Border News Agency
မောင်တော၊ဇန်နဝါရီ ၂၁။
လက်ရှိ ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၁၂ ရက်နေ့မှ၂၉ ရက်နေ့ထိ ICJ ကြားနားပွဲနှင့်ပတ်သက်၍ဂကျိုးဂကြောင်ထင်မြ င်မှုများက မြန်မာလူ့မှုကွန်ရက် ပလက် ဖောင်းတွင် ဂယက်ထနေကြသည်။ မည်သူမဆို မိမိအမြင်ကို လွတ်လပ်စွာ ထုတ်ဖော်နိုင်ခွင့်ရှိသည်။
သို့သော် သာမန်လူများ၏ထင်မြင်ချ က်ထက် ပညာတတ် အီလိုက်များ၏ ထ င်မြင်ချက်အပြောအဆိုများက သာမန် လူထုအပေါ် သက်ရောက်မှုများတတ် သည်မှာ သဘာဝဖြစ်သည်။
အချို့သော ပညာတတ်အီလိုက္များ၏ ပြောစကားများတွင် သာမန်လူထုအတွ က်”ဂကျိုးဂကြောင်”ဂယက်ကိုဖြစ်စေ သည်။
အကျိုးမရှိ ပြဿနာကို ဒစ်ရှည်အရစ်ပိုလည်စေမည့်”ဂကျိးဂကြောင်”ဂယက်များကိုတော့ ဤစာစုက အတော်အတန် ဖြေရှင်းပေးမည်ဟု ယူဆသည်။
ICJ ဟူသည် လူမျိုးနာမည်တပ်ပေးသောကော်မရှင်မဟုတ် (ICJ is not a “naming commission”)
ICJ လတ်တလော ကြားနားပွဲများအတွင်း ထလာသော ဂယက်ထဲတွင်”ရိုဟင်ဂျာဟူသော အခေါ်အဝေါ်လူမျိုး” မြန် မာသမိုင်းမှတ်တမ်းတွင် မရှိဟူသော ဂယက်ဖြစ်သည်။
ထိုဂယက်ထဲ လိုက္မျောသူများက တံခွန်ထူပြသည်က “ထိုသို့မရှိခဲ့အမည်နှင့်တို င်းရင်းသား၊နိုင်ငံသားအဖြစ်အသိအမှ တ်မပြုနိုင်”ဟူ၍ ဖြစ်သည်။
ထိုဂယက်ထဲတွင် မျောပါနေသူများအနေဖြင့် “ICJ သည် မြန်မာလူထု၏နေစဉ်ဘဝအတွင်းထိ ထိုအမည်ကို အသုံးပြုခေါ်ဝေါ်ရမည်။” ဟု အမိန့်ချလာမည်ဟု ထင်နေကြသည်လားတော့မသိပေ။
ထိုသူများအား ပြန်၍ပြောလိုသည်မှာ ICJ ဟူသည် ကင်ပွန်းတပ် အမည်မှည့်ခေါ်ရာ နေရာမဟုတ်ပေ။
လက်ရှိကိစ္စသည် အမည်သညာခေါ်ဝေါ်မှုအရေးအတွက် တရားရင်ဆိုင်နေရသော ကိစ္စမဟုတ်ပေ။
လူမျိုးတုန်းသတ်ဖြတ်ခံရသော ဖြစ်စဉ်ဟုတ်၏။မဟုတ်၏ကို တရားရေးနယ် ပယ်ထဲမှ စီစစ်နေသောကိစ္စဖြစ်သည်။
ကျူးလွန်ခံရသူများ ဟုတ်၊ မဟုတ် (Victims or Not)
ဂမ်ဘီယာနှင့်မြန်မာအမှုတွင် လူအုပ်စုတခုသည် လူမျိုးတုန်းအောင်ရှင်းလင်းမှုအဖြစ်ဆိုးကို ရင်ဆိုင်ခံစားနေရခြင်းရှိ၊မရှိကို ICJ က လက်ရှိတွင် စိစစ်နေခြင်းဖြစ်သည်။
