Border News Agency
ရုရှား၊ ဇန်နဝါရီ ၂၃။
ရုရှားနိုင်ငံက မြန်မာပြည်အတွက် လူသားချင်းစာနာမှုအကူအညီအနေနဲ့ ဗီတာမင် A နဲ့ D ပါတဲ့နေကြာဆီ တန်ချိန်နှစ်ရာ့ငါးဆယ်ကျော် လှူဒါန်းလိုက်ပါတယ်။
အဲဒီအလှူကို ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကတဆင့် ပေးအပ်ခဲ့တာဖြစ်တယ်လို့ ရုရှားသံရုံးက ဇန်နဝါရီလ ၂၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီလှူဒါန်းတဲ့ပစ္စည်းတွေ လွှဲပြောင်းပေးဖို့အတွက် ရုရှားသံရုံးကတာဝန်ရှိသူတွေဟာ ရန်ကုန်မှာရှိတဲ့ WFP သိုလှောင်ရုံဆီ ကိုယ်တိုင်သွားရောက်ခဲ့ကြပါတယ်။
အဲဒီမှာ လှူဒါန်းထားတဲ့နေကြာဆီတွေကို အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေဆီရောက်အောင် ဘယ်လိုဖြန့်ဝေမလဲဆိုတာကိုပါ ညှိနှိုင်းခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီနေကြာဆီတွေကို မြန်မာနိုင်ငံရဲ့ဒေသအသီးသီးက အကူအညီလိုအပ်နေတဲ့ပြည်သူတွေဆီကို စနစ်တကျခွဲဝေပေးသွားမယ်လို့ ဆိုပါတယ်။
အဲဒီအပြင် စားနပ်ရိက္ခာအခက်အခဲရှိနေသူတွေနဲ့ အာဟာရလိုအပ်ချက်ရှိသူတွေဆီ အမြန်ဆုံးရောက်အောင် ပို့ဆောင်ပေးမယ့်အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အခုလိုကူညီတာမျိုးတင်မဟုတ်ဘဲ နောင်မှာလည်း ဆက်ပြီးပံ့ပိုးပေးဖို့ အဆင်သင့်ရှိနေတယ်လို့လည်း ဆိုပါတယ်။
အဲဒီနှစ်နိုင်ငံ တိုက်ရိုက်ပူးပေါင်းပြီးကူညီတာမျိုးရော၊ ကုလသမဂ္ဂလို အဖွဲ့အစည်းတွေကတဆင့်ကူညီတာမျိုးရော ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။






