Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
မောင်တောခရိုင် လူ့အခွင့်အရေး သတင်း အာရက္ခဒေသ

မောင်တောခရိုင်က ပြည်သူတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေကြရ

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
1
VIEWS
Share on FacebookShare on Twitter
မောင်တောခရိုင်က ပြည်သူတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေကြရ
Border News Agency
မောင်တော၊နိုဝင်ဘာ ၅။
အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေတဲ့မောင်တောခရိုင်မှာ အရပ်သားပြည်သူအားလုံး လူ့အခွင့်အရေးချိုးဖောက်ခံနေကြရတယ်လို့ မောင်တောခရိုင်နေပြည်သူတွေက အတည်ပြုပြောကြပါတယ်။
အဲဒီမောင်တောခရိုင်နေ အရပ်သားပြည်သူအားလုံးဟာ လွတ်လပ်စွာသွားလာခွင့်တွေကို တားဆီးကန့်သတ်ပိတ်ဆို့ခံထားကြရသလို အာရက္ခတပ်တော်စစ် ဆေးရေးဂိတ်အားလုံးမှာ ဆိုင်ကယ်တွေ ဆင်းတိုးသွားလာစစ်ဆေးခံနေကြရပြီး ကျေးရွာအပြင်သို့ထွက်ခွာသွားလာခွင့်ရဖို့အတွက် အာရက္ခပြည်သူ့တော် လှန်ရေးအစိုးရရဲ့ ကျေးရွာ တာ ဝန်ခံတွေ၊နယ်မြေမှူးတွေဆီက ခွင့်ပြုချက်စာ ရွက်တွေယူနေကြရတယ်လို့ မောင်တောခရိုင်နေ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီလိုရွာထွက်လက်မှတ်ခွင့်ပြုချက်ယူရတာဟာ မောင်တော၊ဘူးသီးတောင်စတဲ့မောင်တောခရိုင်မှာသာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တားမြစ်ကန့်သတ်ထားတာဖြစ်သလို အာရက္ခတပ်တော်စစ်ဆေးရေးဂိတ်အားလုံးမှာ ဆိုင်ကယ်တွေကို ဆင်းတိုးသွားလာစစ်ဆေးခံနေကြရတာဟာ မောင်တောခရိုင်မှာသာရှိတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
မောင်တောခရိုင်နေအရပ်သားပြည်သူတွေ လူ့အခွင့်အရေးတွေချိုးဖောက်ခံနေကြရတာဟာ စစ်ထောက်လှမ်းရေးတွေခေတ်ထက် ပိုမိုဆိုးဝါးနေပြီး စစ်ကောင် စီလက်ထက် နယ်ခြားစောင့်ဂိတ်အားလုံးမှာတောင် ဆိုင်ကယ်တွေကို ဆင်းတိုးသွားလာစစ်ဆေးခံစရာမလိုခဲ့ဘူးလို့ မောင်တောဒေသခံတွေက ထောက်ပြကြပါတယ်။
”ရွာပြင်ထွက်မယ်ဆိုရင်တောင်ရွာထွက်လက်မှတ်ယူရပါတယ်။အေအေဂိတ်အားလုံးမှာ ဆိုင်ကယ်တွေကို ဆင်း တိုးပြီး သွားရပါတယ်။စစ်ထောက်လှမ်း ရေးခေတ်ထက်ပိုဆိုးနေပါတယ်။နယ်ခြားစောင့်တွေတုန်းကတောင်ဂိတ် အား လုံးမှာစစ်ဆေးခံစရာမလိုပါဘူး။ဒါကလူ့ဂုဏ်သိက္ခါကိုညှိုနွမ်းစေပါတယ်။လူ့အခွင့်အရေးချိုးဖောက်ခံနေ ရတာပါပဲ။”လို့ မောင်တောဒေသခံတစ်ဦးက Bord er News Agency သို့ ပြောပါတယ်။
အဲဒီမောင်တောခရိုင်က အရပ်သားပြည်သူတွေဟာ ရွာထွက်လက်မှတ်တွေ၊ စ စ်ဆေးရေးဂိတ်တွေ၊ဆိုင်ကယ် ဆင်းတိုးသွားလာရတာတွေရှိနေပေမယ့် ကျော က်ပန္ဒူ-အငူမော်ကားလမ်း၊ကျောက်ပန္ဒူ-စေတီပြင်ကားလမ်းမှာ အဲဒီလိုမဟု တ်ဘူးလို့ ကိုယ်တိုင်သွားလာနေကြနဲ့အာရက္ခပြည်သူတွေကို အတည်ပြုပြောကြပါတယ်။
အာရက္ခဒေသထဲမှာတောင် နယ်မြေခွဲခြားပြီးအရပ်သားပြည်သူလူထုအပေါ် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ခွဲခြားဆက်ဆံပြုမူနေတာတွေ၊လူ့အခွင့်အရေးချိုးဖောက်နေတာတွေဟာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို အရပ်သာပြည်သူလူထုကယုံကြည်ထောက်ခံမှုတွေကျဆင်းလာစေသလို နိုင်ငံ တကာအသိုင်းအဝိုင်းက လူ့အခွင့်အရေးချိုးဖောက်နေမှုတွေအဖြစ် မှတ်တမ်းတင်ထောက်ပြစရာဖြစ်နေတယ်လို လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဆိုကြပါတယ်။