ICJ တရားသူကြီးများက မည်သို့ရှူမြင်ထားသနည်းဆိုသော်”လူအုပ်စုတခုမှာ လူမျိုးတုန်းအောင်ရှင်းလင်းမှုအဖြစ်ဆိုးကိုရင်ဆိုင်ခံစားနေရမှု ရှိခဲ့ပုံပေါ်သည်။” ဟု ကောက်ချက်ချထားသည်။
ဤကောက်ချက်မှာအမှုစတင်ချိန် ကနဦးကြားဖြတ်အမိန့်က သက်သေပင်ဖြစ်သည်။
ထိုကြားဖြတ်အမိန့်၏သဘောက “လူအုပ်စုတခုသည်လူမျိုးတုန်းအောင် ရှင်း လင်းမှုအဖြစ်ဆိုးကို ရင်ဆိုင်ခံစား နရခြင်းရှိခဲ့ပုံပေါ်နေသည်။ သို့သော် ဟုတ်၊ မဟုတ်ကို ဆက်လက်စစ်ဆေးရမည်။ စစ်ဆေးနေချိန်တွင် မြန်မာဘက်က ဤအချက် ဤအချက်များကိုလိုက်နာထားရမည်။” ဟူသော သဘောပင်ဖြစ်သည်။
ဆက်လက်ကြားနာမှုတွင် မြန်မာဘက်က “မဟုတ်ကြောင်း” ကို သက်သေသက်ခံအထောက်အထားများဖြင့် ခုခံချေပခွင့်ရှိသည်။
ဂမ်ဘီယာဘက်က”ဟုတ်ကြောင်း”ကို သက်သေသက်ခံ အထောက်အထားများဖြင့် တင်ပြခွင့်ရှိသည်။
ဤသို့တဖက်နှင့်တဖက် တင်ပြလာကြရာ ယခုအချိန်ကြားနာပွဲသို့ ရောက်ရှိလာပြီဖြစ်သည်။
ကိုယ်ပိုင် သရုပ်လက္ခဏာနှင့် ဂျီနိုဆိုက် ဖြစ်ခြင်းရှိ၊မရှိ (Self-Identification and the Finding of Genocide)
“ရိုဟင်ဂျာ” ဟူသော အခေါ်အဝေါ်သည် ရခိုင်တို့က ဘင်္ဂလီဟုခေါ်သော၊ဘာ သာစကား ဗေဒအားဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်းဒေသ ဒေသခံများ ၏လေယူလေသိမ်းနှင့်ယဉ်ကျေးမှုနီး စပ်တူညီသော၊ရခိုင်တွင် ထင်သာမြင် သာသောလူဦးရေပမာဏရှိသောလူအု ပ်စုက ကိုယ့်ကိုယ်ကို ပေးထားသောအမည်ဖြစ်သည်။
ထိုအချက်သည် “ICJ” နှင့်မဆိုင်ပေ။ ICJ နှင့်ဆိုင်သည်က ထိုသို့ မိမိကိုယ်ကို အမည်နာမ တပ်ထားသော လူအုပ်စုတခုသည် ဂျီနိုဆိုက်ဘေးဒဏ်ကို ခံရခြင်း ရှိခဲ့၊မရှိခဲ့ဟူသောအချက်သာ ဖြစ်သည် ။
သို့ဖြစ်၍ လူအုပ်စုတခုသည် ရိုဟင်ဂျာဟု မိမိကိုယ်ကို နာမည်တပ်ထားပါစေ၊ ရိုဟင်ဂျာအမည်မှမဟုတ်၊အခြားအမ ည်တခုခုကို တပ်ထားပါစေ ထိုအုပ်စုသည် ဂျီနိုဆိုက်ဘေးဒဏ်သင့်၊မသင့် ကိုသာ ICJ က စီစစ်ကြားနာနေမည်ဖြစ် သည်။
သို့ဖြစ်၍ဂျီနိုဆိုက် ဟုတ်၊မဟုတ်ကို ICJ သည် မည်သည့်စံနှုန်းများနှင့်စိစ စ်ရှာဖွေပါသနည်းဟု မေးစရာရှိလာသည်။
