Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ဘေးရှောင် ဓာတ်ပုံသတင်း သတင်း

အမ်းမြို့နယ်ရှိ စစ်ဘေးရှောင်လေးထောင်ကျော် အကူအညီတွေ လိုအပ်နေ

Author picture

By

Saw Shin Nyo
Reading Time: 2 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter
Border News Agency
အမ်း၊နိုဝင်ဘာ ၈။
အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အမ်းမြို့နယ်ရှိ စစ်ဘေးရှောင်လေးထောင်ကျော် အကူအညီတွေလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြသူတွေနဲ့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ တိုက်လေယာဥ်တွေ၊လက်နက်ကြီးတွေပစ်ခတ်မှုတွေကြားမှာ စိုးရိမ်ကြောက်လန့်မှုတွေနဲ့အသက်လုထွက်ပြေးနေကြရသလို စားစရာအတွက် ဆန်တွေအရေးတကြီးလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြသူတွေနဲ့စစ်ဘေးရှောင်တွေက ဆိုကြပါတ ယ်။
အဲဒီအပြင် နေစရာအဆောင်တွေ၊အဝတ်အထည်တွေ၊စောင်တွေ၊ဆေးဝါးတွေအပါအဝင်ကလေးသူငယ်တွေ၊အမျိုးသမီးတွေ၊သက်ကြီးရွယ်အိုတွေအတွက်လည်း သီးသန့်လိုအပ်ချက်တွေရှိနေကြတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြသူတွေနဲ့စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
“လိုအပ်ချက်တွေကတော့ ဆန်အဓိက ဖြစ်နေပါတယ်။အမ်းမြို့ကစစ်ဘေးရှော င်တွေစားရေးရိက္ခာဆန်ပြတ်လပ်နေပါတယ်။ဆန်တအိတ်ကိုသုံးသိန်းနဲ့ဝယ်လို့မရတော့ပါဘူး။အဓိကဆန်တွေလှူပေး၊ကူပေးစေချင်ပါတယ်။”လို့ အမ်းမြို့မှစစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီအမ်းမြို့ထဲမှာစစ်ဘေးရှောင်တစ်ထောင်ကျော်ခန့်ပိတ်မိနေပြီး စစ်ဘေးရှော င်အများစုဟာ မြို့ပြင်တွေ တိုက် ပွဲဧရိယာအနီးအနားတွေမှာဖြစ်ကြပြီးစစ်ဘေးရှောင်စခန်းမှာလူဦးရေငါးရာခန့်သာရှိနေသေးတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြသူတွေနဲ့စစ်ဘေးရှောင်တွေက ဆိုကြပါတ ယ်။
အဲဒီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ် ရင်းအားလုံးကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း တိုက်လေယာဥ်တွေ အသုံးပြုပြီး လေကြောင်းပစ်ခတ်နေတာမို့ စစ်ဘေးရှောင်တွေ၊အရပ်သားပြည်သူတွေသေဆုံးဒဏ်ရာရနေကြတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြသူတွေနဲ့စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီအမ်းမြို့နယ်ဟာ တောင်ပေါ်ဒေသဖြစ်တာမို့ ဆောင်းရာသီဟာအရမ်းချမ်း အေးလာနေပြီး အနွေးထည်တွေ၊ စောင်တွေ၊ဆေးဝါးတွေ၊အိုးခွက်ပုဂံတွေလ ည်းလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြသူတွေနဲ့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
“ခုကတအားအေးနေပါပြီ။ကလေးတွေမှာလည်းဘာမှမပါလာပါဘူး။အသက်လုထွက်ပြေးလာရတာပါ။အစားအသောက်တွေ၊အဝတ်အစားတွေ၊ဆေးဝါးတွေကူညီပေးကြစေချင်ပါတယ်။” လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီအမ်းမြို့ထဲမှာပိတ်မိကျန်နေကြတဲ့စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်ကလူသားဒိုင်းကာအဖြစ် ဓားစာခံပြုလုပ်ထားတာတွေကို ဘေးကင်းလုံခြုံရာသို့ လွတ်လပ်စွာစစ်ဘေးရှောင်ခွင့်ပြုပေးဖို့လည်း အာရက္ခပြည်သူတွေက တောင်းဆိုကြပါတယ်။
အဲဒီအပြင် စစ်ဘေးရှောင်အားလုံးအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေကလ ည်း နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးကြဖို့လည်းစစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြသူတွေနဲ့စစ်ဘေးရှော င်တွေက တောင်းဆိုကြပါတယ်။
အဲဒီအမ်းမြို့ရှိစစ်ဘေးရှောင်အားလုံးအတွက် စားနပ်ရိက္ခါတွေကိုလွတ်လပ်စွာသယ်ယူကူညီခွင့်တွေပေးကြဖို့ တောင်းဆိုနေကြသလို စစ်ဘေးရှောင်တွေ၊အ ရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ မပြုလုပ်ကြဖို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြသူတွေနဲ့စစ်ဘေးရှောင်တွေက တောင်းဆိုကြပါတယ်။
(ဓာတ်ပုံ-အမ်းမြို့နယ်မှစစ်ဘေးရှောင်စခန်းတနေရာကို နိုဝင်ဘာလ ၈ ရက်နေ့ကတွေ့ရပုံ/ပေးပို့)
PrevPreviousမောင်တောခရိုင်က ပြည်သူတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေကြရ
Nextအမ်းမြို့ပေါ်မှာ ပိတ်မိကျန်နေကြတဲ့စစ်ဘေးရှောင်တွေကို ဘေးလွှတ်ရာသို့ ထွက်ခွာခွင့်ပေးကြဖို့ တောင်းဆိုNext
Previous Post

