာရက္ခတပ်တော်နဲ့ အနီးဆုံးနေရာတွေကို ဆက်သွယ်ပြီး အချိန်မရွေးလက်နက်ချအလင်းဝင်နိုင်တယ်လို့ အသိပေးထားပါတယ်။
အဲဒီနတ်ရေကန်ဗျူဟာကုန်းရှိ လက်ကျန်နေရာတချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာမို့ နေရာတချို့မှာတိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဗျူဟာကုန်းမကျရှုံးရေးအတွက် လေကြောင်းပစ်ကူ၊ စစ်ကူများအဆက်မပြတ်ပေးနေပေမယ့် အာရက္ခစစ်သည်တော်တွေ အကောင်းဆုံးတုံ့ပြန်ခံစစ်တွေနဲ့အတူ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။






