Border News Agency
ပဲခူး၊ နိုဝင်ဘာ ၁၇။
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကြိုပင်ဝိုင်းရွာမှာ မင်္ဂလာဆောင်ကျင်းပနေချိန် စစ်ကော်မရှင်တပ် လေကြာင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီ ပေါက်ခေါင်းမြို့နယ်၊ ကြိုပင်ဝိုင်းရွာကို စစ်ကော်မရှင်တပ်ဟာ နိုဝင်ဘာလ ၁၆ ရက်၊ မနက် ၉ နာရီအချိန်ခန့်က လေကြောင်းမှဗုံးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ဗုံးဟာ ကြိုပင်ဝိုင်းကျေးရွာရှိ မင်္ဂလာဆောင်ကျင်းပနေတဲ့ နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးတဦးသေဆုံးပြီး အမျိုးသားတဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ကြိုပင်ဝိုင်းကျေးရွာမှ အသက်သုံးဆယ်ငါးနှစ်အရွယ်အေးနွယ် မမိုမိုဝင်းသေဆုံးခဲ့ပြီး အသက်လေးဆယ်နှစ်နှစ်အရွယ် ကိုသန်းဇော်ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ နေ့စဥ်ပြုလုပ်နေတာမို့ အရပ်သားတွေ သေဆုံးဒဏ်ရာရနေ ကြပါတယ်။






