Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် စစ်တွေမြို့နယ် စစ်ရေး သတင်း အာရက္ခဒေသ

စစ်တွေမြို့ ထိုးစစ်ဆင်တိုက်ခိုက်မခံရဖို့ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်နေ

Author picture

By

Saw Shin Nyo
Reading Time: 2 mins read
0
A A
0
SHARES
1
VIEWS
Share on FacebookShare on Twitter
စစ်တွေမြို့ ထိုးစစ်ဆင်တိုက်ခိုက်မခံရဖို့ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်နေ
Border News Agency
စစ်တွေ၊အောက်တိုဘာ ၂၃။
ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်တည်ရှိပြီး ပြည်နယ်စစ်ကောင်စီရုံးစိုက်ထားတဲ့စစ်တွေမြို့ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်တာတွေမပြုလုပ်နိုင်အောင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ စစ်တွေဒေသခံတွေက ဆိုကြပါတယ်။
အဲဒီစစ်တွေမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေက ပေါက်တော၊ပုဏ္ဏားကျွန်း၊ရသေ့တောင် မြို့တွေဆီ လက်နက်ကြီးပစ်ခတ်နေတယ်လို့ အာရက္ခတပ်တော်(AA)က အောက်တိုဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီအပြင် ပင်လယ်ပြင်ရှိ စစ်ကောင်စီရေတပ်စစ်သင်္ဘောကြီးတွေကလည်း လက်နက်ကြီးပစ်ခတ်တာတွေ၊လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေကိုလည်း နေ့စဥ်ပြုလုပ်နေတာမို့ အပြစ်မဲ့အရပ်သားပြည်သူတွေ နေ့စဥ်သေဆုံးဒဏ်ရာရနေကြတယ်လို့ ဆိုပါတယ်။
အဲဒီလိုပြုလုပ်နေတာတွေဟာ အာရက္ခတပ်တော်က အင်အားစုဖွဲ့လှုပ်ရှားတာတွေပြုလုပ်ပြီး စစ်တွေမြို့နယ်ကို လာရောက်တိုက်ခိုက်လို့မရအောင် လက်ဦးမှုယူတိုက်ခိုက်နေတာဖြစ်သလို အရပ်သားပြည်သူတွေနေထိုင်ပြီး အာရက္ခတပ်တော်ကို ထောက်ပံ့ကူညီနေကြတယ်ထင်ပြီး ဖြိုခွဲဖျက်ဆီးနေတာလို့ ရခိုင်စစ်ရေးစောင့်ကြည့်လေ့ လာသူတွေက ဆိုကြပါတယ်။
”စစ်တွေကိုတိုက်မယ်ဆိုရင် အဲဒီသုံးမြို့ကလာရမှာကို သိလို့ကြိုတိုက်နေတာ။အေအေတွေအင်အားစုလို့မရအောင်၊ပြည်သူတွေနေလို့မရအောင်ပေါ့။ဒရုန်းတွေနဲ့ကင်းထောက်တာတွေလည်းကြားနေရတယ်။အရင်လိုလာတိုက်မှာကိုခံစစ်နဲ့ထိုင်စောင့်နေတာမဟုတ်တော့ဘူး။စုဖွဲ့လှုပ်ရှားလို့မရအောင်ကြိုဖျက်ထားတာပေါ့။စစ်တပ်က လည်းဗျူဟာပြောင်းလာတယ်လို့ပြောရမယ်။”လို့ ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာနေသူတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီစစ်တွေမြို့နယ်ပတ်ပတ်လည်းကို စစ်ကောင်စီရေတပ်က ရေတပ်စစ်သည်အင်အားရာနဲ့ချီ အသုံးပြုပြီး စစ်ကောင်ရေတပ်စစ်သင်္ဘော အစင်းရေသုံးဆယ်ကျော်ထိ အသုံးပြုကင်းလှည့်ရေပြင်ခံစစ်ပြုလုပ်ထားတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင်မြို့ပတ်ပတ်လည်ကို ခြံစည်းရိုးတွေကာရံထားပြီး ရေမြုပ်မိုင်းတွေ၊မြေမြုပ်မိုင်းတွေ ထောင်နဲ့ချီထောင်ထားသလို မြို့ပတ်ပတ်လည်မှာ ကတုတ် ကျင်းတွေကို စက်ယန္တယားကြီးတွေနဲ့အခိုင်အမာတည်ဆောင်ခံစစ်ပြင်ဆင်ထားတာလို့ ဆိုကြပါတယ်။
