Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး သတင်း အမ်းခရိုင် အမ်းမြို့နယ် အာရက္ခဒေသ

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်ဆေးရုံကို အာရက္ခတပ်တော်ထိန်းချုပ်

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်ဆေးရုံကို အာရက္ခတပ်တော်ထိန်းချုပ်
Border News Agency
အမ်း၊အောက်တိုဘာ ၂၃။
အမ်းမြို့နယ်၊အမ်းမြောက်အုပ်စု၊အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးရှိ အမှတ် ၂ ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံကို အောက်တိုဘာလ ၂၁ ရက်နေ့ကစတ င်ပြီး အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေတာမို့ စစ်ကောင်စီတ ပ်အသုံးပြုလို့မရတော့လို့ နေရာပြောင်းထားရတယ်လို့ စစ်ကောင်စီတပ်အသို င်းအဝိုင်းနဲ့ အမ်းဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအမှတ်၂ ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံအပါအဝင် အမှတ် ၃၇၃ ခြေမြန် တပ်ရင်း၊အမှတ် ၃၇၄ အမြောက်တပ်ရင်း၊အမှတ် ၉၄၆ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊အမှတ် ၃၄၅ စက်လက်နက်ပစွည်းတပ်ခွဲ၊စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(နပခ)၊အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူနေတာလို့ အမ်းဒေသခံတွေက ဆိုကြပါတယ်။
အဲဒါကြောင့် အမှတ်၂ ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံအပါအဝင် အမ်းမြို့ နယ်၊အမ်းမြောက်အုပ်စုရှိ စစ်ကောင်စီတပ်ရင်းအားလုံးကို အာရက္ခတပ်တော်က ထိုးစစ်ဆင်သိမ်းယူနေတာမို့ စစ်ကောင်စီတပ်ကဆုတ်ခွာထွက်ပြေးနေကြရပြီး တပ်မတော်ဆေးရုံကို နေရာပြောင်းဖွင့်ထားရတယ်လို့ စစ်ကောင်စီတပ်အ သိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီအမှတ်၂ ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံအပါအဝင် အမ်းမြို့ရှိကုတင် ၁၀၀ အမ်းပြည်သူ့ဆေးရုံကိုလည်း အမ်းမြို့၊အောက်ရွာရှိ အမှတ် ၂ အခြေခံပ ညာအထက်တန်းကျောင်းမှာ ယာယီဖွင့်ထားပြီး ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆေးကုသပေးနေတယ်လို့ ဆိုကြပါတယ်။
”နပခကျ၊မကျမသိသေးဘူး။ဒါပေမယ့်စစ်ဆေးရုံရော့ပြည်သူ့ဆေးရုံကိုပါပြောင်းဖွင့်ထားရတယ်။ဒဏ်ရာရစစ်သည်တွေများလို့ပြည်သူ့ဆေးရုံက ဆရာဝန်တွေလည်းဝင်ကုပေးနေရတယ်။အမ်းမြောက်အုပ်စုကတပ်အားလုံး ဆုတ်လာရတယ်။”လို့ အမှတ် ၂ ကုတင် ၃၀၀ တပ်မတော်ဆေးရုံမှစစ်ဆရာဝန်တစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီအမှတ်၂ ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံအပါအဝင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နယ်၊အမ်းမြောက်အုပ်စုရှိ စစ်ကောင်စီတပ်စလမ်းအားလုံးကို အာရက္ခတပ်တော်က ထိုးစစ်ဆင်သိမ်းယူနေတာမို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရဟတ်ယာဥ်ကွင်းအပြင် အမ်းမြို့၊လေယာဥ်ကွင်းရပ် ကွက်ရှိ အမ်းလေဆိပ်နဲ့ရဟတ်ယာဥ်ကွင်းကိုလည်း လက်လွှတ်ဆုံးရှူံးလိုက်ရပြီလို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီအမ်းမြို့၊လေယာဥ်ကွင်းရပ်ကွက်ရှိအမှတ် ၁၀ တပ်ထိန်းတပ်ခွဲအပါအဝင်အမ်းလေဆိပ်ရှိ စစ်ကောင်စီတပ် ရဟတ်ယာဥ်ကွင်းတွေကိုလည်း အသုံးပြုလို့မရတော့တာမို့ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တခြားဒေသတွေဆီ ပို့ ဆောင်ကုသခွင့်မရလို့ သေဆုံးတာတွေများနေတယ်လို့လည်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြ ပါတယ်။
အဲဒီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် တိုက်ခိုက်ရေးတပ်တွေအားလုံးအကျအဆုံးများပြီး ဆုတ်ခွာထွက်ပြေးနေကြရတာမို့ အမိန့်ပေးကွပ်ကွဲမှုတွေလည်း ပျက်နေသလိုလက်ရုံတပ်တွေ၊တပ်မတော်ဆေးတပ်ဖွဲ့ဝင်တွေလည်း သေဆုံးဒဏ်ရာရနေကြတယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
”တပ်မတော်ဆေးရုံကိုလက်နက်ကြီးကျကတည်းက ထိခိုက်တာတွေများတ ယ်။ခုလည်းထိခိုက်ဒဏ်ရာရသူတွေ အများကြီးပဲ။ဒီမှာတောင်ဆေးကုလို့မနိုင်ကြတော့ဘူး။တိုက်ပွဲကြားမှာဘယ်သူကိုမှသွားယူဆေးကုလို့မရတော့ဘူး။သွားကယ်ထုတ်သူတွေ၊ဆေးတပ်ဖွဲ့ဝင်တွေလည်းထိခိုက်နေကြတယ်။”လို့ စစ်ကော င်စီတပ်ဖွဲ့ဝင်တွေကို ဆေးကုသပေးနေရတဲ့ အမ်းမြို့ရှိကုတင် ၁၀၀ပြည်သူ့ဆေးရုံမှဆရာဝန်တစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီအမ်းမြို့နယ်၊လုံကောက်အုပ်စုမှာ အမှတ် ၃၇၂ခြေမြန်တပ်ရင်း၊အမှတ် ၈ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း ၊အမှတ် ၉၂၆ ထောက်ပံ့နဲ့ပို့ဆောင်ရေးတပ် ခွဲ၊စျေးရပ်ကွက်မှာ အမှတ် ၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမ်းတောင်အုပ်စုမှာ အမှတ် ၃၇၁ ခြေမြန်တပ်ရင်း၊အမှတ် ၇၅၇ အလုပ်ရုံတပ်ခွဲ(လျှပ်စစ်) တည်ရှိပါတယ်။
အဲဒီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးရှိ အမ်းမြို့နယ်၊အမ်းမြောက်အုပ်စုမှာတည်ရှိတဲ့အမှတ် ၃၇၃ ခြေမြန်တပ်ရင်းကို အာရက္ခတပ်တော်(AA)က အောက် တိုဘာလ ၁၀ ရက်နေ့ကစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး အဲဒီအ မ်းမြောက်အုပ်စုရှိ စစ်ကောင်စီတပ်ရင်းအားလုံးကို အာရက္ခတပ်တော်ကအပြီး သတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာမို့ တိုက်ပွဲတွေပြင်းထန်နေတာလို့ အမ်းဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ မြေပြင်စစ်ကူလာနိုင်မယ့် ကုန်းလမ်းဝင် ပေါက်အားလုံးကို အာရက္ခတပ်တော်က ပိတ်ဆို့ထားသလို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတပ်ရင်းတွေကိုလည်း အာရက္ခတပ်တော်က လက်နက်ကြီးပစ် ခတ်ပြီး မြေပြင်ထိုးစစ်တွေအနီးကပ်ဝင်ရောက်တိုက်ခိုက်နေတာလို့ စစ်ကောင် စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
PrevPreviousအာရက္ခတပ်တော်ရဲ့ ဂွမြို့နယ်သိမ်းတိုက်ပွဲ ကြွေချိုင်ကျေးရွာထိရောက်လာ
Nextစစ်တွေမြို့ ထိုးစစ်ဆင်တိုက်ခိုက်မခံရဖို့ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်နေNext
Previous Post

