Border News Agency
တီးတိန်၊ ဒီဇင်ဘာ ၁၂။
ချင်းပြည်၊ တီးတိန်မြို့မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး လက်နက်တွေနဲ့အတူအလင်းဝင်လာတယ်လို့ PDF Zoland က ထုတ်ပြန်ပါတယ်။
အဲဒီ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦးဟာ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ သူတို့တာဝန်ကျနေတဲ့သိုင်းငင်စခန်းကနေ ထွက်ပြေးကာအလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတပ်ဖွဲ့ဝင်နှစ်ဦးဟာ တီးတိန်မြို့ စစ်ကော်မရှင်တပ်ရဲ့ ခလရ ၂၆၉ က Lal Eng Pui Aa နဲ့ မင်းကျော်သိန်းတို့ဖြစ်တယ်လို့ဆိုပါတယ်။
သူတို့တွေဟာ စစ်ကော်မရှင်တပ်ရဲ့ပြည်သူ့စစ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ တပ်ရင်းတွေနဲ့ ရှေ့တန်းစခန်းတွေမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ အချိန်မီပြည်သူ့ဘက်ကူးပြောင်းခိုလှုံကြဖို့လည်း PDF Zoland က တိုက်တွန်းထားပါတယ်။






