Border News Agency
ကျောက်ဖြူ၊နိုဝင်ဘာ ၁၈။
ကျောက်ဖြူမြို့နယ်ကိုစစ်ကော်မရှင်လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီးသုံးဦးသေဆုံးပြီးငါးဦးဒဏ်ရာရသွားကြပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊တောင်ငူကျေးရွာက အသက်ဆယ့်ခြောက်နှစ်အရွယ်မဝင်းစုဌေး၊အသက်လေးဆယ်ခုနှစ်နှစ်အရွယ်ဒေါ်စုစုမာနဲ့အသက်ခုနှစ်ဆယ်လေးနှစ်အရွယ်ဒေါ်မအောင်သာသေ ဆုံးခဲ့ကြပါတယ်။
အဲဒီအပြင်အသက်ဆယ်ငါးနှစ်အရွယ်၊ မစိုးဝင်းရီ၊အသက်ဆယ်ခြောက်နှစ်အ ရွယ်မပန်းအိခိုင်၊အသက်ငါးဆယ်သုံးနှ စ်အရွယ်ဦးသိန်းရွှေ၊အသက်လေးဆယ်သုံးနှစ်အရွယ်ဦးအောင်ရီဝင်း၊အသက်ငါးဆယ်ငါးနှစ်အရွယ်ဦးသင်္ချီအောင်ဒ ဏ်ရာရသွားခဲ့ကြပါတယ်။
အဲဒီတောင်ငူကျေးရွာကို နိုဝင်ဘာလ ၁၇ ရက်၊မနေ့ညက စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် အမျိုးသမီးသုံးဦးသေဆုံးပြီး ကျောင်းသား၊ကျောင်သူတွေအပါအဝင်ငါးဦးဒဏ်ရာရသွားကြတာပါ။
အဲဒီကျောက်ဖြူမြို့နယ်၊လိပ်တင်ကျေး ရွာ၊ကျောက်ကလေကျေးရွာ၊မင်းရပ်ကျေးရွာ၊သံချောင်းကျေးရွာကိုလည်းနိုဝင်ဘာလ ၁၇ ရက်နေ့က၊စစ်ကော်မရှ င်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် လိပ်တင်ကျေးရွာစာသင်ကျောင်းမှာကျရောက်ပေါက်ကွဲပြီး ဝက်နှစ်ကောင်နဲ့စာသင် ကျော င်းပျက်စီးသွားပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်တာတွေ ဆက်လုပ်လာနေလို့ ပြည်သူတွေလေ ကြောင်းရန်ကို ပိုမိုသတိထားဖို့ အာရက္ခတပ်တော်အသိပေးထားပါတယ်။