နိုင်ငံတကာဥပဒေ (အထူးသဖြင့် ၁၉၄၈ ခုနှစ် Genocide Convention) အရ မျိုးတုံးသတ်ဖြတ်မှု(Genocide) မြောက် သည်ဟု သတ်မှတ်ရန်အတွက် အောက်ပါအချက် များကို စီစစ်ရမည်ဖြစ်သ ည်။
၁။မြေပေါ်မှ ဖယ်ရှားပစ်မည်ဟု သတ် မှတ်ခံထားသော လူအုပ်စု (Targeted Groups)ဟုတ်၊မဟုတ် စီစစ်ခြင်း။
မျိုးတုံးသတ်ဖြတ်မှုသည် လူတဦးချင်းစီကို ရည်ရွယ်ခြင်းထက်
က – လူမျိုးနွယ်စု (National group)
ခ – မျိုးနွယ်စု (Ethnical group)
ဂ – လူမျိုးစု (Racial group)
ဃ – ဘာသာရေးအုပ်စု (Religious group) အုပ်စု ၄ ခုထဲမှ တခုခုကို ဖျက်ဆီးရန် ရည်ရွယ်ချက်ပါနေသည်။
လက်ရှိ ICJ ကြားနာမှုတွင် “အဆိုပါ ရ ည်ရွယ်ချက် မြန်မာတွင် ရှိသည်”ဟု ဂမ်ဘီယာက စွပ်စွဲ၍သက်သေထူနေသ ည်။
မြန်မာဘက်က မရှိဟု ငြင်းဆန်၍ သက် သေပြရန် ကြိုးစားနေသည်။
၂။ ကျူးလွန်သည့်လုပ်ရပ်များ (Prohibited Acts)
အဆိုပါ အုပ်စု ၄ ခုထဲမှအုပ်စုတခုလုံးဖြစ်စေ၊တစိတ်တပိုင်းဖြစ်စေဖျက်ဆီးရန်ရည်ရွယ်ချက်ဖြင့် အောက်ပါလုပ် ရပ်များထဲမှတခုခုကို ကျူးလွန်ခြင်းရှိ၊ မရှိကို စိစစ်ရသည်။
(က) အုပ်စုဝင်များကို သတ်ဖြတ်ခြင်း။
(ခ) အုပ်စုဝင်များကို ကိုယ်လက်အင်္ဂါ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ နာကျင်စေခြင်း။
(ဂ) အုပ်စုတခုလုံးကို ရုပ်ပိုင်းဆိုင်ရာ ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ဆိုး ရွားသော နေထိုင်မှုအခြေအနေများ ဖန်တီးခြင်း(ဥပမာ – အစာရေစာဖြတ်တောက်ခြင်း၊ဆေးဝါးကုသခွင့်ပိတ်ပင်ခြင်း)။
အုပ်စုအတွင်း ကလေးမမွေးဖွားနိုင်အောင် တားဆီးသည့် အစီအမံများ ပြုလုပ်ခြင်း။
အုပ်စုတခုမှ ကလေးငယ်များကို အခြားအုပ်စုတခုသို့ အတင်းအဓမ္မပြော င်းရွှေ့ခြင်း။
စသည့် အချက်များတွင် တခုခုနှင့်ကို က်ညီမှု ရှိ၊ မရှိ စိစစ်ရသည်။
ဂျီနိုဆိုက်ဖြစ်သည်ဟု သတ်မှတ်ရန် အဓိက အရေးကြီးဆုံးနှင့် သက်သေပြရန်အခက်ခဲဆုံးအချက်မှာ”အထူးရည် ရွယ်ချက်”(Specific Intent – dolus specialis)ရှိနေခြင်းပင်ဖြစ်သည်။
