Border News Agency
ရန်ကုန်၊ အောက်တိုဘာ ၁၈။
မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်း (MIFA)နဲ့ မြန်မာနိုင်ငံကဟိန္ဒူမျိုးနွယ်စုတွေ စုပေါင်းကျင်းပတဲ့ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့ပါတယ်။
အဲဒီပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံမှာ အောက်တိုဘာလ ၁၇ ရက်နေ့၊ ညနေကကျင်းပပြုလုပ်တာပါ။
“ဒီပါဝလီပွဲတော်”ဟာ ဟိန္ဒူဘာသာဝင်
တွေ အထွတ်အမြတ်ထားတဲ့ ရိုးရာမီးထွန်းပွဲတော်ဖြစ်ပြီး “ဒီပ”ဆိုတာ မီးအလင်းရောင်နဲ့ “အာဝလိ” ဆိုတာ စီတန်းတာဆိုတဲ့အဓိပ္ပာယ်ကို ပေါင်းစပ်ထားတာဖြစ်လို့ ”ဒီပါဝလီ”ဆိုတာ ဆီမီးအလင်းရောင်တွေ စီတန်းထွန်းညှိပူဇော်တာလို့ အဓိပ္ပာယ်ရပါတယ်။















Comments 1
Thanks for sharing. I read many of your blog posts, cool, your blog is very good. https://accounts.binance.com/en-NG/register?ref=YY80CKRN