Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စီးပွားရေး မောင်တောခရိုင် သတင်း အာရက္ခဒေသ

မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေလမ်းကြောင်းမှ ကုန်သွယ်ရေး ပြုလုပ်နေ

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter
မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေလမ်းကြောင်းမှ ကုန်သွယ်ရေး ပြုလုပ်နေ
Border News Agency
ရန်ကုန်၊အောက်တိုဘာ ၂၄။
အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ကတည်းက ရပ်တန့်နေတဲ့ဘင်္ဂလားဒေ့ရှ်နယ် စပ်ကုန်သွယ်ရေးဟာ ရေလမ်းကြောင်းကိုအသုံးပြုပြီး ရန်ကုန်-တက္ကနာက်ဖ်တိုက်ရိုက်ကုန်သွယ်မှု ပြုလုပ်လာတာကို တွေ့ရပါတယ်။
အဲဒီဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးကို မောင်တောနယ်စပ်ကုန်းသွယ်ရေးနဲ့စစ်တွေနယ်စပ်ကုန်သွယ်ရေးတွေကသာ ပြုလုပ်ကုန်သွယ်ခဲ့ကြတာဖြစ်ပါတ ယ်။
ဒါပေမယ့် ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော -အငူမော်ကားလ မ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို အာရက္ခတပ်တော် (AA)မှတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် နယ်စပ်ကုန်သွယ်သွယ်ရေးအတွက် ပို့ကုန်အဝင်အားလုံးနီးပါးရပ်တန့်သွားခဲ့ပါတယ်။
အဲဒီလိုရပ်တန့်နေခဲ့ပေမယ့် ၂၀၂၄ ခုနှစ်၊နှစ်ဆန်းပိုင်းကစတင်ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးကို ပင်လယ်ရေကြောင်းအသုံးပြုပြီး တိုက်ရိုက်ကုန်သွယ် ရေးပြုလုပ်လာတာဖြစ်ပါတယ်။
အဲဒီရန်ကုန်-တက္ကနာက်ဖ်ရေကြောင်းတိုက်ရိုက်ကုန်သွယ်မှုကို သစ်မှောင်ခိုရာဇာလို့နာမေကြီးတဲ့ ရခိုင်လူမျိုးခရိုနီကြီးဦးကျောက်တောင်က ဦးဆောင်ပြုလုပ်နေတာဖြစ်ပါတယ်။
အဲဒီလိုရန်ကုန်-တက္ကနာက်ဖ်ရေကြောင်းတိုက်ရိုက်ကုန်သွယ်မှုကို ဒီနှစ်မှာငါးကြိ မ်ထိပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က ခရိုနီဦးကျောက်တောင်ပိုင် ထိပ်ထားသခင်ကုန်တင်ပင်လယ်ကူးသင်္ဘောဟာ မြန်မာနိုင်ငံ၊ရန်ကုန်မြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဖလောင်းချိတ်ခရိုင်တက္ကနာက်ဖ်မြို့ဆိပ်ကမ်းသို့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
အဲဒီလိုရန်ကုန်-တက္ကနာက်ဖ်ရေကြောင်းတိုက်ရိုက်ကုန်သွယ်မှုကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်စေခိုင်းသဘောတူချက်နဲ့ပြုလုပ်နေတာဖြစ်ပြီး ဒီလိုကုန်သွယ်မှုဟာ အာဏာသိမ်းစစ်တပ်အတွက် သစ်မှောင်ခိုရာဇာခရိုနီမှနိုင်ငံခြားဝင်ငွေအမေရိကန်ဒေါ်လာတွေရှာပေးနေတာလို့ ကုန်သည်ကြီးတွေနဲ့ ရခိုင်အရေးစောင့်ကြည့်လေ့လာနေသူတွေက ဆိုကြပါတယ်။
”ရခိုင်မှာတိုက်ပွဲတွေစတဲ့နေ့ကနေဒီနေ့ထိစစ်တပ်ကကုန်စည်စီးဆင်းမှုအားလုံးကိုပိတ်ဆို့ထားတာလေ။စစ်တွေကလည်းမတင်ပို့နိုင်တော့ဘူး။မောင်တောကိုလည်းအေအေကသိမ်းထားပြီး။ဒီကြားထဲမှာစစ်တပ်အတွက်ခေါင်းခံပြီး ဒေါ် လာရှာပေးနေတာပေါ့။မင်းအောင်လှိုင်ခွင့်မပြုရင်ဦးကျောက်တောင်လည်းလုပ်ရဲမှာမဟုတ်ဘူး။အပြန်အလှန်အကျိုးပြုနေကြတာ။”လို့ ရခိုင်အရေးစောင့်ကြည့်လေ့လာနေသူတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးဟာ ပို့ကုန်အများဆုံးဖြစ်သလို နိုင်ငံ ခြားဝင်ငွေအမေရိကန်ဒေါ်လာရတဲ့ တခုတည်းသောနယ်စပ်ကုန်သွယ်ရေးဖြစ်တယ်လို့ နယ်စပ်ကုန်သွယ်ကြီးတွေက ဆိုကြပါတယ်။
အဲဒါကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကုန်သည်တွေရဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရပိုင်ဆိုနာလီဘဏ်က Bank Draft တွေကို အရေးယူပိတ်ဆို့တာတွေပြုလုပ်ခဲ့ပါသေးတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်တဲ့နေ့ကစတင်ပြီး စစ်ကောင်စီတပ်က အာရက္ခဒေသတခုလုံးရှိ ကုန်းလမ်း၊ရေလမ်းအားလုံးကို တားဆီးကန့်သတ်ပိတ်ဆို့ထားသလို အာရက္ခဒေသသို့ ကုန်စည်စီးဆင်းမှုအားလုံးကိုလည်း တားမြစ်ပိတ် ဆို့ထားတာဖြစ်ပါတယ်။
အဲဒီအပြင် အာရက္ခပြည်သူလူထုတရပ်လုံးကိုလည်း ခရီးသွားလာခွင့်တွေတား မြစ်ကန့်သတ်ထားသလို အာရက္ခ ပြည်သူလူထုတရပ်လုံး အငတ်ဘေး၊ရောဂါဘေးတွေကျရောက်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကော င်စီ အတွက် နိုင်ငံခြားဝင်ငွေတွေရှာပေးနေတဲ့ သစ်မှောင်ခိုရာဇာခရိုနီဦးကျော က်တောင်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အရေးယူဒဏ်ခန့်သင့်တယ်လို့ ကုန်သည်ကြီးတွေနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
”တပ်တော်က သဘောမတူရင် တက္ကနာက်ဖ်ဆိပ်ကမ်းသို့ဝင်ဖို့မလွယ်ပါဘူး။နတ်မြစ်ထဲဝင်ရင် မောင်တောနားကကပ်ပြီးသွားရတာပါ။ဦးကျောက်တောင်ကိုအခွန်ဆောင်ခိုင်းရင်တခြားကုန်သည်အားလုံးလည်းအခွန်ဆောင်ကြမှာပါပဲ။တ ပ်တော်ကအရေးမယူရင်ဆက်ပြီးလုပ်စားနေမှာပါ။ကုန်တင်သင်္ဘောကိုတောင်တပ်တော်က ဖမ်းထားလို့ရပါတယ်။”လို့ ကုန်သည်ကြီးတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီသစ်မှောင်ခိုရာဇာခရိုနီဦးကျောက်တောင်ဟာ အာဏာသိမ်းစစ်ခေါင်း ဆော င်မင်းအောင်လှိုင်နဲ့ရင်းနှီးသလို စစ်တပ်အသိုင်းအဝိုင်းကို အသုံးချပြီးအာအာပါ ဝါပြကာ တရားမဝင်သစ်ခိုးထုတ်တာတွေ၊ပြည်ပနိုင်ငံတွေကို မတရားမဝင်တင်ပို့တာတွေအပြင် မတရားမဝင်ကုန်သွယ်မှုလုပ်ငန်ပေါင်းစုံပြုလုပ်ပြီး အာဏာ သိမ်းစစ်တပ်ကို အားပေးကူညီထောက်ပံ့နေသူမို့ နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူပိတ်ဆို့တာတွေ၊ပြည်ဝင်ခွင့်ပိတ်တာတွေထိ ပြုလုပ်ပေးကြဖို့ အာရက္ခပြည်သူတွေ တောင်းဆိုနေကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခပြည်သူတွေဟာ အခြေခံစားသောက် ကုန်တွေ၊အခြေခံဆေးဝါးတွေ၊အခြေခံလူသုံးကုန်တွေထိ ရှားပါးဒုက္ခရောက်နေကြချိန်မှာ သစ်မှောင်ခိုရာဇာခရိုနီဦးကျောက်တောင်နဲ့အပေါင်းအပါတွေဟာ အာရက္ခပြည်သူလူထုကို အကြမ်းသတ်ဖြတ်နေကြတဲ့စစ်ကောင်စီအတွက်အားဖြည့်လောင်စာတွေ ပံ့ပို့ပေးနေကြတာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီလိုပြုလုပ်ပေးနေကြတာဟာ အာရက္ခပြည်သူလူထုကို အာဏာသိမ်းစစ် တပ်နဲ့အတူ အကြမ်းဖက်သတ်ဖြတ် နေကြတာဖြစ်ပြီး အပြစ်မဲ့အရပ်သားပြည်သူတွေမတရားသတ်ဖြတ်ခံနေကြရချိန်မှာ ပြည်သူလူထုအသက်၊ဘဝတွေကိုရင်းပြီး ကိုယ်ကျိုးစီးပွားရှာနေကြတာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီဘင်္ဂလားဒေ့ရှ်နိုင်ငံ၊တက္ကနာက်ဖ်ဆိပ်ကမ်းတဘက်ကမ်းရှိ ကညင်ချောင်းစီးပွားရေးဇုန်အပါအဝင် နတ်မြစ်တလျှောက်မှအငူမော်ဆိပ်ကမ်း ဘင်္ဂလားပင် လယ်အော်ကမ်းခြေတလျှောက်ကို အာရက္ခတပ်တော်(AA)က အပြီးသတ်တို က်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။
(ဓာတ်ပုံ-သစ်မှောင်ခိုရာဇာခရိုနီဦးကျောက်တောင်ပိုင် ထိပ်ထားသခင်ကုန်တင်သင်္ဘောကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊တက္ကနက်ဖ်ဆိပ်ကမ်းမှာ အောက်တိုဘာလ ၂၁ ရက်နေ့ ကတွေ့ရပုံ/ ဦးကျောက်တောင်)
PrevPreviousစစ်တွေမြို့ ထိုးစစ်ဆင်တိုက်ခိုက်မခံရဖို့ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်နေ
Nextအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးရှိ အမြောက်တပ်ကို အာရက္ခတပ်တော်ထိုးစစ်ဆင်နေNext
Previous Post