သာမန်စစ်ရာဇဝတ်မှု (War Crimes) သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူး လွန်သောရာဇဝတ်မှု(Crimes Against Humanity)များနှင့် မတူဘဲ ဂျီနိုဆိုက် သည်”အဆိုပါ အုပ်စုကို အုပ်စုလိုက် ပျောက်ကွယ်သွားစေရန် သို့မဟုတ် ဖျ က်ဆီးပစ်ရန်”ဟူသော ရည်ရွယ်ချက်ဖြင့် ကျူးလွန်ခြင်းမျိုး ဖြစ်ရမည် ဖြစ် သည်။
လူသေဆုံးမှု အရေအတွက် များပြားရုံဖြင့် ဂျီနိုဆိုက်ဟု တိုက်ရိုက္မသတ်မှတ်ပါ။
အဓိကမှာ အုပ်စုတခုကို အမြစ်ပြတ်ချေမှုန်းလိုသည့် “ရည်ရွယ်ချက်” နှင့် “လုပ်ရပ်” ပေါင်းစပ်မှု ရှိ၊ မရှိပေါ်တွင် မူတည်ပါသည်။
ဂမ်ဘီယာဘက်မှ ICJ တွင် တင်ပြနေသည့် အချက်များ၏အခြေခံရည်ရွယ် ချက်မှာ မြန်မာသည်”အုပ်စုတခုကို အ မြစ်ပြတ်ချေမှုန်းလိုသည့်”ရည်ရွယ်ချ က်”နှင့်”လုပ်ရပ်” ပေါင်းစပ်မှုရှိ” သည်ကို ပီပြင်လာရန် အားထုတ်နေခြင်းဖြစ် သည်။
ICJ သည် ဂျီနိုဆိုက် ဟုတ်၊မဟုတ်ကို ဘက်လိုက်မည်မဟုတ်ဘဲ ဥပဒေကြောင်းဆိုင်ရာ အချက်အလက်များဖြင့်သာ စစ်ဆေးဆုံးဖြတ်မည်ဖြစ်သ ည်။
လူမျိုးတုန်းသတ်ဖြတ်မှုအပေါ် နိုင်ငံ တကာ ဥပဒေ၊နိုင်ငံတကာစံနှုန်းများက အဓိပ္ပါယ်ဖွင့်ဆိုမှုတွင် အသေးစိတ် စနစ်တကျရှိသည်။
ဂျီနိုဆိုက်ကွန်ဗင့်ရှင်းသည်ပင်လျှင် နိုင်ငံတတကာ ဥပဒေ၊ နိုင်ငံတကာစံနှုန်း ဖြစ်သည်။
ထိုစံနှုန်းအရ မျိုးတုံးသတ်ဖြတ်မှု (Genocide) အပေါ် ဥပဒေကြောင်းအရရော၊လက်တွေ့ဖြစ်ရပ် ဖြစ်စဉ်များအရပါ အသေးစိတ် အရေးကြီးအချက်များ ရှိသည်။
ဂမ်ဘီယာနှင့်မြန်မာအမှုတွင် ICJ တ ရားရုံးအတွင်း အဆိုပါအသေးစိတ် အ ရေးကြီးအချက်များနှင့်ငြိစွန်းမှုရှိ၊မရှိကို စိစစ်မည်ဖြစ်သည်။
ထိုအချက်များအပေါ်တွင် စွပ်စွဲချက်၊ ဖြေရှင်းချက် ထုတ်ကြမည်ဖြစ်သည်။
လက်ရှိ ICJ တရားခွင်တွင် နှစ်ဘက် ရှေ့နေများ ပြုနေကြသော စွဲဆိုချက်၊ သက်သေပြချက်၊ငြင်းဆန် ဖြေရှင်းချ က်များမှာ ထိုအသေးစိတ် ဖြစ်စဉ်လမ်း ကြောင်းအတိုင်းသာ ဆက်သွားနေခြင်းဖြစ်သည်။
နိုင်ငံတကာ ဥပဒေကြောင်းအရ၊လက် တွေ့ဖြစ်ရပ် ဖြစ်စဉ်များအရ အသေး စိတ် အရေးကြီးအချက်များ
၁။ Genocideဖြစ်စေရန် လှုံ့ဆော်မှု (Incitement)
ဂျီနိုဆိုက်ဖြစ်ရပ်တခုသည် ရုတ်တရက်ဖြစ်လာခြင်း မဟုတ်ပေ။
