Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး သတင်း

ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာအလည်ရပ်စေဖို့ – ၃

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
6
VIEWS
Share on FacebookShare on Twitter

Border News Agency
ဒါကာ၊ အောက်တိုဘာ ၂၉။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိရိုဟင်ဂျာဒုက္ခသည်စခန်း၏ အုပ်ချုပ်ရေးအာဏာစီးဆင်းမှုကို ကြည့်ပါက CiC အဖွဲ့၊ APBn ရဲတပ်ဖွဲ့နှင့်မာဂျီအဖွဲ့ဟူ၍သာရှိသည်။

CiC အဖွဲ့သည် RRRCမှ ဘင်္ဂလားဒေ့ရှ်ဗြူရိုကရေစီဝန်ထမ်းများကို အလှည့်ကျခန့်အပ်ထားခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်းအုပ်ချုပ်ရေးနှင့်တ ရားစီရင်ရေးအာဏာကိုကိုင်တွယ်သ ည်။

APBn အဖွဲ့က ရဲတပ်ဖွဲ့ဖြစ်သည်။ မာဂျီက ဒုက္ခသည်များထဲမှစခန်းတာဝန်ခံတဦးကို CiC မှ ရွေးချယ်ခြင်းဖြစ်သည်။

ဤသည်က ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းထဲရှိ ရိုဟင်ဂျာများအား ဘင်္ဂလားဒေ့ရှ်အစိုးရ၏ကိုင်တွယ်စီမံနေမှုဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်၏ ရိုဟင်ဂျာဒုက္ခသည်ဆိုင်ရာမူဝါဒ

ဘင်္ဂလားဒေ့ရှ်၏အမြင်တွင် ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်သို့ တနေ့ပြန်သွားရမည့်သူများဖြစ်သည်။ လက်တလောတွင် ဘင်္ဂလားဒေ့ရှ်၌ ခိုလုံနေသူများဖြစ်သည်။

“ခိုလုံနေသူများဖြစ်၍မိမိနေရပ်သို့တချိန်တွင်ပြန်သွားရမည်သူ” ဆိုသည့်သဘောသည် အိမ်ရှင်မဟုတ်သောဧည့်သည်များ၊ နိုင်ငံခြားသားများဆိုသည့် အဓိပ္ပါယ်ဖြစ်သည်။

သာမန်တွေးထင်နေသကဲ့သို့ ယဉ်ကျေးမှု၊ ဘာသာစကားဆက်နွယ်သည့်အတွက် ကိုယ့်အမျိုးနေရာတွင်ရှိနေသည်ဟူသော သဘောမျိုးတော့မဟုတ်ချေ။

နိုင်ငံခြားသားများသည် နိုင်ငံသားများနှင့် ဥပဒေကြောင်းအရမတူ၊ အခွင့်အရေးမတူချေ။

နိုင်ငံတနိုင်ငံ၏ စီမံခန့်ခွဲရေးဆိုင်ရာဝန်ဆောင်မှုတိုင်းကို နိုင်ငံခြားသားတဦးသည် နိုင်ငံသားတဦးနှင့်အတူတူခံစားပိုင်ခွင့်မရှိပေ။

သို့ရာတွင် နိုင်ငံခြားသားဧည့်သည်သည် မိမိရောက်ရှိရာနိုင်ငံ၏ဥပဒေကို လေးစားလိုက်နာရမည်ဖြစ်သည်။

ဤအချက်က သဘာဝသာဖြစ်၍ နားလည်ရန်မခက်ပေ။ နိုင်ငံတကာဥပဒေအရဖြစ်စေ၊ ပြည်တွင်းဥပဒေအရဖြစ်စေ (အထူးသဖြင့် Common law)ပုံစံတွင် နိုင်ငံခြားသားတဦးသည် ၎င်းရောက်ရှိရာနိုင်ငံ၏အချုပ်အခြာအာဏာ အောက်တွင်လည်းရှိနေသလို ၎င်း၏ သက်ဆိုင်ရာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့်လည်းသက်ဆိုင်နေသူဖြစ်သည်။ ရောက်ရှိရာနိုင်ငံသည် ၎င်း၏ အချုပ်အခြာအာဏာအရ နိုင်ငံခြားသားကို ဝန်ဆောင်မှုအခွင့်အရေးများ ပေးလိုလျှင်ပေး၍ရသေးသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ရိုဟင်ဂျာဒုက္ခသည်ဆိုင်ရာမူဝါဒတွင် ရိုဟင်ဂျာများကို “နိုင်ငံ၏ဝန်ဆောင်မှုများကို ကန့်သတ်ထားပါသည်။” ရိုဟင်ဂျာတဦးသည် ဒုက္ခသည်စခန်းအတွင်း ပြုကျင့်ခံရသော မတရားမှုအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးထံ တိုင်ကြားခွင့်မရှိပေ။

