Border News Agency
တီဟီရန်၊ မတ် ၇။
အီရန်နိုင်ငံမှာ ပညာသင်ကြားနေတဲ့ ထိုင်းကျောင်းသားတစုဟာ အီရန်ပြည်သူတွေနဲ့အတူ ပူးပေါင်းပြီး အမေရိကန်ကို ဆန့်ကျင်တိုက်ဖျက်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
အဲဒီ ကျောင်းသားအဖွဲ့ဟာ ဟာရမ် (Haram) ရှေ့မှာ ထိုင်းနိုင်ငံတော်အလံကို ဝှေ့ယမ်းကာစုဝေးခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်။
သူတို့ဟာ ထိုင်းပြည်သူ ၇၀ သန်းရဲ့ အသံကို ကိုယ်စားပြုတာဖြစ်ကြောင်းနဲ့ အမေရိကန်ကို ဆန့်ကျင်နေတဲ့ အီရန်နိုင်ငံဘက်က ရပ်တည်ကြောင်း ကြေညာခဲ့ကြတယ်လို့ဆိုပါတယ်။
ဒါ့အပြင် အီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီကို ချီးမွမ်းတဲ့ ကြွေးကြော်သံတွေကိုလည်း ဟစ်ကြွေးခဲ့ကြတယ်လို့ သိရပါတယ်။


