စစ်တွေမြို့ ထိုးစစ်ဆင်တိုက်ခိုက်မခံရဖို့ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်နေ

Next Post

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးရှိ အမြောက်တပ်ကို အာရက္ခတပ်တော်ထိုးစစ်ဆင်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ဒီပဲယင်းမြို့နယ်မှာ ရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှားမှုပြုလုပ်

December 12, 2025

ကျန်းမာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာရပ်ဖို့ WHO ပြော

December 12, 2025

မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်မှုကို နိုင်ငံတကာကအရေးယူပေးဖို့ ရက္ခိုင်အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်တောင်းဆို

December 12, 2025
ဓာတ်ပုံ-မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့

မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်သင်တန်းဆင်းပွဲ

December 12, 2025

ဒီပဲယင်းမြို့နယ်မှာ ရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှားမှုပြုလုပ်

ကျန်းမာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာရပ်ဖို့ WHO ပြော

မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်မှုကို နိုင်ငံတကာကအရေးယူပေးဖို့ ရက္ခိုင်အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်တောင်းဆို

မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်သင်တန်းဆင်းပွဲ

စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး PDF Zoland ဆီအလင်းဝင်

ကျောက်ဖြူကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ရှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ဒီပဲယင်းမြို့နယ်မှာ ရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှားမှုပြုလုပ်

December 12, 2025

ကျန်းမာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာရပ်ဖို့ WHO ပြော

December 12, 2025

မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်မှုကို နိုင်ငံတကာကအရေးယူပေးဖို့ ရက္ခိုင်အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်တောင်းဆို

December 12, 2025
ဓာတ်ပုံ-မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့

မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်သင်တန်းဆင်းပွဲ

December 12, 2025
ဓာတ်ပုံ - PDF Zoland

စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး PDF Zoland ဆီအလင်းဝင်

December 12, 2025

ကျောက်ဖြူကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ရှစ်ဦးသေဆုံး

December 12, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page