Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး သတင်း အမ်းခရိုင် အမ်းမြို့နယ် အာရက္ခဒေသ

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးရှိ အမြောက်တပ်ကို အာရက္ခတပ်တော်ထိုးစစ်ဆင်နေ

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
3
VIEWS
Share on FacebookShare on Twitter
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးရှိ အမြောက်တပ်ကို အာရက္ခတပ်တော်ထိုးစစ်ဆင်နေ
Border News Agency
အမ်း၊အောက်တိုဘာ ၂၄။
အမ်းမြို့နယ်၊အမ်းမြောက်အုပ်စု၊အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးရှိ အမှတ် ၃၇၄ အမြောက်တပ်ရင်းကို အာရက္ခတပ်တော်(AA)က အောက်တိုဘာလ၂၄ ရက်နေ့ထိ ထိုးစစ်ဆင်တိုက်ခိုက်နေတာမို့ တိုက်ပွဲတွေပြင်းထန်နေတုန်းပဲလို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းနဲ့အမ်းဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအမှတ် ၃၇၄ အမြောက်တပ်ရင်းကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေသလို အဲဒီအမြောက်တပ်ရင်းအနီးရှိအမှတ် ၃၄၅ စက်လက်နက်ပစ္စည်းတပ်ခွဲနဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် (AA)က လက်နက်ကြီးတွေပစ်ခတ်တိုက်ခိုက်နေတယ်လို့ စစ်ကောင်စီတပ်အသိုင်းအ ဝိုင်းနဲ့အမ်းဒေသခံတွေက ဆိုကြပါတယ် ။
အဲဒီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးရှိအမှတ် ၃၇၃ ခြေမြန်တပ်ရင်းအပါ အဝင်အမှတ်၂ ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊အမှတ် ၉၄၆ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဟာ သေဆုံးဒဏ်ရာရသူများပြားတာမို့ ဆုတ်ခွာထွက်ပြေးသွားကြရတယ်လို့ ဆိုကြပါတယ်။
အဲဒါကြောင့် အမ်းမြို့နယ်၊အမ်းမြောက်အုပ်စုရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် စစ်ကောင်စီတပ်ရင်းအားလုံးကို အာရက္ခတပ်တော်က ထိုးစစ်ဆင်သိမ်းလိုက်ရင် အမ်းမြို့နယ်တခုလုံးကို အပြီးသတ်သိမ်းယူနိုင်တော့မှာလို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
”အမ်းမြောက်အုပ်စုက အမြောက်တပ်နဲ့နပခကျရင် အမ်းကျပြီ။တခြားနေရာကတပ်တွေလည်း လက်နက်ချအညံ့ခံကြမှာပဲ။ဒုတိုင်းမှူးကနပခထဲမှာ။နပခထဲကပဲအမိန့်ပေးစေခိုင်းနေတာ။နပခကျရင်အမ်းကျပြီ။ခုတောင်အမိန့်ပေးစနစ်ပျက်နေပြီ။အမိန့်မနာခံကြတော့ဘူး။”လို့ အမ်းမြို့နယ်၊လုံကောက်အုပ်စုရှိ အမှ တ် ၃၇၂ ခြေမြန်တပ်ရင်းမှ စစ်ကောင်စီအရာရှိတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရဟတ်ယာဥ်ကွင်းအပြင် အမ်းမြို့၊လေယာဥ်ကွင်းရပ်ကွက်ရှိ အမ်းလေဆိပ်နဲ့ရဟတ်ယာဥ်ကွင်းကိုလည်း စစ်ကောင်စီတပ်လက်လွှတ်ဆုံးရှူံးလိုက်ရသလို အမှတ်၂ ကုတင် ၃၀၀ တပ်မတော် စစ် ဆေးရုံအပါအဝင် အမ်းမြို့ရှိကုတင် ၁၀၀ အမ်းပြည်သူ့ဆေးရုံကိုလည်း အမ်းမြို့၊အောက်ရွာရှိ အမှတ် ၂အခြေခံပညာအထက်တန်းကျောင်းသို့ပြောင်းပြီး ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆေးကုသပေးနေတယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။
