Border News Agency
ကျောက်တော်၊ နိုဝင်ဘာ ၂၈။
ကျောက်တော်မြို့နယ်၊ ကြောင်ဖိုရွာကို နိုဝင်ဘာလ ၂၈ ရက်၊ ဒီနေ့ စစ်ကော်မရှင်တပ် လေကြာင်းတိုက်ခိုက်လို့ ခုနှစ်ဦးသေဆုံးပြီး ကလေးခြောက်ဦးအပါအဝင် ဆယ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီကြောင်ဖိုကျေးရွာကို နိုဝင်ဘာလ ၂၈ ရက်၊ ဒီနေ့ မနက် ၁၀ နာရီ ၄၅ မိနစ်အချိန်က စစ်ကော်မရှင်တပ်ဟာ ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကလေးတဦးအပါအဝင် အရပ်သားပြည်သူခုနှစ်ဦးသေဆုံးပြီး ကလေးခြောက်ဦးအပါအဝင် ဆယ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီကြောင်ဖိုကျေးရွာမှ အသက်ငါးနှစ်အရွယ်မထိပ်ထားသဇင်၊ အသက်နှစ်ဆယ့်နှစ်အရွယ်မခိုင်ခိုင်အေး၊ အသက်သုံးဆယ်ခုနှစ်နှစ်အရွယ်ဒေါ်စိုးချေ၊ အသက်လေးဆယ်နှစ်နှစ်အရွယ်ဦးဦးသန်းရွှေ၊ အသက်ငါးဆယ်လေးနှစ်အရွယ်ဒေါ်အေးကြည်မ၊ အသက်ခြောက်ဆယ်ရှစ်နှစ်အရွယ် ဒေါ်မဲမျှသန်းသေဆုံးခဲ့ပါတယ်။
အဲဒီအပြင်အသက်လေးနှစ်အရွယ် မဖြိုးသန္တာစိုး၊ အသက်လေးနှစ်အရွယ်မောင်ဉာဏ်ဇော်လင်း၊ အသက်ငါးနှစ်အရွယ်မနှင်းမြတ်သိင်္ဂီ၊ အသက်ငါးနှစ်အရွယ်မချိုချိုလွင်၊ အသက်ဆယ့်နှစ်နှစ်အရွယ်မနွယ်နွယ်မိုး၊ အသက်ဆယ်နှစ်အရွယ်မောင်အောင်ဟိန်းစိုး၊ အသက်ဆယ့်ကိုးနှစ်အရွယ်မအေးဝင်းစန္ဒီ၊ အသက်နှစ်ဆယ့်သုံးနှစ်အရွယ် မချိုအေးသန်း၊ အသက်လေးဆယ်ငါးနှစ်အရွယ် ဒေါ်လှလှဦးနဲ့ အသက်ခြောက်ဆယ်ရှစ်နှစ်အရွယ် ဦးအောင်စိန်ထွန်းဒဏ်ရာရသွားခဲ့ကြပါတယ်။






