Border News Agency
ဂန့်ဂေါ၊ မတ် ၁၆။
ဂန့်ဂေါမြို့နယ်ထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတာနဲ့ တရားမဝင်လောင်းကစားဝိုင်းလုပ်နေတာတွေကို ဖမ်းဆီးအရေးယူသွားမယ်လို့ ဂန့်ဂေါခရိုင် PDF တပ်ရင်း ၁၊ ၁၂၊ ၁၄က မတ်လ ၁၅ ရက်နေ့မှာ သတိပေးချက်ထုတ်ပြန်ပါတယ်။
အဲဒီဂန့်ဂေါမြို့နယ်မြောက်ပိုင်းကကျေးရွာတချို့မှာ မူးယစ်ဆေးနဲ့လောင်းကစားဝိုင်းတွေကို အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင်ပါဝင်ပတ်သက်ပြီး ပေါ်ပေါ်ထင်ထင် လုပ်နေကြတယ်လို့ဆိုပါတယ်။
အဲဒီလိုလုပ်နေတာဟာ တော်လှန်ရေးရဲဘော်တွေရဲ့ ပေးဆပ်မှုကိုမလေးစားရာရောက်သလို ဒေသခံလူထုအတွက်လည်း အကျိုးမရှိဘူးလို့ဆိုပါတယ်။
အဲဒီထဲအထူးသဖြင့် နှမ်းခါး၊မွှေ့လယ်၊ ရေရှင်မနဲ့ ရဲလှကျေးရွာတွေမှာ ခြောက်ကောင်ခုံလောင်းကစားဝိုင်းတွေစည်းကားနေပြီး လူငယ်တွေကြားမူးယစ်ဆေးဝါး သုံးစွဲတာတွေလည်း များလာနေတာပါ။
ဒါကြောင့်မူးယစ်ဆေးနဲ့ ပတ်သက်သူတွေ၊ လောင်းကစားဝိုင်းလုပ်သူတွေကို မည်သူမဆိုဖမ်းဆီးထိန်းသိမ်းသွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့လည်း သတင်းပေးတိုင်ကြားပြီး ပူးပေါင်းပါဝင်ကြဖို့ PDF တပ်ရင်းတွေကအသိပေးထားပါတယ်။






