Border News Agency
တနင်္သာရီတိုင်း၊ ဒီဇင်ဘာ ၂၁။
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ဆယ့်နှစ်ဦးသေဆုံးပြီး ဆယ့်ငါးဦးဒဏ်ရာရသွားခဲ့တယ်လို့ လောင်းလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) က ဒီဇင်ဘာလ ၂၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီလောင်းလုံးမြို့ပေါ်မှ ညင်းမော်ရွာသို့ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အားတရာကျော်ပါစစ်ကြောင်းဟာ ညင်းမော်ရွာလယ်ပိုင်းရှိ နေအိမ်တွေမှာတပ်စွဲထားချိန် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း ရင်းဘုတ်ရွာဆီအုန်းတောသို့ဆုတ်ခွာနေချိန် လောင်းလုံး ပကဖ ထားဝယ်ခရိုင်တပ်ပေါင်းစုနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
နောက်ပြီး အဲဒီစစ်ကြောင်းဟာ နိုဝင်ဘာလ ၁၄ ရက်နေ့က စစ်ပြဲရွာ စစ်ပြဲဘုန်းကြီးကျောင်းအနီးသို့ရောက်လာပြီး တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် လောင်းလုံးမြို့ပေါ်ကို ဆုတ်ခွာသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလောင်းလုံးမြို့ပေါ်မှ နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း လက်သည်းရှည်တောင်သို့ ပြန်ထွက်လာတဲ့စစ်ကြောင်းကို ဒရူန်းနဲ့ထပ်ပြီးတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ဆယ့်နှစ်ဦးသေဆုံးပြီး ဆယ့်ငါးဦးဒဏ်ရာရသွားသလို တော်လှန်ရေးတပ်တွေဖက်မှ သုံးဦးအသက်ပေးခဲ့ရတယ်လို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို လောင်းလုံးပကဖ ထားဝယ်ခရိုင်တပ်ပေါင်းစုနဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ DNLA ဒရုန်းအဖွဲ့၊ နွေဦးပြောက်ကျားတပ်ဖွဲ့၊ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့၊ ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ နဲ့ ဒေါနတပ်ခွဲ၇တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။








