BNA

မောင်တောမြို့နယ်

မောင်တောခရိုင်မှာ ကုန်တင်ကားတွေကို အလှည့်ကျစနစ်ပြုလုပ်ပေးဖို့တောင်းဆို

Border News Agencyမောင်တော၊ ဇန်နဝါရီ ၁၈။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောခရိုင်မှာ ကုန်တင်ကားတွေကို အလှည့်ကျစနစ်ပြုလုပ်ပေးဖို့ ကုန်တင်ကားပိုင်ရှင်တွေ တောင်းဆိုနေကြပါတယ်။ အဲဒီမောင်တောခရိုင်ဟာ နယ်စပ်​ဒေသဖြစ်တာမို့ ကုန်စည်စီးဆင်းမှုတွေ အတိုင်းအတာတခုထိရှိနေပြီး ကုန်တင်ကားတချို့သာ တင်ဆောင်နေကြရတယ်လို့ ကုန်တင်ကားပိုင်ရှင်တွေဆိုကြပါတယ်။ အဲဒါကြောင့် ကုန်တင်ကားအားလုံး...

Read more

နှစ်နိုင်ငံနယ်စပ်အရေးဘင်္ဂလားဒေ့ရှ် အစိုးရနဲ့အာရက္ခအစိုးရတွေ့

Border News Agencyမောင်တော၊ ဇန်နဝါရီ ၁၃။ အာရက္ခ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်လုံခြုံရေးအတွက် ဇန်နဝါရီလ ၁၃ ရက်၊ဒီနေ့၊နှစ်နိုင်ငံနယ်စပ်၊တက္ကနာ့ဖ်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အာရက္ခအစိုးရတွေ့ ဆုံဆွေး နွေးခဲ့ကြတယ်လို့ နှစ်နိုင်ငံသတင်းရင်းမြစ်တွေကအတည်ပြုပြောကြပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာဘင်္ဂလားဒေ့ရှ်အစိုးရဘက်မှနယ်ခြားစောင့်တပ်အရာ ရှိအဆင့်တွေတက်ရောက်ခဲ့ကြသလိုအာရက္ခအစိုးရမှလည်းအာရက္ခတပ်တော်အရာရှိတွေ၊တာဝန်ရှိသူတွေတက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုကြပါတယ်။ အဲဒီအာရက္ခ-ဘင်္ဂလားနယ်စပ်မှာနယ်စ ပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေကျူး လွန်နေကြတဲ့ ရိုဟင်ဂျာအမည်ခံလက်...

Read more

မောင်တောမှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦး ခြေထောက်ပြတ်ထွက်

Border News Agencyမောင်တော၊ ဇန်နဝါရီ ၁၂။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်၊ တောင်ဘဇာရွာမှာ ဇန်နဝါရီလ ၁၀ ရက်နေ့က မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦး ခြေတဖက်ပြတ်ထွက်သွားခဲ့ပါတယ်။ အဲဒီဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာရွာမှ အသက်သုံးဆယ်အရွယ် ကိုမောင်မောင်စိုးမှာ...

Read more

အာရက္ခတပ်တော်တိုက်ခိုက်လို့အကြမ်းဖက်သမားတွေသေဆုံး

Border News Agencyမောင်တော၊ ဇန်နဝါရီ ၁၁။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့အာရက္ခ-ဘင်္ဂလားနယ်စပ်မှာနယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေကျူးလွန်နေကြတဲ့အကြမ်းဖက်သမားတွေကို အာရက္ခတပ်တော်ကတိုက်ခိုက်ရှင်းလင်းနေပါတယ်။ အဲဒီအကြမ်းဖက်နှိမ်နင်းရေးကြောင့်ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေသေဆုံးသူတွေများပြားတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ဆိုကြပါတယ်။ အဲဒီလိုသေဆုံးဒဏ်ရာရသူတွေများတာမို့ အကြမ်းဖက်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့အုပ်စုလိုက်ထွက်ပြေးနေကြပါတယ်။ အဲဒီအကြမ်းဖက်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာခြေကုပ်ယူနေထိုင်ကြပြီးနယ်စပိဖြတ်ကျော်အကြမ်းဖက်မှုတွေကျူးလွန်နေကြတာဖြစ်ပါတယ်။ အဲဒီအကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရကဖမ်းဆီးအရေးယူတာတွေမပြုလုပ်ကြတာမို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဝေဖန်ပြောဆိုနေကြပါတယ်။ အဲဒီရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှနယ်စပ်ဖြတ်ကျော်ပြီးအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေငါးနေရာခန့်ကို...

Read more

အာရက္ခဒေသက ဖရဲစိုက်တောင်သူတွေ ရောင်းချမယ့်စျေးကွက်လိုအပ်နေ

Border News Agencyမောင်တော၊ ဇန်နဝါရီ ၁၁။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေရှိ ဖရဲစိုက်တောင်သူတွေဟာ လမ်းပိတ်ဆို့မှုနဲ့ ကုန်သွယ်ရေးရပ်တန့်မှုတွေကြောင့် ထွက်ရှိလာတဲ့သီးနှံတွေကို ရောင်းချဖို့ဈေးကွက်လိုအပ်နေကြတယ်လို့ တောင်သူတွေကဆိုကြပါတယ်။ အဲဒီဖရဲစိုက်တောင်သူတွေဟာ ဒေသတွင်းဝယ်လိုအားကျဆင်းနေတာကြောင့် ထွက်လာတဲ့ဖရဲသီးတွေဟာ ထိုက်တန်တဲ့ဈေးနှုန်းမရပဲ ဈေးနှိမ်ခံနေရတယ်လို့ ဖရဲစိုက်တောင်သူတွေကဆိုကြပါတယ်။ ​"ဖရဲသီးအကြီးတလုံးကို လေးထောင်ပဲရပါတယ်။...

