Border News Agency
ကျောက်တော်၊ နိုဝင်ဘာ ၂၈။
ကျောက်တော်မြို့နယ်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားခြောက်ဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီကျောက်တော်မြို့နယ် ကျေးရွာနှစ်ခုကို နိုဝင်ဘာလ ၂၈ ရက်၊ ဒီနေ့မနက် ၁၀ နာရီ ၄၅ မိနစ်အချိန်က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဒီနေ့ မနက် ၁၀ နာရီ ၄၅ မိနစ်အချိန်က ကြောင်ဖိုရွာကို ဗုံးတလုံး၊ ၁၀ နာရီ ၅၃ မိနစ်အချိန်က ကန်စောက်တောင်အနီးဝန်းကျင်ကို ဗုံးတ လုံး၊ စုစုပေါင်း ဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကြောင်ဖိုရွာမှအမျိုးသမီးခြောက်ဦးသေဆုံးခဲ့ပြီး ခုနှစ်ဦးဒဏ်ရာရသွားသလို နေအိမ်လေးဆောင်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။