CiCကသာ ဆုံးဖြတ်သွားသည်။ CiC ထံမရောက်ခင် မာဂျီထံသို့ရောက်သည်။ CiC၏စည်းမျဉ်းစည်းကမ်းများအတိုင်း ရှိမရှိကို APBn လက်နက်ကိုင် ရဲတပ်ဖွဲ့က တာဝန်ယူရသည်။

ဤအချက်က စာရွက်ပေါ်တွင် မဟာဗျူဟာအရ ကောင်းမွန်ပါသည်။ သို့ သော် လက်တွေ့မြေပြင် အရှိတရားတွင် စာရွက်ပေါ်က မဟာဗျူဟာသဘော တရားနှင့်ဆန့်ကျင်ဘက် ဖြစ်လာပါက မည်သို့ လုပ်ပါမည်နည်း။

“ရိုဟင်ဂျာတဦးသည် ဒုက္ခသည်စခန်းအတွင်း ပြုကျင့်ခံရသော မတရားမှုအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးထံ တိုင်ကြားခွင့်မရှိပေ။” သာမန် ဒုက္ခသည်အချင်းချင်း မတရားမှု ပြုကျင့်ခြင်းကိုတောင်မှ တိုင်ကြားခွင့်မရှိသော အခြေအနေတွင် အကယ်၍ “CiC၊ APBn နှင့် မာဂျီ” တို့က ပြုကျင့်လာလျှင် ဆိုဖွယ်ရာမရှိတော့ပေ။ မည်သည့်စောင့်ကြည့်မှု ယန္တယားမှ မရှိချေ။

ရိုဟင်ဂျာ ဒုက္ခသည်စခန်းသည်နိုင်ငံတ ကာထောက်ပံ့မှုများ လာရောက်စုဝေးရာဒေသဖြစ်သည်။ ဒုက္ခသည်စခန်းသည် ငွေထုတ်ဖြစ်သည်။ ငွေထုတ်၊ ဥပဒေဟောင်းလောင်း၊ အသံမထွက်နိုင်သော ဒုက္ခသည်ဆိုသည့်အခြေအနေများက ခြစားအကျင့်ပျက်မှုအတွက် ရေခံမြေခံဖြစ်သည်။

ထိုရေခံ မြေခံက “ပြန်ပေးဆွဲခြင်း၊ ငွေညစ်ခြင်း၊ သတ်ဖြတ်ခြင်း၊ မူးယစ်ဆေးဝါး၊ မုဒိမ်းမှု၊ လိင်အမြတ်ထုတ်မှု” ဆိုသည့်အချက်များကို လက်ယပ်ခေါ်လာသည်။

ဤအခြေအနေများနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်အစိုးရတုန့်ပြန်ပုံက စီမံခန့်ခွဲရေးနှင့် လုံခြုံရေးအပိုင်းဝန်ထမ်းအင်အား၊ အထောက်အကူပစ္စည်း၊ နည်းပညာ၊ ရံပုံငွေများမလုံလောက်၍မနိုင်မနင်းဖြစ်နေရသည်ဟု ဆိုထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် ဘင်္ဂလားဒေ့​ရှ်လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာတွင် အောက်ပါအချက်များကို ဖော်ပြထားပါသည်။

၁။ ဘင်္ဂလားဒေ့ရှ်အရာရှိတချို့ကိုယ်တိုင် ရိုဟင်ဂျာများအား လူကုန်ကူးမှုတွင် ပါဝင်ပတ်သက်နေသည်ဟု လေ့လာသူများက ဆိုသည်။

