Border News Agency
မန္တလေး၊ ဖေဖော်ဝါရီ ၁၆။
စစ်ကော်မရှင်တပ်ရဲ့ ခမရ ၄၁၆ မှ အပတ်စဉ် ၁၇ ဆင်း ပြည်သူ့စစ်နှစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေးက ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကထုတ်ပြန်ပါတယ်။
အဲဒီပြည်သူ့စစ်နှစ်ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ အလင်းဝင်လာတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး အထူးလှုပ်ရှားတပ်မဆီမှာ ခိုလှုံခဲ့တာဖြစ်ပါတယ်။
အလင်းဝင်လာတဲ့တပ်သားနှစ်ဦးကို အထူးလှုပ်ရှားတပ်မကနွေးထွေးစွာ ကြိုဆိုခဲ့တဲ့အပြင် ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ကာဘေးကင်းလုံခြုံတဲ့နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေးအနေနဲ့ အလင်းဝင်လာသူတွေကို သူတို့ရဲ့မူဝါဒအတိုင်း ကောင်းမွန်စွာစောင့်ရှောက်ထားပြီး ဆက်လက်ခိုလှုံလိုသူတွေကိုလည်း အမြဲတမ်းဖိတ်ခေါ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ စစ်ကော်မရှင်တပ်အတွင်းကနေစွန့်ခွာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေ ပိုမိုများပြားလာနေတယ်လို့လည်း တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။






