Border News Agency
မယ်စဲ၊ ဇန်နဝါရီ ၁၈။
ကရင်နီပြည်၊ မယ်စဲမြို့နယ်ကအကျဉ်းထောင်မှာ ဇန်နဝါရီလ ၁၈ ရက်၊ ဒီနေ့မနက်ပိုင်းက အကျဉ်းသားရှစ်ဆယ်နီးပါး သေနတ်ကိုးလက်ကိုပါယူဆောင်ပြီး ထွက်ပြေးသွားတယ်လို့ ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ထုတ်ပြန်ပါတယ်။
အဲဒီ အကျဉ်းသားတွေထွက်ပြေးသွားတဲ့ဖြစ်စဉ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး လုံခြုံရေးအစီအမံတွေ ချမှတ်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
အဲဒီသတင်းတွေဟာ အွန်လိုင်းပေါ်မှာပျံ့နေသလို ထောင်ဝန်ထမ်းတွေကိုသတ်ဖြတ်တာ ဒါမှမဟုတ်ဖမ်းဆီးသွားတာမျိုးတွေ မရှိဘဲသတင်းမှားတွေသာဖြစ်တယ်လို့လည်း IEC က အသိပေးထားပါတယ်။
အဲဒါကြောင့် ကရင်နီပြည်ရဲဌာနနဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက လုံခြုံရေးအတွက်အချိန်နဲ့တပြေးညီ ဆောင်ရွက်နေတာကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်စရာမလိုဘူးလို့လည်း အသိပေးထားပါတယ်။
နောက်ထပ် ထူးခြားတဲ့သတင်းအချက်အလက်တွေကိုလည်း သက်ဆိုင်ရာအဖွဲ့တွေက အချိန်နဲ့တပြေးညီ ဆက်ပြီးထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။