ဒုက္ခသည်စခန်းများမှ ကညာပျို သတို့သမီးများကို ရရှိရန် လူကုန်ကူးသူများနှင့်ချိတ်ဆက်ကြသည်။

ထိုဖြစ်စဉ်မျိုးများတွင် ဘင်္ဂလားဒ့်ရှ်အရာရှိတချို့သည် ကျင့်ဝတ်ပျက်ယွင်းစွာ အဂတိလိုကျစားမှုများဖြင့်ပါဝင်နေသည်။

ဘင်္ဂလားဒေရှ်ပတ်စ်ပိုစ့်ရရှိရန်အတွက် နယ်စပ်ဖြတ်ကျော်သူများသည် ရိုဟင်ဂျာဒုက္ခသည်စခန်းမှ ကညာပျိုများအား ဘင်္ဂလားအရာရှိများထံ သတို့သမီးအဖြစ် ဆက်သရသည့်အချက်များကဲ့သို့ လူကုန်ကူးမှုများသည် ဖြစ်ပေါ်နေသည်။

၂။ ဘင်္ဂလားဒေ့ရှ်ကောစ်ဘဇားနှင့်ဘာဆန်ချာရ်ကျွန်းတွင် ဒုက္ခသည်စခန်း ၃၃ ခုရှိပြီး ရိုဟင်ဂျာပေါင်းတသန်းကျော်ရှိနေသည်။

လက်နက်ကိုင်အုပ်စုများ၊ စစ်ဘက်အဖွဲ့အစည်းများ၊ ဂိုဏ်းစတားများများသည် ရိုဟင်ဂျာဒုက္ခသည်စခန်းများရှိကလေးငယ်များကိုပါ စစ်သားစုဆောင်းမှုရှိနေသည်။

ဒုက္ခသည်များ၏ အခြေအနေမှာလူကုန်ကူးခံရနိုင်သော အန္တရာယ်၊ စစ်သား စုဆောင်းခံရနိုင်သောအန္တရာယ်များရှိနေသည်။

စီးပွားရေးလုပ်ကိုင်ခွင့်အခွင့်အလမ်းများ မရရှိ၊ ထောက်ပံမှုများလည်းမလုံလောက်ပေ။

အကျင့်ပျက်နိုင်ငံရေးနှင့် အကျင့်ပျက်ခြစားအဂတိများကြောင့် အစိုးရအပေါ် ယုံကြည်မှုနည်းနေကြသည်။

ရိုဟင်ဂျာများအား လိင်ကုန်ကူးမှု၊လူကု န်ကူးမှုများသည် ဘင်္ဂလားဒေ့ရှ်ကို ကျော်လွန်၍ နိုင်ငံဖြတ်ကျော်မှုများ ဖြစ်နေသည်။

ရိုဟင်ဂျာမိန်းကလေးငယ်များအား ဘင်္ဂလားဒေ့ရှ်တွင်အလုပ်အကိုင်အခွင့်အလမ်းများပေးမည်။

အိန္ဒိယ၊ မလေးရှားနှင့် နီပေါတွင် အလုပ် အကိုင်များရှိသည်၊ လက်ထပ်လိုသူများရှိသည်ဟု ဆိုကာ လိင်ကုန်ကူးမှုကို ပြုလုပ်နေကြသည်။

ဘင်္ဂလားအစိုးရ၏ ရိုဟင်ဂျာများအား အလုပ်အကိုင်ကန့်သတ်မှုကဤအကျိုး ဆက်များကို ဖြစ်လာစေသည်။

အစိုးရ၏ထင်သာမြင်သာမျက်စိအောက်တွင်ပင် ဘင်္ဂလားအရာရှိတချို့သည် ရိုဟင်ဂျာဒုက္ခသည်စခန်းများ၌ ထိုကိစ္စများ၊ စော်ကားမှုများတွင် ပါဝင်ပတ် သက်နေကြသည်။

စခန်းအတွင်းမှ ရိုဟင်ဂျာ မိန်းကလေး၊ ယောက်ျားလေးများကို စုဆောင်းပြီး လက်ထမ်းစျေးဆိုင်များ၊ တံငါလုပ်ငန်းများ၊ လန်ခြားဆွဲခြင်း၊ အိမ်ဖော်လုပ်ငန်းများတွင် အတင်းအကြပ်ခိုင်းစေနေကြသည်။