Read more

“ကျနော်တို့မှာစျေးကွက်မရှိပါ။ ကျနော်တို့ဒါကိုဘယ်လိုရောင်းရမလဲ။ ဖရဲသီးစျေးကွက်ရှိရင် ကျနော်တို့သုံးထောင်နဲ့လဲရောင်းနိုင်ပါတယ်…။”

အင်တာဗျူးBorder News Agencyမောင်တော၊ ဇန်နဝါရီ ၁၀။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေရှိ ဖရဲစိုက်တောင်သူတွေဟာသီးနှံအထွက်ကောင်းပေမယ့် လမ်းပိတ်ဆို့မှုတွေ၊ ကုန်သွယ်ရေးရပ်တန့်တာတွေကြောင့် ဈေးကွက်ပျောက်ဆုံးကာအခက်ကြုံနေကြရပါတယ်။ မောင်တောမြို့နယ်မှ ဖရဲစိုက်တောင်သူတဦးကို Border News Agency က မေးမြန်းထားပါတယ်။ "ဖရဲသီးဒီလောက်အကြီးတလုံးကိုမှလေးထောင်ဘဲရပါတယ်။ကျနော်တို့စိုက်ခင်းရှင်တွေဘယ်လိုစီးပွါးရေးလုပ်စားလို့ရမှာလဲ။ကျနော်တို့ဆိုရင် ဒီလိုအသီးတလုံးကိုတသောင်းကျော်လောက်မှန်းထားပါတယ်။ဒါပေမယ့်ကျနော်တို့စျေးနှုန်းကဘာမှတန်ဖိုးမရှိပါ။ဒါပေမယ့်လည်း ကျနော်ကားတစီးဌားရင်ငါးသိန်း၊ခြောက်သိန်းပေးရပါတယ်။...

Read more

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကြားနာပွဲ ၁၂ ရက်နေ့စတင်မယ်

Border News Agencyမောင်တော၊ ဇန်နဝါရီ ၁၀။ မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးစစ်ဆင်မှုတွေကြောင့်သတ်ဖြတ်ခံခဲ့ကြရတဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကြားနာပွဲကို လာမယ့် ၁၂ ရက်နေ့စတင်ပါမယ်။ အဲဒီကြားနာပွဲမှာ ရိုဟင်ဂျာတွေအပေါ်မြန်မာစစ်တပ်ကလူမျိုးတုံးသတ်ဖြတ်ခဲ့မှုနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့အမှုကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ကလာမယ့် ဇန်နဝါရီလ...

Read more

​မောင်တောခရိုင်မှာအအေးလှိုင်းကြောင့်ဒေသခံတွေ အအေးဒဏ်ပြင်းထန်စွာခံစားနေကြရ

Border News Agency​မောင်တော၊ဇန်နဝါရီ ၇။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောခရိုင်၊ မောင်တော၊ ဘူးသီးတောင်မှာ အအေးလှိုင်းဖြတ်နေတာမို့ အအေးဒဏ်ကို အလူးအလဲခံစားနေကြရတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီ​မောင်တောခရိုင်မှာ အအေးပိုများလာနေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ "ပြီးခဲ့တဲ့လနောက်ပိုင်းကစပြီး အရမ်းအေးလာတာ။ဒီဇင်ဘာ ၃၀ ရက်နေ့ကဆိုရင် မွန်းတည့်...

Read more

မောင်တောမြို့နယ်ပေါ်မှာအအေးဓာတ်များနေ

Border News Agencyမောင်တော၊ ဇန်နဝါရီ ၆။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မှာ အအေးဓာတ်များနေတာမို့ အနွေးထည်ထူထူတွေဝတ်ထားကြရတယ်လို့ မောင်တောမြို့ခံတွေက ဆိုကြပါတယ်။ အဲဒီလိုအအေးဓာတ်များနေတာဟာ ဒီဇင်ဘာလ ၂၉ ရက်နေ့မှ ဇန်နဝါရီလ ၆ ရက်နေ့ထိကြာနေပြီးလာမယ့်ရက်တွေထိဆက်အေးနိုင်တယ်လို့ ဆိုကြပါတယ်။ အဲဒါကြောင့်မောင်တောမြို့နယ်ရှိစစ်ဘေးရှောင်တွေအတွက်...

Read more

ကလေးတဦးနဲ့ အမျိုးသမီးနှစ်ဦးကို ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေ ဖမ်းဆီးထား

Border News Agencyမောင်တော၊ ဇန်နဝါရီ ၅။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မောင်တောမြို့၊ ဝိမလာရပ်ကွက်မှ ကလေးတဦးနဲ့အမျိုးသမီးနှစ်ဦးကို ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ ဖမ်းဆီးထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆေးကုသမှုခံယူဖို့သွားတဲ့ အရပ်သားရှစ်ဦးဟာ မောင်တော - ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ ဇန်နဝါရီလ ၄ ရက်နေ့က...

Read more
Page 1 of 16 1 2 16

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here