အဲဒီအမ်းမြို့နယ်၊လုံကောက်အုပ်စုမှာ အမှတ် ၃၇၂ခြေမြန်တပ်ရင်း၊အမှတ် ၈ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊အမှတ် ၉၂၆ ထောက်ပံ့နဲ့ပို့ဆောင်ရေးတပ်ခွဲ တည်ရှိပါတယ်။
အဲဒီအပြင် အမ်းမြို့၊စျေးရပ်ကွက်မှာ အမှတ် ၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတ ပ်ရင်း၊လေယာဥ်ကွင်းရပ်ကွက်မှာ အမှတ် ၁၀ တပ်ထိန်းတပ်ခွဲတို့တည်ရှိပြီး အမ်းမြို့နယ်၊အမ်းတောင်အုပ်စုမှာအမှတ် ၃၇၁ ခြေမြန်တပ်ရင်း၊အမှ တ် ၇၅၇ အလုပ်ရုံတပ်ခွဲ(လျှပ်စစ်)တည်ရှိပါတယ်။
အဲဒီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးရှိ အမ်းမြို့နယ်၊အမ်းမြောက်အုပ်စုမှာတည်ရှိတဲ့အမှတ် ၃၇၃ ခြေမြန်တပ်ရင်းကို အာရက္ခတပ်တော်(AA)က အောက် တိုဘာလ ၁၀ ရက်နေ့ကစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
အဲဒီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးဒဏ်ရာရသူတွေများပြားနေသလို ဆေးဝါကုသဖို့တောင်ခက်ခဲနေကြပြီမို့ ထွက်ပြေးသူတွေလည်းများနေကြပြီး လက်နက်ချအညံ့ခံကြမယ့်သူတွေလည်းရှိနေပေမယ့် စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေကိုလည်းလူသားဒိုင်းကာအဖြစ်ဓားစာခံပြုလုပ်ထားတယ်လို့ အမ်းဒေသခံတွေက ဆိုကြပါတယ်။
”စစ်မှုထမ်းဟောင်းတွေက စစ်သားတွေကို ထွက်ပြေးခိုင်းနေကြတယ်။အရပ် သားတွေလည်း စစ်ဘေးရှောင်လို့ မရကြဘူး။စစ်တပ်ကပိတ်ဆို့ထားတယ်။စစ်သားတွေကလက်နက်ချချင်နေကြပြီ။အထက်ကအမိန့်မရဘူးပြောတယ်။မိသားစုကိုတောင်အဆက်အသွယ်မလုပ်ခိုင်းဘူး။ဖုန်းတောင်ခိုးဆက်နေကြရတာ။”လို့ အမ်းမြို့နေ စစ်ကောင်စီဌာနဆိုင်ရာအရာရှိတစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီအမ်းမြို့ရှိစစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းအများစုက မအီး-လုံးတော်ပေါက်ရေးလမ်းအပြင် တောလမ်းအတိုင်းထွက်ပြေးနေကြသလိ အမ်းမြို့ပေါ်မှာပိတ်မိနေကြသူတွေလည်းရှိနေသေးတယ်လို့ အမ်းမြို့ခံ တွေက ဆိုကြပါတယ်။
အဲဒီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ မြေပြင်စစ်ကူလာနိုင်မယ့်ကုန်းလမ်းဝင် ပေါက်အားလုံးကို အာရက္ခတပ်တော်က ပိတ်ဆို့ထားသလို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတပ်ရင်းတွေကိုလည်း အာရက္ခတပ်တော်က လက်နက်ကြီးပစ် ခတ်ပြီး မြေပြင်ထိုးစစ်တွေအနီးကပ်ဝင်ရောက်တိုက်ခိုက်နေတာလို့ စစ်ကောင် စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်ကောင်စီတပ်က ခံစစ်အခိုင်အမာပြုလုပ်ကာ မဆုတ်တမ်းခံစစ်ဗျူဟာအဖြစ် စစ်သည်လက်နက်ရိက္ခါတွေဖြည့်တင်းထားခဲ့ပေမယ့် အာရက္ခတပ်တော်ကထိုးစစ်ဆင်တိုက်ခိုက်လာချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရသူတွေများပြားပြီး ဆုတ်ခွာထွက်ပြေးနေကြရတယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ရင် အမ်းမြို့နယ်မှ မောင်တောမြို့နယ်ထိ ကားလမ်းတလျှောက် လုံးကို အာရက္ခတပ်တော်က အပြီးသတ်ထိန်းချုပ်သွားနိုင်ပြီဖြစ်ပါတယ်။
PrevPreviousမြန်မာ-ဘင်္ဂလားဒေ့ရှ် ရေလမ်းကြောင်းမှ ကုန်သွယ်ရေး ပြုလုပ်နေ
Nextအာရက္ခဒေသတခုလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်မယ့် အာရက္ခတပ်တော်(AA)ရဲ့အာရက္ခအဆုံးအဖြတ်စစ်ပွဲဟာ လာမယ့်နှစ်ထိ ဆက်သွားနိုင်Next
Previous Post

မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေလမ်းကြောင်းမှ ကုန်သွယ်ရေး ပြုလုပ်နေ

Next Post

အာရက္ခဒေသတခုလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်မယ့် အာရက္ခတပ်တော်(AA)ရဲ့အာရက္ခအဆုံးအဖြတ်စစ်ပွဲဟာ လာမယ့်နှစ်ထိ ဆက်သွားနိုင်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အာရက္ခဒေသမှာ လေကြောင်းအန္တရာယ် အထူးသတိပြုဖို့ တော်လှန်ရေးအစိုးရ တိုက်တွန်း

March 13, 2026

အီရတ်မှာ အမေရိကန်ဆီဖြည့်လေယာဉ်တစင်း ပျက်ကျလို့လေယာဉ်အမှုထမ်း ၆ ဦး သေဆုံး

March 13, 2026

မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်တွေအကူအညီတွေ လိုအပ်နေ

March 13, 2026

မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်တွေအကူအညီတွေ လိုအပ်နေ

March 13, 2026

အာရက္ခဒေသမှာ လေကြောင်းအန္တရာယ် အထူးသတိပြုဖို့ တော်လှန်ရေးအစိုးရ တိုက်တွန်း

အီရတ်မှာ အမေရိကန်ဆီဖြည့်လေယာဉ်တစင်း ပျက်ကျလို့လေယာဉ်အမှုထမ်း ၆ ဦး သေဆုံး

မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်တွေအကူအညီတွေ လိုအပ်နေ

မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်တွေအကူအညီတွေ လိုအပ်နေ

အီရန်ရဲ့ဝါးဒတ်မှသည်မိုစတီးဘဒ်သို့ ၃

ရခိုင်ကုန်သည်ကို ငွေပြန်အပ်ခဲ့တဲ့ မီဇိုရမ်သုံးဘီးသမားကို ဝန်ကြီးချုပ် ဆုချီးမြှင့်

Releated Post

အာရက္ခဒေသမှာ လေကြောင်းအန္တရာယ် အထူးသတိပြုဖို့ တော်လှန်ရေးအစိုးရ တိုက်တွန်း

March 13, 2026

အီရတ်မှာ အမေရိကန်ဆီဖြည့်လေယာဉ်တစင်း ပျက်ကျလို့လေယာဉ်အမှုထမ်း ၆ ဦး သေဆုံး

March 13, 2026

မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်တွေအကူအညီတွေ လိုအပ်နေ

March 13, 2026

မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်တွေအကူအညီတွေ လိုအပ်နေ

March 13, 2026

အီရန်ရဲ့ဝါးဒတ်မှသည်မိုစတီးဘဒ်သို့ ၃

March 13, 2026

ရခိုင်ကုန်သည်ကို ငွေပြန်အပ်ခဲ့တဲ့ မီဇိုရမ်သုံးဘီးသမားကို ဝန်ကြီးချုပ် ဆုချီးမြှင့်

March 13, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page