နိုင်ငံခြားခရီးသွားများကြောင့်လည်းဘင်္ဂလားဒေ့ရှ်နိုင်ငံအပြင်ဘက်ထိ ကောစ့်ဘဇားအနီးတဝိုက်မှာ ရိုဟင်ဂျာအမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာအသုံး ချညှင်းဆဲခြင်းကို ခံနေကြရသည်။

sources…

  • https://www.state.gov/reports/2025-trafficking-in-persons-report/bangladesh/?hl=en-GB
PrevPreviousရွေးကောက်ပွဲအပိုင်း၂ ပြုလုပ်မယ့်အထဲမှာ ရခိုင်မပါ
Nextတနင်္သာရီမြို့နယ်မှာ နှစ်ဘက်တိုက်ပွဲဖြစ်Next
Previous Post

ရွေးကောက်ပွဲအပိုင်း၂ ပြုလုပ်မယ့်အထဲမှာ ရခိုင်မပါ

Next Post

တနင်္သာရီမြို့နယ်မှာ နှစ်ဘက်တိုက်ပွဲဖြစ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ-AA

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

September 27, 2026
​Ref/Photo - India Today

မြန်မာတော်လှန်ရေးတပ်တွေကို လေ့ကျင့်ပေးခဲ့တယ်လို့စွပ်စွဲခံရတဲ့ နိုင်ငံခြားသားခုနှစ်ဦးအိမ်ပြန်ခွင့်ရ

September 27, 2026
Ref/​Photo - AFP/Reuters

အိန္ဒိယနဲ့နီပေါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုလို့ လူ၆၈ ဦးသေဆုံး

September 27, 2026
ဓာတ်ပုံ-BNA

သက်တမ်းနှစ်ဆယ်ကျော်ယာဉ်ဟောင်းတွေကို EV နဲ့ အစားထိုးတင်သွင်းခွင့်ပြု

September 27, 2026

မြောက်ဦးမှ စစ်တွေ စစ်ရှောင်တွေကို အာရက္ခအစိုးရ စားနပ်ရိက္ခာထောက်ပံ့

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ ပထမဆုံးပါတီစာစောင် စတင်ထုတ်ဝေ

အာရက္ခဒေသမှာ ရိုးရာအစားအစာသိုလှောင်နည်းတွေ ဘာကြောင့်ပိုအရေးပါလာသလဲ

ကျိန္တလီမြို့နဲ့ရေကျော်ရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ သုံးဦးဒဏ်ရာရ

ရခိုင်ကမ်းရိုးတန်းမှာ လှိုင်းဆယ်ပေအထိမြင့်တက်နိုင်တယ်လို့ မိုးဇလသတိပေး

ကုလညီလာခံမှာ မြန်မာ့ပဋိပက္ခအရေးထိုင်းဝန်ကြီးချုပ်တိုက်တွန်းပြောဆို

Releated Post

​ဓာတ်ပုံ - ONN

မြောက်ဦးမှ စစ်တွေ စစ်ရှောင်တွေကို အာရက္ခအစိုးရ စားနပ်ရိက္ခာထောက်ပံ့

September 26, 2026

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ ပထမဆုံးပါတီစာစောင် စတင်ထုတ်ဝေ

September 26, 2026
(ဓာတ်ပုံ-အာရက္ခဒေသမှာ ဒီနှစ်မိုးရာသီရေကြီးနေပုံ/ပေးပို့)

အာရက္ခဒေသမှာ ရိုးရာအစားအစာသိုလှောင်နည်းတွေ ဘာကြောင့်ပိုအရေးပါလာသလဲ

September 26, 2026
ဓာတ်ပုံ-BNA

ကျိန္တလီမြို့နဲ့ရေကျော်ရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ သုံးဦးဒဏ်ရာရ

September 26, 2026

ရခိုင်ကမ်းရိုးတန်းမှာ လှိုင်းဆယ်ပေအထိမြင့်တက်နိုင်တယ်လို့ မိုးဇလသတိပေး

September 26, 2026
​ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

ကုလညီလာခံမှာ မြန်မာ့ပဋိပက္ခအရေးထိုင်းဝန်ကြီးချုပ်တိုက်တွန်းပြောဆို

September 26, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page