Border News Agency
လောက်ကိုင်၊ နိုဝင်ဘာ ၁၂။
အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်နယ်မြေအတွင်း အထူးဒေသ ၁ မုံကိုးခရိုင်မှာ ပြင်းထန်တဲ့ပြစ်မှုကျူးလွန်သူငါးဦးကို သေဒဏ်ချမှတ်လိုက်တယ်လို့ နိုဝင်ဘာ လ ၁၂ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီပြစ်မှုကျုးလွန်သူ ကိုဝင်းထွန်းဟာ အသက်ဆယ့်ခြောက်နှစ်အရွယ် အမျိုးသမီးငယ်တဦးကို မုဒိမ်းကျင့်ခဲ့တာကြောင့် ရာဇဝတ်မှုဆိုင်ရာစီရင်ခြင်းဥပဒေ”မူကြမ်း ပုဒ်မ ၁၇၅၊ နောက်ထပ်မူကြမ်းပုဒ်မ ၁၈၄၊ ပုဒ်မခွဲ ၂ ၊ပုဒ်မခွဲ ၃၊အချက် ၅ ချက်နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီပြစ်မှုကျူးလွန်သူ ဟိန်းထက်ပိုင်ဟာ ရည်ရွယ်ချက်ရှိရှိထိခိုက်မှုအမှုနဲ့ မူကြမ်း ပုဒ်မ ၁၇၅၊ ပုဒ်မ ၁၅၊ ပုဒ်မခွဲ ၄ နဲ့ ပုဒ်မ ၁၈၁၊ ပုဒ်မခွဲ ၂ နဲ့ ဥပဒေအရ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့တယ်လို့ဆိုပါတယ်။
Mr. Li Xiao Liang နဲ့ Mr. Jin Lao Er ၊ဇော်ထက်တို့သုံးဦး ရွည်ရွယ်ချက်ရှိရှိလူသတ်မှုကြောင့် ရာဇဝတ်မှုဆိုင်ရာ စီရင်ခြင်းဥပဒေ”မူကြမ်းပုဒ်မ ၁၇၅၊ ပုဒ်မ ၁၇၉ နဲ့သေဒဏ်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။
သူတို့တွေကို အထူးဒေသ ၁ ရဲ့ တရား စီရင်ရေးအဖွဲ့အစည်းဟာ နိုဝင်ဘာလ ၁၁ ရက်နေ့ကမုံးကိုးခရိုင်မှာ လူထုတရားစီရင်ပွဲလုပ်ပြီး ပြင်းထန်သည့်ရာဇဝတ်မှုအမှု ၅ မှုနဲ့ တရားခံငါးဦးကို ဥပဒေအရအရေးယူပြစ်ဒဏ်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။




















