Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး မောင်တောခရိုင် မောင်တောမြို့နယ် သတင်း

မောင်တောနယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်ကို အာရက္ခတပ်တော်ထိုးစစ်ဆင်နေ

Author picture

By

BNA Author
Reading Time: 6 mins read
0
A A
0
SHARES
1
VIEWS
Share on FacebookShare on Twitter
မောင်တောနယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်ကို အာရက္ခတပ်တော်ထိုးစစ်ဆင်နေ
Border News Agency
မောင်တော၊အောက်တိုဘာ ၁။
မောင်တောနယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်ဖြစ်တဲ့ အမှတ် ၅ နယ် ခြားစောင့်ရဲတပ်ရင်းကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုတွေ အပြင်းထန်းဆုံးပြုလုပ်ခုခံနေတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့အဝင်၊မြို့သူကြီးကျေးရွာဟောင်းမှာတည်ရှိတဲ့ နယ်မြေခံစစ်ဆင်ရေးကွပ်ကွဲရေးဌာနချုပ်ဟာ စစ်ကောင်စီတပ်အတွက်မောင်တောခရိုင်မှာ နောက်ဆုံးလက်ကျန်နေရာဖြစ်ပြီး အဲဒီနေရာဟာ အမှတ် ၁၅ စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ်ဖြစ်သလို မောင်တောခရိုင်မှာအခိုင်မာဆုံး၊အင်အားအများဆုံး မဆုတ်တမ်းခံတပ်လည်းဖြစ်တယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီအမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းကို အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်တွေကို ဆက်လက်အရှိ န်မြှင့်သွားမယ်လို့ အာရက္ခတပ်တော်(AA)မှ စက်တင်ဘာလ ၂ ၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်က မောင်တောမြို့ပေါ်နေရာတွေအပါအဝင် မြို့သူ ကြီးတပ်ရင်းအနီးအနားနေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေအပြင်ထန်းဆုံးပြုလုပ်နေသလို လေကြောင်းအသုံးပြုပြီး လက်နက်စားနပ်ရိက္ခါ ဖြည့်တင်းပေးတာတွေလည်းပြုလုပ်ပေးနေတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီမောင်တောနယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်ကို အာရက္ခတပ်တော် (AA)ကလည်း လက်နက်ကြီးတွေ အသုံးပြုထိုးစစ်ဆင်တိုက်ခိုက်နေတာမို့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းထန်းဆုံးပြုလုပ်နေလို့ နေအိမ်အဆောက်အအုံတွေ မီးလောင်ပျက်စီးနေတယ်လို့ မောင်တောဒေ သခံတွေက ဆိုကြပါတယ်။
”ညတုန်းကလည်း ပစ်ခတ်သံတွေကြားနေရပါတယ်။တပ်တော်က လက်နက် ကြီးတွေသုံးပြီးတိုက်ခိုက်နေပါတယ်။ဗမာစစ်တပ်ကတော့ လေယာဥ်နဲ့နေ့တိုင်းလာပစ်နေပါတယ်။မြို့ထဲမှာမီးလောင်းတာတွေကိုတော့ လှမ်းမြင်ရပါ တယ်။လေယာဥ်ကချတာ တခါတခါဆိုရင်မြေတွေတောင်တုန်သွားပါတယ်။”လို့ မောင်တောဒေသခံအမျိုးသမီးတစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီတပ်ရင်းမှာ တ္ထီလာမြို့အခြေစိုက်အမှတ် ၁ တပ်မတော်ဆေးရုံနေ အဘဦးထွန်းကြည်ရဲ့သား၊အသက် ၅၃ နှစ် အရွယ်နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းကဦးဆောင်ကွပ်ကွဲခုခံနေတာဖြစ်ပြီး ကရင်ပြည်၊ဘားအံမြို့အခြေစိုက်၊အမှတ် ၂၂ ခြေ မြန်တပ်မဌာနချုပ်မှတပ်ဖွဲ့ဝင်တွေ၊ဘူးသီးတော င်မြို့အခြေစိုက် အမှတ် ၂၅၃ ခြေလျပ်တပ်ရင်းမှတပ်ဖွဲ့ဝင်တွေ၊နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ၊စစ်သင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင်အင်းအား စုစုပေါင်းတစ်ထောင်ခန့်နဲ့ခုခံနေကြတာဖြစ်ပါတယ်။
အဲဒီနယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်ကို ခြံစည်ရိုးသုံးထပ်ထိအခိုင်အ မာကာရံထားပြီး ခြံစည်ရိုးအပြင်ဖက်မိတာသုံးရာပတ်ပတ်လည်းကိုမြေမြုပ်မိုင်းတွေ အပြည့်ထောင်ထားသလို ခြံစည်ရိုးတွေကြားမှာ ငါးပေကျာ်တူးမြော င်းပစ်ကျင်းတွေကို ကျောက်သားအမာတွေနဲ့အခိုင်အမာတည်ဆောက်ထားတဲ့ မဆုတ်တမ်းခံစစ်ဌာနချုပ်လည်းဖြစ်ပါတယ်။
အဲဒီအပြင် အဲဒီဌာနချုပ်ပတ်ပတ်လည်မှာ မောင်တောခရိုင်တရားရုံး၊မြို့အဝင်တံတားစစ်ဆေးရေးဂိတ်၊မြို့မက ညင်တန်းဝန်ထမ်းအိပ်ရာလို အခိုင်အမာကာကင်းတွေဘအများအပြားတည်ရှိနေသလို တပ်ရင်းဝင်ပေါက် အနောက်ဘက်၊တပ်ရင်းအဆောက်အအုံဟောင်းမှာ သေချာအမိန့်ပေးကွပ်ကွဲနိုင်တဲ့မြေအောက်ခန်းရှိပြီး နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းဟာ အဲဒီနေ ရာမှအမိန့်ပေးကွပ်ကွဲနေတာဖြစ်ပါတယ်။
အဲဒီလိုအခိုင်အမာတည်ဆောက်ထားပြီး အင်အားအများအပြားနဲ့မဆုတ်တမ်းခုံခံနေကြသလို လေကြောင်းပစ်ကူတွေကို အပြင်းထန်ဆုံးပြုလုပ်ပေးနေပြီး ဘာမှအကာအကွယ်မရှိတဲ့လယ်ကွင်းပြင်ကြီးမို့ အာရက္ခတပ်တော် (AA)က အနီး ကပ်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ခက်ခဲနေသလို တပ်ရင်းထဲသို့ဝင်ရောက်သိမ်းပိုက်ဖို့ခက်ခဲနေတာမို့ တိုက်ပွဲတွေပြင်း ထန်နေကာအချိန်ပိုကြာနေတာလို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
”မြို့အဝင်အထွက်ကားလမ်းကလွှဲပြီးတပ်ရင်းထဲသို့ ဘယ်ဖက်ကမှဝင်လို့မရနိုင်ပါဘူး။ခြံစည်ရိုးနားကပ်ဖို့တောင် မိုင်းတွေရာနဲ့ချီပြီးဖော်ရပါမယ်။မိုင်းတွေရှင်းပြီးရင်တောင်ခြံစည်းရိုးကိုဖောက်ပြီးဝင်ဖို့မလွယ်ပါဘူး။ပစ်ကျင်းတူးမြောင်းတွေကလူထက်မြင့်ပါတယ်။ဒရုန်းဗုံးချလို့ဘာမှမဖြစ်အောင် ကျောက်တွေနဲ့အခိုင်အမာတည်ဆောက်ထားတာပါ။သူရိန်ထွန်းကမြေအောက်ခန်းမှာနေတာပါ။သူကဘာမှစိုးရိမ်းမှာမဟုတ်ဘူး။လက်နက်၊ရိက္ခါမကုန်ရင်လက်နက်ချကြမှာမဟုတ်ပါဘူး။”လို့ အဲဒီတပ်ရင်းမှနယ်ခြားစောင့်တပ်ဖွဲ့ဝင်ဟောင်းဖြစ်တဲ့ မောင်တောဒေသခံ တစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲကိုမီးရှို့ဖျက်ဆီးခံလိုက်ရတဲ့မြို့သူကြီးမွတ်ဆလင်ကျေးရွာဟောင်းနေရာ၊မောင်တော -ဘူးသီးတောင်ကားလမ်းဘေး၊မောင်တောမြို့အဝင်တံတားနဲ့မိတာနှစ်ရာခန့်အကွာမှာ ၂၀၁၇ဖြစ်စဥ် နောက်ပို င်း၊မြေဧကအများအပြားပေါ်မှာ ရဟတ်ယာဥ်ကွင်းတွေအပါအဝင်အခိုင်မာဆုံးတည်ဆောက်ထားတာ ဖြစ်ပါတယ်။
အဲဒီနယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် မောင်တော၊ဘူးသီးတောင်၊ရသေ့တောင် မြိုနယ်တွေရှိ နယ်ခြားစောင့်စခန်း၊တပ်ရင်းအားလုံးကိုချုပ်ကိုင်အမိန့်ပေးစေခိုင်းနေခဲ့တဲ့နေရာဖြစ်သလို ဘူးသီးတောင်အခြေစိုက်၊အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊မောင်တောမြို့နယ်၊ကျီးကန်းပြင်ကျေးရွာအခြေ စိုက်၊အမှတ် ၁ နယ်ခြားစောင့်ကွပ်ကဲမှုဌာနချုပ်တွေထက် အင်အားပိုများပြီး ပိုမိုအရေးပါအဓိကကျတဲ့နေရာဖြစ်တယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒါကြောင့် ဘူးသီးတောင်အခြေစိုက်၊အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်မှ စစ်ကောင်စီလက်နက်ကိုင်အင်းအားရာနဲ့ချီအလံဖြူထောင်လက်နက်ချအညံ့ခံခဲ့ကြသလိုမောင်တောမြို့နယ်၊ကျီးကန်းပြင်ကျေးရွာအခြေစိုက်၊အမှတ် ၁ နယ်ခြားစောင့်ကွပ်ကဲမှုဌာနချုပ်ကိုလည်း အာရက္ခတပ်တော်(AA)က တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်ဖြစ်တဲ့ မြို့သူကြီးတပ်ရင်းကို အာရက္ခတပ်တော်(AA)က ခက်ခက်ခဲခဲထိုးစစ်ဆင်တိုက်ခိုက်နေရတာလို့ ဆိုကြပါတယ်။
အဲဒီအမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA)၊ရိုဟင်ဂျာစည်းလုံးညီညွတ် ရေးအဖွဲ့(RSO)၊အာရကန်ရိုဟင်ဂျာတပ်မတော်(ARA)၊စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်အကြမ်းဖက်သမားတွေ ပူးပေါင်းခုခံနေကြသလို စစ်ကောင်စီတပ်ကမတရားဖမ်းဆီးထားတဲ့ပြည်သူတွေလည်းရှိနေကြတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
(ဓာတ်ပုံ-မောင်တောမြို့အဝင်၊မြို့သူကြီးအခြေစိုက်၊အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်/BNA)
May be an image of 3 people and text
All reactions:

376Khaing Hsan Aung, Krahla Aung and 374 others

PrevPreviousသံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ သုံးဦးသေပြီးသုံးဦးဒဏ်ရာပြင်းထန်
Nextတောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်လို့ ငါးဦးသေဆုံးပြီး နှစ်ဆယ့်ငါးဦးဒဏ်ရာရNext
Previous Post

သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ သုံးဦးသေပြီးသုံးဦးဒဏ်ရာပြင်းထန်

Next Post

တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်လို့ ငါးဦးသေဆုံးပြီး နှစ်ဆယ့်ငါးဦးဒဏ်ရာရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

December 7, 2025
ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

December 7, 2025
ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

December 6, 2025
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

December 6, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page