မောင်တောခရိုင်နဲ့နယ်မြေတဆက်တည်းရှိနေတဲ့ ရသေ့တောင်မြို့နယ်၊စေတီပြ င်ကျေးရွာအပါအဝင် ရသေ့တောင်မြို့နယ်မှအရပ်သားပြည်သူတွေဟာမောင်တောမြို့နယ်၊အင်းဒင်၊ကျောက်ပန္ဒူ၊သရီကုန်ဘောင်၊ကိုင်းကြီးစတဲ့ကျေးရွာတွေဆီလာရင် ရွာထွက်လက်မှတ်မလိုသလို ကျောက်ပန္ဒူ-စေတီပြင်လမ်းရှိ အာရက္ခတပ်တော်စစ်ဆေး ရေးဂိတ်တွေမှာလည်း ဆိုင်ကယ်ဆင်းတိုးသွားလာစစ် ဆေးခံစရာမလိုကြဘူးလို့ ကိုယ်တိုင်သွားလာနေကြသူတွေက ဆိုကြပါတယ်။
အဲဒီမောင်တောခရိုင်က အရပ်သားပြ ည်သူတွေလူ့အခွင့်အရေးချိုးဖောက်ခံနေကြရတဲ့အထဲမှာ အရပ်သားပြည်သူဆင်းရဲသားမွတ်ဆလင်တွေ ပိုမိုဆိုးဝါးစွာကြုံတွေ့ခံစားနေကြရပြီး အသက်ရှင်ရပ်တည်ရေးတွေ ခက်ခဲအောင်ထိ ခံစားကြုံတွေ့နေကြရတယ်လို့ မောင်တောခရိုင်နေပြည်သူတွေက ဆိုကြပါတယ်။
”ထွက်ပြေးလာတုန်းကဘာမှမယူလာခဲ့ရပါဘူး။အိမ်ပြန်ပြီးအဝတ်အစားတွေသွားယူခွင့်တောင်းပေမယ့်မရပါဘူး။ပိုက်ဆံချမ်းသာတဲ့သူတွေဆိုရင် စစ် ကြောင်းမှူးတွေကိုယ်တိုင်ခေါ်သွားပေးပါတယ်။ကျနော်တို့လို့စားစရာမရှိ သူတွေဆိုရင် ရွာပြင်ထွက်ငါးရှာခွင့်တောင်မရပါဘူး။”လို့ မောင်တောမြို့ နယ်မှစစ်ဘေးရှောင်မွတ်ဆလင်တစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီမောင်တောခရိုင်ကို အပြီးသတ်ထိ န်းချုပ်ထားဖို့ မောင်တောမြို့အဝင်၊မြို့ သူကြီးကျေးရွာဟောင်းရှိအမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မောင်တော၊ဘူးသီးတောင်အပါအဝင် မောင်တောခရိုင်တခုလုံးနီးပါးကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။
အဲဒီမောင်တောခရိုင်မှာ ရခိုင်လူမျိုးတွေအပါအဝင် မြို၊ခမီ၊သက်၊ဒိုက်နက်၊မာရာမာကြီး၊ဟိန္ဒူ၊မွတ်ဆလင်စတဲ့လူမျိုးပေါင်းစုံနေထိုင်နေကြပြီး အရပ်သားပြ ည်သူအားလုံးဟာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထိန်းချုပ်မှုအောက်မှာလို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီမောင်တောခရိုင်က တိက်ပွဲတွေမှာ အာရက္ခတပ်တော်က စစ်ရာဇဝတ်မှုတွေ၊လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ထားတယ်လို့ လူ့အခွင့်အ ရေးလှုပ်ရှားသူတွေကစွပ်စွဲပြောဆိုထားကြပြီး မောင်တောခရိုင်သို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဝင်ရောက်စစ်ဆေးဖို့လည်း နိုင်ငံတကာလူအခွင့်အရေးအဖွဲ့တချို့ က တောင်းဆိုထားကြပါတယ်။
အဲဒီမောင်တောခရိုင်မြောက်ဘက်ခြမ်းကို အာရက္ခတပ်တော်ရဲ့တပ်မဟာ ၂ က လုံခြုံရေးယူထိန်းချုပ်ထားပြီး ဘူးသီးတောင်မြို့အပါအဝင်မောင်တောမြို့နယ်တောင်ဘက်ခြမ်းကိုတော့ အာရက္ခတပ်တော်ရဲ့ အာဖာ ၂ စစ်ဒေသက လုံခြုံ ရေးယူထိန်းချုပ်ထားတယ်လို့ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တွေက အတည်ပြုပြောကြပါတယ်။
Photo-AA
PrevPreviousအာရက္ခ-ဘင်္ဂလာနယ်စပ်ကို အာရက္ခတပ်တော် အပြည့်အဝထိန်းချုပ်နိုင်ဖို့ လိုအပ်နေ
Nextအမ်းမြို့နယ်ရှိ စစ်ဘေးရှောင်လေးထောင်ကျော် အကူအညီတွေ လိုအပ်နေNext
Previous Post

အာရက္ခ-ဘင်္ဂလာနယ်စပ်ကို အာရက္ခတပ်တော် အပြည့်အဝထိန်းချုပ်နိုင်ဖို့ လိုအပ်နေ

Next Post

အမ်းမြို့နယ်ရှိ စစ်ဘေးရှောင်လေးထောင်ကျော် အကူအညီတွေ လိုအပ်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

December 7, 2025
ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

December 7, 2025
ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

December 6, 2025
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

December 6, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page