ထိုသို့ဖြစ်လာရန် အချိန်ယူပြီးစနစ်တ ကျ ပြင်ဆင်မှု ရှိသည်။
ထိုသို့ပြင်ဆင်မှုများတွင် လူထုကို အ ဆိုပါအုပ်စုအပေါ် အမုန်းပွားစေရန် သို့ မဟုတ် သတ်ဖြတ်ရန် တိုက်ရိုက်ပြော ဆိုခြင်း။
(ဤအချက်တွင် ရေဒီယို၊သတင်းစာ၊ လူမှုကွန်ရက်တို့မှတဆင့်လှုံဆော်မှုများလည်း အကြုံးဝင်သည်။ကိုယ်တိုင် မကျူးလွန်သည့်တိုင်အောင်”ဂျီနိုဆိုက် ဖြစ်စေရန် အားပေးကူညီခြင်း၊ပူး ပေါ င်းကြံစည်ခြင်းသည်လည်း နိုင်ငံတ ကာဥပဒေအရ ပြစ်မှုမြောက်သည်။)
၂။ကျူးလွန်သူသည် နိုင်ငံတော်ဖြစ်စေ၊ လူပုဂ္ဂိုလ်ဖြစ်စေ အရေးယူနိုင်ခြင်း
ICJ (International Court of Justice) တရားရုံးသည်
နိုင်ငံတခုမှ အခြားနိုင်ငံတခုကို ဂျီနိုဆိုက် ကျူးလွန်သူဟု စွပ်စွဲကာ ဖြစ်ပေါ်လာသော နိုင်ငံအချင်းချင်း အငြင်းပွားမှုပုံစံ ကို စစ်ဆေးသည်။
ICC (International Criminal Court) တရားရုံးမှာ ပြစ်မှုကျူးလွန်သူတဦးချင်းစီ(ခေါင်းဆောင်များ၊စစ်ဗိုလ်ချုပ်များ၊နောက်လိုက်များ)ကို ရာဇဝတ်မှုဖြင့် အရေးယူရန် စစ်ဆေးသည်။
၃။Genocide ဖြစ်စဉ်တခု၏ အဆင့် ဆင့် (Stages of Genocide) ပုံသဏ္ဍာန်များ
ပညာရှင် ဂရီဂိုရီ စတင်တန် (Gregory Stanton)က ဂျီနိုဆိုက်တခု ဖြစ်ပေါ်လာပုံကို အဆင့် ၁၀ ဆင့်ဖြင့်ခွဲခြားပြထားသည်။
ထိုအဆင့်များမှာ
(က) ခွဲခြားခြင်း(Classification): “ငါတို့””သူတို့” စသဖြင့် လူမျိုးရေးအရ၊ ဘာသာရေးအရ၊ယဉ်ကျေးမှု အရ ခွဲ ခြားသတ်မှတ်ခြင်း။
ထိုသို့ ခွဲခြားသတ်မှတ်လိုက်သည်နှင့် တပြိုင်နက် ဂျီနိုဆိုက်ဖြစ်သွားသည်တော့မဟုတ်ပေ။
သို့သော် ဂျီနိုဆိုက် ဖြစ်စဉ်ထဲတွင်တော့ ထိုအဆင့်သည် ပါသည်။
(ခ) အမှတ်အသားပြုခြင်း (Symbolization): အုပ်စုတခုအား အဝတ်အစား သို့မဟုတ် အမှတ်အသားတခုခု သတ်မှတ်ပေးခြင်း။
နာဇီခေတ်တွင် ဂျူးတွေကို အဝါရောင်ကြယ်ပွင့် တပ်ခိုင်းခြင်း သကဲ့သို့ ခွဲခြားတံဆိပ်ကပ်ထားခြင်းမျိုးဖြစ်သည်။
ရခိုင်တွင် အစ္စလာမ်ဘာသာကိုးကွယ်သူများအား နာဇီခေတ်ပုံစံ အမှတ်အ သားပေးနေစရာမလိုပေ။နေရင်းထိုင်ရင်း အလိုလိုပင် သညာပြုထားပြီးဖြစ်သည်။