အာရက္ခတပ်တော်ရဲ့ ဂွမြို့နယ်သိမ်းတိုက်ပွဲ ကြွေချိုင်ကျေးရွာထိရောက်လာ

Next Post

စစ်တွေမြို့ ထိုးစစ်ဆင်တိုက်ခိုက်မခံရဖို့ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အာရက္ခဒေသမှာ လေကြောင်းအန္တရာယ် အထူးသတိပြုဖို့ တော်လှန်ရေးအစိုးရ တိုက်တွန်း

March 13, 2026

အီရတ်မှာ အမေရိကန်ဆီဖြည့်လေယာဉ်တစင်း ပျက်ကျလို့လေယာဉ်အမှုထမ်း ၆ ဦး သေဆုံး

March 13, 2026

မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်တွေအကူအညီတွေ လိုအပ်နေ

March 13, 2026

မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်တွေအကူအညီတွေ လိုအပ်နေ

March 13, 2026

အာရက္ခဒေသမှာ လေကြောင်းအန္တရာယ် အထူးသတိပြုဖို့ တော်လှန်ရေးအစိုးရ တိုက်တွန်း

အီရတ်မှာ အမေရိကန်ဆီဖြည့်လေယာဉ်တစင်း ပျက်ကျလို့လေယာဉ်အမှုထမ်း ၆ ဦး သေဆုံး

မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်တွေအကူအညီတွေ လိုအပ်နေ

မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်တွေအကူအညီတွေ လိုအပ်နေ

အီရန်ရဲ့ဝါးဒတ်မှသည်မိုစတီးဘဒ်သို့ ၃

ရခိုင်ကုန်သည်ကို ငွေပြန်အပ်ခဲ့တဲ့ မီဇိုရမ်သုံးဘီးသမားကို ဝန်ကြီးချုပ် ဆုချီးမြှင့်

Releated Post

အာရက္ခဒေသမှာ လေကြောင်းအန္တရာယ် အထူးသတိပြုဖို့ တော်လှန်ရေးအစိုးရ တိုက်တွန်း

March 13, 2026

အီရတ်မှာ အမေရိကန်ဆီဖြည့်လေယာဉ်တစင်း ပျက်ကျလို့လေယာဉ်အမှုထမ်း ၆ ဦး သေဆုံး

March 13, 2026

မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်တွေအကူအညီတွေ လိုအပ်နေ

March 13, 2026

မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်တွေအကူအညီတွေ လိုအပ်နေ

March 13, 2026

အီရန်ရဲ့ဝါးဒတ်မှသည်မိုစတီးဘဒ်သို့ ၃

March 13, 2026

ရခိုင်ကုန်သည်ကို ငွေပြန်အပ်ခဲ့တဲ့ မီဇိုရမ်သုံးဘီးသမားကို ဝန်ကြီးချုပ် ဆုချီးမြှင့်

March 13, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page