Border News Agency
ပဲခူး၊ ဒီဇင်ဘာ ၂၁။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ စစ်ဆေးဌာနရဲ့စစ်မြေပြင်အခြေပြု အခြေခံဆေးပညာသင်တန်းဆင်းပွဲနဲ့ စစ်ရေးပြအစီအစဥ်ပြုလုပ်ခဲ့တယ်လို့ ဒီဇင်ဘာလ ၂၀ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီအပတ်စဥ် ၁ ဆေးပညာသင်တန်းဆင်းပွဲနဲ့ စစ်ရေးပြပွဲကို ပဲခူးတိုင်းစစ်ဌာန၊ စိုးမိုးနယ်မြေတနေရာမှာ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီပွဲကိုတိုင်းစစ်ဆင်ရေး အရာရှိရဲဘော်ဘီဘီနဲ့ ဆေးလက်ရုံးတပ်ဖွဲ့တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် သင်တန်းဆင်းရဲဘော်တွေအတွက် သင်တန်းဆင်းလက်မှတ်၊ တိုက်ပွဲဝင်ဆေးအိတ်၊ ဆေးတပ်ဖွဲ့လက်မောင်းတံဆိပ်တွေနဲ့ သင်တန်းထူးချွန်ဆုတွေ ချီးမြှင့်ခဲ့တယ်လို့ဆိုပါတယ်။