(ဂ) ခွဲခြားဆက်ဆံခြင်း (Discrimination ):အခွင့်အရေးများ ပိ တ်ပင်ခြင်း၊နိုင်ငံသားဖြစ်ခွင့်ငြင်းပယ်ခြင်း။
ရခိုင်ရှိအစ္စလာမ်ဘာသာကိုးကွယ်သူ တော်တော်များများသည် ရခိုင်ရိုးမကို ကျော်ဖြတ်၍ ဗမာပြည်မဘက်ကို လွ တ်လပ်စွာ သွားလာအခြေချခွင့် မရကြပေ။
(ဃ) လူသားအဖြစ်မှလျှော့ချခြင်း(Dehumanization )
ထိုသူများအားလူဟူ၍မမြင်တော့ဘဲ တိရစ္ဆာန် သို့မဟုတ် အစုတ်ပလုပ် သို့ မဟုတ် ပိုးမွှားများ စသည့်ပုံမျိုးဖြင့် ဆ က်ဆံခြင်း၊တင်စားပြောဆိုခြင်းမှာ ရခို င်တွင်ရှိနေခဲ့သည်။
ဤသို့ပြောဆိုမှုသည်(အမုန်းစကားများ စတင်ခြင်း)ပုံစံထဲတွင် အကြုံးဝင်သည်။
(င)စနစ်တကျဖွဲ့စည်းခြင်း
(Organization): လက်နက်ကိုင်အဖွဲ့များ၊အထူးတပ်ဖွဲ့များ ပြင်ဆင်ခြင်း။
နစက တပ်ဖွဲ့များ၊နတလကျေးရွာများစသဖြင့် မြန်မာအစိုးရအဆက်ဆက်တ ည်ဆောက်ထားသည်။
နယ်စပ်ဒေသတည်ငြိမ်ရေးနှင့်လူဝင် လူထွက်များကို စစ်ဆေးရန်ဟူသော ပုံမှန်လုပ်ရိုးလုပ်စဉ်များကို ဆောင်ရွက်ရန်ဟု မည်မျှပင် အကြောင်းပြနေစေကာမူ ထိုအင်စတီကျူရှင်းများ၏လုပ် ရပ်သည် မြေပြင်တွင်တော့ အစ္စလာမ်ဘာသာဝင်များကို ဖိနှိပ်မှုများရှိနေခဲ့သည်။
(စ)သွေးခွဲခြင်း(Polarization): အုပ်စုနှစ်ခုကြား ပိုမိုဝေးကွာအောင် ဝါဒဖြန့်ခြင်း။
လူမျိုးစုဒေသများ၌ အချင်းချင်းမတည့်အောင် ဘာသာရေး၊လူမျိုးရေး၊စီး ပွားရေး၊လူမှုရေး၊နယ်မြေ၊တရားဥပဒေစိုးမိုးရေး၊ဖွံ့ဖြိုးရေးစသဖြင့်အသွင်အ မျိုးမျိုးဖြင့် ခလောက်ဆန်မှုကို မြန်မာစစ်တပ်သည် ကျင့်သုံးတတ်သည်။
(ဆ)ပြင်ဆင်ခြင်း(Preparation): သတ်ဖြတ်ရန် အစီအစဉ်များဆွဲခြင်း၊ လက်နက်တပ်ဆင်ခြင်း။
ARSA အား ချေမုန်းရန်အတွက်ဟု အ ကြောင်းပြကာ ရှိရှိသမျှ အစ္စလာမ်ဘာ သာဝင် သာမန်အရပ်သားပြည်သူများကိုပါသိမ်းကြုံး၍ သတ်ဖြတ်မှုများ သည် ရှိခဲ့သည်။
(ဇ)ညှဥ်းပမ်းနှိပ်စက်ခြင်း (Persecution):အိမ်ပြင်မထွက်ရ ကန့်သတ်ခြင်း၊အကျဉ်းစခန်းများသို့ ပို့ခြင်း။
ARSA အား ချေမုန်းရန်အတွက်ဟု အ ကြောင်းပြကာ ရှိရှိသမျှ အစ္စလာမ်ဘာ သာဝင် သာမန်အရပ်သားပြည်သူများအား လူမဆန်သော နှိပ်စက်မှုများပြု
