Border News Agency သံတွဲ၊ ဖေဖော်ဝါရီ ၁၇။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦး ခြေတဖက်ပြတ်ထွက်သွားခဲ့ပါတယ်။ အဲဒီသံတွဲမြို့နယ်၊ ကျောက္ကလပ်ကျေးရွာမှ အသက် ၂၇ နှစ်အရွယ် ကိုစိုးလွင် (ခ) ကိုကို ခြေထောက်တဖက်ပြတ်ထွက်သွားခဲ့တာပါ။ ကိုစိုးလွင်ဟာ ဖေဖော်ဝါရီလ ၁၆ ရက်၊ ညနေ ၄ နာရီအချိန်ခန့်ကသူရဲ့စိုက်ခင်းကိုသွားကြည့်ရာ အရင်ကစစ်ကော်မရှင်တပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။ အဲဒီမိုင်းပေါက်ကွဲလို့ ကိုစိုးလွင်မှာညာဘက်ခြေထောက်အောက်ပိုင်းမှာ ပြတ်ထွက်သွားခဲ့ပြီး ဘယ်ဖက်ခြေထောက်မှာလည်း ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီ အမ်းမြို့နယ်၊ ပြောင်းချောင်းရပ်ရွာမှာလည်း ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း မြေမြုပ်မိုင်းနင်းမိလို့ အသက် ၅၇ နှစ်အရွယ် ဦးမောင်လုံးနဲ့ဇနီးဖြစ်သူ ၄၈ နှစ်အရွယ် ဒေါ်ကေးကေး တို့ဒဏ်ရာရသွားခဲ့ပါတယ်။ အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာ လုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
Read moreအာရက္ခတပ်တော်ထိန်းချုပ်ထားသံတွဲမြို့ကို ဖေဖော်ဝါရီလ ၈ ရက်၊နေ့လည်ပိုင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီ သံတွဲမြို့၊အမှတ် ၃ ရပ်ကွက်ကို ဖေဖော်ဝါရီလ ၈ ရက်၊ နေ့လည် ၁ နာရီ ၃၅ မိနစ်ခန့်မှာ စစ်ကော်မရှင်တပ်က ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရသွားပြီး နေအိမ် ကိုးလုံးပျက်စီးသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီအသက်ငါးဆယ်အရွယ် ဦးအောင်သန်းလင်းမှာ ဘယ်ဘက်လက်ကျိုးသွားသလို၊အသက်ငါးဆယ်အရွယ် ဦးသက်အောင်လည်း ဦးခေါင်းပေါက်ထွက်တဲ့ ဒဏ်ရာတွေရသွားတာမို့ ဆေးကုသမှုခံယူနေရပါတယ်။ စစ်ကော်မရှင်တပ်ဟာအာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။ လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော် မရှင်တပ်ရေကြောင်း၊လေကြောင်းတို က်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။
Read moreBorder News Agencyဂွ၊ ဇန်နဝါရီ ၃၀။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ဂွမြို့ကို ဇန်နဝါရီလ၂၉ ရက်၊ မနေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီဂွမြို့ကို ဇန်နဝါရီလ ၂၉ ရက်၊ မနက် ၉ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ်က တိုက်လေယာဥ်နှစ်စီးနဲ့...
Read moreBorder News Agencyဂွ၊ ဇန်နဝါရီ ၁၅။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်မှာ ကျောင်းသားတဦးသတ်ဖြတ်ခံခဲ့ရပါတယ်။ အဲဒီဂွမြို့နယ်၊ ကိုင်းတောကွင်းရွာ ကမ်းစပ်နားမှာ ဓားဒဏ်ရာငါးချက်နဲ့ သတ်ဖြတ်ခံထားရတဲ့ ကျောင်းသားတဦးရဲ့ရုပ်အလောင်းကို ဇန်နဝါရီလ ၁၀ ရက်နေ့က ရွာသားတွေတွေ့ခဲ့တယ်လို့ ဆိုကြပါတယ်။ အဲဒီအသတ်ခံရသူဟာ...
Read moreBorder News Agencyသံတွဲ၊ ဇန်နဝါရီ ၉ ။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်၊ ငပလီမြို့ကိုပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၂၉ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးလေးဦးအပါအဝင် အရပ်သားကိုးဦးသေဆုံးခဲ့ပြီး ဆယ့်လေးဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီ ငပလီမြို့၊ ကေလင်းသာရပ်ကွက်မှ သေဆုံးသွားသူတွေကို ဇန်နဝါရီလ...
Read moreBorder News Agencyသံတွဲ၊ ဇန်နဝါရီ ၆။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့သံတွဲမြို့နယ်၊ ငပလီမြို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးလေးဦးအပါအဝင် အရပ်သားကိုးဦးသေဆုံးခဲ့ပြီး ဆယ့်လေးဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီငပလီမြို့၊လင်းသာရပ်ကွက်၊ကျင်းကန်ကြီးရွာကို စစ်ကော်မရှင်တပ်က ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့်...
Read moreBorder New Agencyသံတွဲ၊ ဇန်နဝါရီ ၁။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ သံတွဲမြို့ကို နှစ်သစ်ကူးမယ့်ည ဒီဇင်ဘာလ ၃၁ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦး ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီသံတွဲမြို့ အမှတ် ၁ ရပ်ကွက်ကို ဒီဇင်ဘာလ ၃၁...
Read moreသံတွဲကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက် Border News Agencyသံတွဲ၊ ဒီဇင်ဘာ ၃၁။ အာရက္ခတပ်တော်ထိန်းထားတဲ့သံတွဲခရိုင်၊ သံတွဲမြို့၊ အမှတ် ၁ ရပ်ကွက်ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ဒီဇင်ဘာလ ၃၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီ သံတွဲမြို့၊...
Read moreBorder News Agencyသံတွဲ၊ ဒီဇင်ဘာ ၃၁။ ကမ္ဘ့ာကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတွေဟာ လူသားချင်းစာနာမှုအကျပ်အတည်းကို မျက်ကွယ်မပြုဘဲ အရေးယူဆောင်ရွက်ပေးကြဖို့ အာရက္ခပြည်သူတွေနဲ့အတူ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တောင်းဆိုလိုက်ပါတယ်။ အဲဒီတောင်းဆိုမှုကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဒီဇင်ဘာလ ၃၀...
Read moreBorder News Agencyသံတွဲ၊ ဒီဇင်ဘာ ၃၀။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားသေဆုံးသူကိုးဦးသေဆုံးခဲ့ပြီး ဆယ့်လေးဦး ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီငပလီမြို့ကို ဒီဇင်ဘာလ ၂၉ ရက်၊ ညနေ ၈ နာရီအချိန်ခန့်က...
Read moreHey! Don't Copy my content.