နောက်ပြီးရခိုင်ပြည်နယ်လွှတ်တော်၊နည်းပညာတက္ကသိုလ်၊စစ်တွေတက္ကသိုလ်၊ဗုဒ္ဓပြတိုက်၊ယဥ်ကျေးမှုပြတိုက်၊လောကာနန္ဒာစေတီဝင်းအပါအဝင်ဌာနဆိုင်ရာအဆောက်အအုံအားလုံးနဲ့အထပ်မြင့်နေရာအားလုံးမှာဝင်ရောက်တပ်စွဲခုခံစစ် ဆင်ပြင်ထားတယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီစစ်တွေမြို့နယ်ပတ်ပတ်လည်နေရာတွေမှာ ဘန်ကာတွေ၊ပစ်ကျင်းတွေအ ပါအဝင် ခံစစ်အခိုင်အမာပြုလုပ်ထားပြီး လက်နက်ကြီးအထိုင်တွေနေရာအ များစုမှာ တပ်ဖြန့်ခံစစ်ပြင်ဆင်ထားတယ်လို့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။
”ပွိုင့်ကနေစပြီးမြို့ပတ်ပတ်လည်မှာခံစ စ်အခိုင်အမာပြင်ထားတယ်။လက်နက် ကြီးတွေထိုင်ထားတယ်။ရေပြင်၊မြေပြင်ကင်းလှည့်ပြီးအင်အားအများအပြားဖြည့်ထားတယ်။အေအေလာမယ့်နေရာအားလုံးကို လက်နက်ကြီးပစ်ဖို့ အဆင်သင့်ပြင်ထားတယ်။စစ်တွေကိုဝင်ဖို့မလွယ်တော့ဘူး။မဆုတ်တမ်းခံစစ်အခိုင်အမာတည်ဆောက်ထား ပြီ”လို့ စစ်တွေမြို့နယ်ရှိ အမှတ် ၈၆၈ တပ်ထိန်းတပ်ခွဲမှစစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီပြည်နယ်မြို့တော်မှာစစ်တွေအခြေစိုက်၊ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်၊အမှတ် ၂၀ ခြေလျင်တပ်ရင်း၊အမှတ် ၂၃၂ ခြေလျင်တပ်ရင်း၊အမှတ် ၂၇၀ခြေလျင်တပ်ရင်း၊အမှတ် ၃၄၄ ခြေမြန်တပ်ရင်း၊အမှတ် ၃၅၄ ခြေမြန်တပ်ရင်း၊အမှတ် ၃၇၃ အမြောက်တပ်ရင်းတည်ရှိပါတယ်။
အဲဒီအပြင် အမှတ် ၉၀၈ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊အမှတ် ၈၁၈ ဆက်သွယ်ရေးတပ်ရင်း၊အမှတ် ၈၂၈ ထောက်ပို့နဲ့ပို့ဆောင်ရေးတပ်ရင်း၊အမှတ် ၈ စစ်မြေပြင်ဆေးတပ်ရင်း၊အမှတ် ၉ လျှပ်စစ်နဲ့စက်မှုအင်ဂျင်နီယာတ ပ် ရင်း၊အမှတ် ၈ တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၊အမှတ် ၈၆၈ တပ်ထိန်းတပ်ခွဲ၊အမှတ် ၄ ဆက်သွယ်ရေးအလုပ်ရုံ၊အမှတ် ၉၆၂ ဆောက်လုပ်ရေးအင် ဂျင်နီယာတပ်ခွဲ၊အမှတ် ၄၃၄ စစ်လက်နက်တပ်ခွဲ၊အမှတ် ၁၀ ပညာရေးကျောင်းတည်ရှိပါတယ်။
နောက်ပြီး အမှတ် ၁၇ တပ်မတော်ကုတင် ၁၀၀ ဆေးရုံ၊အမှတ် ၂ စစ်ဖက်ရေး ရာလုံခြုံရေးတပ်စု၊အမှတ် ၁၂ ရဲတပ်ရင်း၊အမှတ် ၃၆ ရဲတပ်ရင်းတည်ရှိသလို ရေတပ်အခြေစိုက်စခန်းလည်း တည်ရှိပါတယ်။
အဲဒီစစ်တွေမြို့၊ပွိုင့်ကမ်းခြေအနီးရှိ အမှတ် ၃ ဗျူဟာစစ်ရေယာဉ်စုကို အနော က်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်အဖြစ်တိုးမြင့်လိုက်သလို ဗိုလ်ချုပ်အဆင့်အ ရာရှိတစ်ဦးက ဦးဆောင်ကွပ်ကွဲနေပြီး အရာရှိအင်အားသုံးဆယ်၊ရေတပ် စစ်သ ည်အင်အားတစ်ရာ့ငါးဆယ်ဦးရှိနေတယ်လို့ Border News Agency က စုံစမ်းသိရှိရပါတယ်။
အဲဒီအမှတ် ၃ ဗျူဟာစစ်ရေယာဉ်စုကို စစ်တွေမြို့နယ်၊ရွှေမင်းဂံသို့ပြောင်းရွေ့တိုးဖွင့်လိုက်ပြီး စစ်ကောင်စီရဲ့ ရေတပ်စစ်သည်အင်အားနှစ်ရာကျော်ကစစ်ရေယာဥ်ကြီးငယ်ဆယ့်ရှစ်စင်းနဲ့ရိက္ခာထောက်ပို့မှုတွေ၊စစ်သည်အင်အားသယ်ယူပို့ ဆောင်မှုတွေ၊စစ်ကူ၊ပစ်ကူပေးမှုတွေကို အဓိကပြုလုပ်နေတယ်လို့ စစ်ကောင် စီရေတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
(ဓာတ်ပုံ-စစ်တွေမြို့ရှေ့ ကုလားတန်မြစ်ထဲမှာတွေ့ရတဲ့စစ်ကောင်စီရေတပ်စစ်သင်္ဘောတစ်စင်း/BNA)
PrevPreviousအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်ဆေးရုံကို အာရက္ခတပ်တော်ထိန်းချုပ်
Nextမြန်မာ-ဘင်္ဂလားဒေ့ရှ် ရေလမ်းကြောင်းမှ ကုန်သွယ်ရေး ပြုလုပ်နေNext
Previous Post