ခဲ့သည်။
(စျ)မျိုးဖြုတ်သတ်ဖြတ်ခြင်း(
Extermination): အစုလိုက်အပြုံလိုက် စနစ်တကျသတ်ဖြတ်ခြင်း။
အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ မြုပ်ထားသော ကျင်းများ၊ဂြိုလ်တုဓာတ်ပုံမြားတွင်အင်မတန်မှ ထင်ရှားနေသော မီးလောင်ပြကျနေသော ရပ်ရွာ ဓာတ်ပုံများက သက်သေပြနေသည်။
(ည)ငြင်းဆိုခြင်း(Denial): ကျူးလွန်ခဲ့သည့် သက်သေများကို ဖျက်ဆီးခြင်းနှင့်ကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုခြင်း။
ထိုသို့နှိပ်စက်မှုများကို မပြုလုပိခဲ့ပါဟုမျက်နှာပြောင်တိုက် ဘူးခံမှုကို မြန်မာစစ်တပ်နှင့်အစိုးရအဆက်ဆက်သည် ပြုခဲ့သည်။
မြေပြင်၏ သက်ရောက်မှုများက ပြင်း ထန်လာသောအခါ မြန်မာနိုင်ငံနယ်နိ မိတ်ကို ကျော်လွန်ကာ ဘင်္ဂလားဒေရှ့်နိုင်ငံထဲ အစုလိုက်အပြုံလိုက် လူများ ရှောင်ပြေးခဲ့ရသည်။
ဤသို့ဖြင့် ဘင်္ဂလားဒေ့ရှ်ကို ဝန်ထုတ်ဝန်ပိုးဖြစ်လာခဲ့သည်။
ထိုသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လာသောသူများဟု ဆိုနေပါလျှင် ထိုသူ များကို ပြန်လက်ခံပါမည်ဟု မြန်မာက အဘယ်ကြောင်းပြောနေသနည်း။
ထိုသူများသည်စစ်တကောင်းဒေသခံများနှင့်နီးစပ်သော လေယူလေသိမ်းကို ပြောနေစေကာမူ၊အစ္စလာမ်ဘာသာကို ကိုးကွယ်နေစေကာမူ မြန်မာနိုင်ငံ၏ အ ချုပ်အခြာအာဏာအတွင်း တည်ရှိနေသူများ ဖြစ်နေ၍ ပြန်လက်ခံပါမည်ဟုပြောနေရသည်မဟုတ်လော။
ဤဖြစ်ရပ်သည် မြန်မာနိုင်ငံ၏ ပြည် တွင်းရေးပါဟု မည်မျှပင် ပြောနေစေကာမူ ရိုက်ခတ်မှုက မြန်မာနိုင်ငံ နယ်နိ မိတ်ဧရိယာထဲတွင် ဖြစ်နေသည်မဟုတ်ဘဲဘင်္ဂလားဒေ့ရှ်ဆိုသည့်အချုပ်အခြာ အာဏာထဲကိုပါ သက်ရောက်နေခဲ့ပြီးနိုင်ငံတကာအရေးဖြစ်ခဲ့ပြီဖြစ်သည်။
ထိုသို့ နိုင်ငံတကာအရေးထိဖြစ်လာခဲ့၍ နိုင်ငံတကာက”ဖြစ်စဉ်ဖြစ်ရပ်အမှန် ဘာဖြစ်သည်ကို သေချာစေရန်”IIMM ကို ဖွဲ့၍စုံစမ်းမှုကို စတင်ခဲ့သည်။
ထိုစုံစမ်းမှုကို မြန်မာစစ်တပ်နှင့် မြန်မာအစိုးရအဆက်ဆက်သည် လက်မခံခဲ့ပေ။မပူးပေါင်းခဲ့ပေ။
ထိုသို့ လက်မခံမှုအား အကြောင်းပြရာ တွင်လည်း တရားနည်းလမ်းကျသော အကြောင်းပြချက်များကို ပြခဲ့သည်ဟုမတွေ့ရချေ။
