Border News Agency
တနင်္သာရီ၊ အောက်တိုဘာ ၂၉။
တနင်္သာရီတိုင်းဒေသကြီး၊တနင်္သာရီမြို့ နယ်အနီးမှာ အောက်တိုဘာလ ၂၈ ရက်နေ့ မနေ့က တော်လှန်ရေးပူးပေါင်းတပ် ဖွဲ့တွေနဲ့စစ်ကော်မရှင်တပ်ကြား တိုက်ပွဲဖြစ်ခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၂)တ ပ်ရင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲဖြစ်ခဲ့တဲ့နေရာမှာ လေးမိုင်ရွာအနီးဖြစ်ပြီးမြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၁ ၊ တပ်ရင်း ၃ ခွဲ ၂ နဲ့ KNDO ရ င်း ၇ခွဲ ၃အပါအဝင် တနင်္သာရီမြို့နယ် ပကဖ၊မြိတ်ပကဖတပ်ဖွဲ့တွေပေါင်းတို က်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီမှာစစ်ကော်မရှင်တပ်အရာရှိတဦးအပါအဝင်အချို့ထိခိုက်နိုင်ပြီး တော် လှန်ရေးတပ်သားတဦးကျဆုံးပြီးတဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ ပြည်သူ့အိမ်တချို့ကို မီးရှို့ဖျက်ဆီးဖောက်ဝင်နေတယ်လို့ဆိုပါတယ်။
အဲဒီအပြင် တနင်္သာရီမြို့နယ်အတွင်း စစ်ရေးအခြေအနေတွေမတည်ငြိမ်တာမို့ ဒေသခံပြည်သူတွေ၊ခရီးသွားတွေကို သတိရှိစွာသွားလာကြဖို့မြိတ်ခရိုင်အမှ တ် ၂ တပ်ရင်းသတိပေးထားပါတယ်။






