နိုင်ငံတကာမိခင်ဘာသာစကားနေ့ဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ဖြစ်ပါတယ် ။
အဲဒီလိုနိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ မိခင်ဘာသာစကားနေ့ရဲ့ဇစ် မြစ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကစခဲ့တာပါ။
ပါကစ္စတန်ကိုအာခံတဲ့ ဘင်္ဂလီဘာသာ စကားလှုပ်ရှားမှု(Bangali Language Movement)ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အ မျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေထဲက စခဲ့တာလို့ ပြောလို့ရပါတယ်။
အဲဒါကြောင့် နိုင်ငံတကာမိခင်ဘာသာ စကားနေ့ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့နိုင်ငံ ရေးမှာ အရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်နေပါတယ်။
အဲဒီနေ့ကိုရောက်တိုင်း ဘင်္ဂလီဘာသာ စကားလှုပ်ရှားမှုနဲ့အမျိုးသားလွတ် မြောက်ရေးမှာ အသက်ပေးသွားခဲ့သူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအသိုင်း အဝိုင်းဟာ ဂါဝရပြုလွမ်းသူပန်းခွေ ချပြီး နိုင်ငံရေးပုံရိပ်ဖော်လေ့ရှိကြပါတယ်။
ကျင်းပပြီးစီးခဲ့တဲ့၁၃ ကြိမ်မြောက်ဂျာတီယာဆန်ဆတ်(Jatiya Sangsad) လွတ်တော်ရွေးကောက်ပွဲမှာ အနိုင်ရတသီးပုဂ္ဂလအမျိုးသမီးအမတ် ရုမင် ဖာဟာနာ ( Rumeen Farhana)ဟာ ပြီးခဲ့တဲ့သောကြာနေ့ ည ၁၂ နာရီမှာ အာ ဇာနည်အထိမ်းအမှတ်နေရာ ဗဟိုရှာဟီဒ်မိနာ(Central Shaheed Minar)ကို သွားပြီး ဂါဝရပြုခဲ့ပါတယ်။
ဂျာတီယာဆန်ဆတ်(Jatiya Sangsad) ဆိုတာ ဘင်္ဂလီဘာသာစကားနဲ့ အမျိုး သားလွှတ်တော်ပါလီမန်ကိုခေါ်တာပါ။
တသီးပုဂ္ဂလအမျိုးသမီးအမတ် ရုမင် ဖာဟာနာနဲ့ သူမကို ဝိုင်းရံထောက်ခံသူတွေဟာ အာဇာနည်အထိမ်းအမှတ်နေ ရာမှာတိုက်ခိုက်ခံခဲ့ရပါတယ်။
သူမတို့ဟာ အာဇာနည်အထိမ်းအမှတ်နေရာကို ရောက်တာနဲ့တပြိုင်နက် ဒေ သခံ BNP ပါတီဝင်တွေဟာ သူမကို ပစ်မှတ်ထားပြီး အော်ဟစ်ခြိမ်းခြောက်ခဲ့ကြပါတယ်။
အဲဒါကြောင့် သူမကိုဝိုင်းရံသူတွေနဲ့ ဒေ သခံ BNP ပါတီဝင်တွေကြားမှာ စကားများခဲ့ကြပါတယ်။
သူမယူဆောင်လာတဲ့လွမ်းသူပန်းခွေကိုလည်း BNP ပါတီဝင်တဦးက ဆုတ်ဖြဲလွင့်ပစ်လိုက်ပါတယ်။