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်ဆေးရုံကို အာရက္ခတပ်တော်ထိန်းချုပ်

Next Post

မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေလမ်းကြောင်းမှ ကုန်သွယ်ရေး ပြုလုပ်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဒက်စတိုပီယန်းဘဝတွေ – ၁၀

September 11, 2026

သက္ကမလူငယ်စစ်မှုထမ်းအသက်မပြည့်သေးသူတွေကို ပြန်လွတ်ပေးဖို့ မိဘတွေတောင်းဆို

September 11, 2026
ဓာတ်ပုံ - APM

ကျိန္တလီကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

September 11, 2026
ဓာတ်ပုံ - ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း

ကျောက်ဆိပ်ရွာကို အာဏာသိမ်းစစ်တပ်ဒရုန်းနဲ့တိုက်ခိုက်လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးသေဆုံး

September 11, 2026

သက္ကမလူငယ်စစ်မှုထမ်းအသက်မပြည့်သေးသူတွေကို ပြန်လွတ်ပေးဖို့ မိဘတွေတောင်းဆို

ကျိန္တလီကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

ကျောက်ဆိပ်ရွာကို အာဏာသိမ်းစစ်တပ်ဒရုန်းနဲ့တိုက်ခိုက်လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးသေဆုံး

လောင်းလုံးကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရလို့ ဗိုလ်မှူးကြီးတဦးသေဆုံး

စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယား ခေတ္တ နိုင်ငံတော်အကြီးအကဲ တွေ့

အယုဒ္ဓယဘုန်းကြီးဟောင်းဆီမှ ဘတ်သန်း ၂၀၀ ကျော်တန်ဖိုးရှိပစ္စည်းတွေ သိမ်းဆည်း

Releated Post

သက္ကမလူငယ်စစ်မှုထမ်းအသက်မပြည့်သေးသူတွေကို ပြန်လွတ်ပေးဖို့ မိဘတွေတောင်းဆို

September 11, 2026
ဓာတ်ပုံ - APM

ကျိန္တလီကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

September 11, 2026
ဓာတ်ပုံ - ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း

ကျောက်ဆိပ်ရွာကို အာဏာသိမ်းစစ်တပ်ဒရုန်းနဲ့တိုက်ခိုက်လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးသေဆုံး

September 11, 2026
ဓာတ်ပုံ - SBF

လောင်းလုံးကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရလို့ ဗိုလ်မှူးကြီးတဦးသေဆုံး

September 11, 2026

စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယား ခေတ္တ နိုင်ငံတော်အကြီးအကဲ တွေ့

September 11, 2026
ဓာတ်ပုံ - ထိုင်းသတင်းတွေ

အယုဒ္ဓယဘုန်းကြီးဟောင်းဆီမှ ဘတ်သန်း ၂၀၀ ကျော်တန်ဖိုးရှိပစ္စည်းတွေ သိမ်းဆည်း

September 11, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page