မောင်တောခရိုင်က ပြည်သူတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေကြရ

Next Post

အမ်းမြို့ပေါ်မှာ ပိတ်မိကျန်နေကြတဲ့စစ်ဘေးရှောင်တွေကို ဘေးလွှတ်ရာသို့ ထွက်ခွာခွင့်ပေးကြဖို့ တောင်းဆို

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

တိုက်ကြီးမှာ မြစ်ရေမြင့်တက်လို့ စာသင်ကျောင်းငါးကျောင်း ယာယီပိတ်

August 16, 2026
​ဓာတ်ပုံ - ဂန့်ဂေါခရိုင်စစ်ဌာန

ဆောမှာ စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး စစ်သုံ့ပန်းနဲ့လက်နက်တွေ သိမ်းမိ

August 16, 2026

အာဏာသိမ်းစစ်ခေါင်းဆောင်ရုရှားသို့ သွားမယ်

August 16, 2026
​ဓာတ်ပုံ - Arakan Princess Media

ဘူးသီးတောင်က မြိုလူမျိုးတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေး

August 16, 2026

ငါးသိန်းလေးသောင်းကျော်သာ နေရပ်စွန့်ခွာသွားကြတယ်လို့ စစ်ကောင်စီဆို

နေရပ်စွန့်ခွာသူအရေး နှစ်နိုင်ငံဖြေရှင်းရမယ်လို့ အာဏာသိမ်းစစ်တပ်ပြော

အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူလေးထောင်ကျော်ရှိနေ

အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူနှစ်ဆယ်အထိမြင့်တက်လာ

အိန္ဒိယနိုင်ငံရဲ့ ၈၀ ကြိမ်မြောက် လွတ်လပ်ရေးနေ့

ရခိုင်လုံခြုံရေးတိုးတက်ကောင်းမွန်မှ ပြန်လက်ခံမယ်

Releated Post

ငါးသိန်းလေးသောင်းကျော်သာ နေရပ်စွန့်ခွာသွားကြတယ်လို့ စစ်ကောင်စီဆို

August 15, 2026

နေရပ်စွန့်ခွာသူအရေး နှစ်နိုင်ငံဖြေရှင်းရမယ်လို့ အာဏာသိမ်းစစ်တပ်ပြော

August 15, 2026

အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူလေးထောင်ကျော်ရှိနေ

August 15, 2026

အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူနှစ်ဆယ်အထိမြင့်တက်လာ

August 15, 2026
​ဓာတ်ပုံ - Times of India

အိန္ဒိယနိုင်ငံရဲ့ ၈၀ ကြိမ်မြောက် လွတ်လပ်ရေးနေ့

August 15, 2026
ဓာတ်ပုံ - BNA

ရခိုင်လုံခြုံရေးတိုးတက်ကောင်းမွန်မှ ပြန်လက်ခံမယ်

August 15, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page