သူမရဲ့ ဂါဝရပြုမှုအစီအစဉ် ဘယ်လိုမှ ရှေ့ဆက်မရနိုင်တဲ့အခါ သူမနဲ့ သူမကို ထောက်ခံသူများဟာ အာဇာနည် အထိ မ်းအမှတ်နေရာက ပြန်လည်ထွက်ခွာခဲ့ရပါတော့တယ်။
“ဘာကြောင့် သူမအပေါ် BNP ဘက်က ပစ်မှတ်ထားရတာလဲ”
ပြဿနာရဲ့ဇစ်မြစ်ကဘင်္ဂလားဒေ့ရှ်ရဲ့ ပါတီနိုင်ငံရေးဇာတ်ခုံနဲ့ သက်ဆိုင်နေပါတယ်။
အမှန်တော့ သူမဟာလည်း တချိန်တုန်းက ထိပ်ပိုင်း BNP ပါတီဝင်တဦးပါ။ သူမဟာ BNP ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာအလုပ်အမှုဆောင်ကော်မတီရဲ့ နိုင်ငံတကာရေးရာ လက်ထောက်အတွင်းရေး မှူးလုပ်ခဲ့သူပါ။
ဘရာမန်ဘာရီယား အမှတ် ၂ နယ်မြေ မဲဆန္ဒနယ်
သူမက ဘရာမန်ဘာရီယား အမှတ် ၂ နယ်မြေ မဲဆန္ဒနယ် (Brahmanbaria-2 seat)မှာ ဝင်ရောက်အရွေးချယ်ခံဖို့အ တွက် BNP ပါတီကို အမည်စာရင်းပေးခဲ့ပါတယ်။
BNP ဟာ ဂျမတ်အီအူလမာအီ အစ္စလာမ်ဘင်္ဂလားဒေ့ရှ် (Jamiat-e-Ulama-e-Islam Bangladesh)ပါတီနဲ့ မဟာမိတ် (Alliance Partner)ပြုထားပါတယ်။
သူမ ဝင်အရွေးခံမယ့် ဘရာမန်ဘာရီယား အမှတ် ၂ နယ်မြေ မဲဆန္ဒနယ် (Brahmanbaria-2 seat)မှာ BNP က ဂျမတ် အီအစ္စလမ်အီဘင်္ဂလားဒေ့ရှ်ပါတီ ဝင်ဂျူနာယဒ်အဲလ်ဟာဘဘ် ( Junayed Al Habib)ကို ဝင်ပြိုင်ဖို့ အဆိုပြုလိုက်ပါတယ်။
အဲဒီလို အဆိုပြုရတဲ့အတွက် သူမကို အမည်စာရင်းက ပယ်လိုက်ရပါတယ်။
အဲဒီလိုပယ်လိုက်တာမို့ သူမဟာ တသီးပုဂ္ဂလဝင်ပြိုင်ဖို့ အမည်စာရင်းတင်လိုက်ပါတယ်။
BNP ပါတီက သူမကို ပါတီရဲ့ဆုံးဖြတ်မှုကို လက်ခံဖို့ပြောပေမယ့် သူမက လက်မခံပါဘူး။
အဲဒီလိုနဲ့သူမဟာ BNP ပါတီနဲ့ရော ဂျမတ်အီအူလမာအီအစ္စလမ်ဘင်္ဂလားဒေ့ရှ်( Jamiat-e-Ulama-e-Islam Bangladesh)နဲ့ပါ ရင်ဆိုင်ရဖို့ ဖြစ်လာပါတော့တယ်။
ပါတီနှစ်ခုက ရွေးကောက်ပွဲမှာ ငွေ ကြေးနဲ့ လူအင်အားက သူမထက်သာပါတယ်။
ဒါပေမယ့် သူမကသာ အနိုင်ရသွားပါတော့တယ်။
သူမက အာဇာနည်အထိမ်းအမှတ်နေရာမှာ ဖြစ်ခဲ့တဲ့ကိစ္စကို တမင်ကြိုတင်ကြံစ ည်ပြီး လုပ်ခံရတာလို့ပြောပြီး တရားမျှတမှုကို တောင်းဆိုလိုက်ပါတယ်။
အဲဒီလိုရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာရဲကလည်းမဟန့်တားနိုင်ခဲ့ပါဘူး။
BNP ပါတီရဲ့ ဒေသဆိုင်ရာ ခေါင်းဆောင်ပိုင်းတွေကို ဒီရုန်းရင်းဆန်ခတ်မှုနဲ့ပတ်သက်ပြီး မီဒီယာတွေက မေးမြန်းတဲ့အခါမှာတော့ ဘာမှမဖြေကြားကြပါဘူး။