မြန်မာစစ်တပ်နှင့်မြန်မာအစိုးရ IIMM နှင့် ပူးပေါင်းရန်ငြင်းဆန်သည့်အကြောင်းပြချက်က “ပြည်တွင်းရေးကိစ္စ၊ကိုယ်ဖာသာကို ဖြေရှင်းမည်” ဟု သာ။
ခက်သည်က မြန်မာနိုင်ငံနယ်နိမိတ်ဧ ရိယာထဲတွင် ဖြစ်နေသည်သာမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်ဆိုသည့် အချုပ်အခြာ အာဏာထဲကိုပါရောက်၍ မြေပြင်တွင် နိုင်ငံတကာအရေးဖြစ်နေပြီ ဖြစ်သည်။
နိုင်ငံတကာဘက်က မြန်မာဘက “ပြည်တွင်းရေးကိစ္စ၊ ကိုယ်ဖာသာကို ဖြေရှင်းမည်” ဟု ဆိုလျှင် မြန်မာဘက်က ကိုယ့်အလုပ်ကိုယ်လုပ်၊မိမိတို့လည်းလုပ်စရာကို ဆက်လုပ်မည်ဟုသော သဘောဖြစ် သည်။
IIMM အစီရင်ခံစာ ထွက်လာသော အ ခါ မြန်မာစစ်တပ်နှင့်မြန်မာအစိုးရ ငြင်း ဆန်ပုံက”အစီရင်ခံစာတွင် မြန်မာဘက်မှအသံများမပါ၊သို့ဖြစ်၍ ဘက်လိုက် သည်၊ မျှတမှုမရှိ”ဟု ဆိုလာပြန်သည်။
မိမိအားပါဝင်ရန် ကမ်းလှမ်းခဲ့သော်လ ည်း မိမိကိုယ်တိုင်က မပူးပေါင်းခဲ့ဘဲအစီရင်ခံစာထွက်လာခါမှ မိမိအသံမပါဟုဆိုနေမှုက မည်သည့်ဥပဒေရှူဒေါင့်၊ တရားမျှတမှုရှူဒေါင့်အရ ကြည့်သည်ဖြစ်စေ အဓိပ္ပါယ်မရှိပေ။
ဤသို့အဓိပ္ပါယ်မရှိသော စည်းချက်များကို အပ်ကြောင်းထပ်အောင် မြည်နေခဲ့သည်။
ခက်သည် အပ်ကြောင်းထပ်ဖန်များ၍ အပ်ကြောင်းများနှင့်ဓာတ်ပြားဟောင်းလည်း ကွဲအက်ကာ အိုမင်းလာခဲ့ပြီဖြစ် သည်။
ထိုအက်ကြားအို ဟာမိုနီများဖြင့် လူထုအား ဂျင်းထည့်ကာ သံယောင်လိုက်နေကြဆဲဖြစ်သည်။လိုက်သည့်သံယောင်က အင်မတန်အရေးကြီးသော ဂျီနိုဆို က် ပုံသဏ္ဍာန်အဆင့် ၁၀ ခုအပေါ် ကျူး လွန်ခဲ့ခြင်းမျိုးမရှိဟူသော ခိုင်မာသော၊ တရားနည်းလမ်းကျသော လမ်းကြော င်းဖြင့် လူထုအား အစီရင်ခံခြင်းမျိုးမဟုတ်၊ ICJ သည်ပင် လူမျိုး နာမည်တပ်ပေးသောကော်မရှင်ယောင် ယော င်ပင် ဂျင်းများက ထည့်လိုက်ကြသေးသည်။
ဂျီနိုဆိုက်ဟူသည် လူသတ်မှုသက်သ က်ထက် ပိုပါသည်။လူ့အဖွဲ့အစည်းတခုအား ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားအောင် လုပ်ဆောင်သော အဆိုးရွားဆုံး ရာဇဝတ်မှု ဖြစ်သည်။
ဆက်ရန်…






