တောင်ကုတ်မြို့နယ်

တောင်ကုတ်မြို့နယ် သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ တောင်ကုတ်မြို့နယ်တွင် တောင်ကုတ်မြို့၊ မအီမြို့ နှင့် တန်းလွဲရွာမမြို့တို့ ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ တောင်ကုတ်မြို့ ဖြစ်သည်။ ‌ောင်ကုတ်မြို့တွင် ‌ောင်ကုတ်တက္ကသိုလ် နှင့် နည်းပညာသိပ္ပံကျောင်း -ဆောက်လုပ်ဆဲ တို့တည်ရှိသည်။

တောင်ကုတ်နဲ့သံတွဲမှာ နီပါးဗိုင်းရပ်စ်နဲ့ ပက်သတ်ပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှလက်ကမ်းစာစောင်ဖြန့်ဝေ

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့တောင်ကုတ်ခရိုင်နဲ့ သံတွဲခရိုင်တွေမှာ  သေဆုံးနိုင်ခြေ မြင့်မားတဲ့နီပါး(Nipah Virus )ဗိုင်းရပ်စ် အထူးသတိပြု လက်ကမ်းစာစောင်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ လိုက်လံဖြန့်ဝေပေးနေပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနရဲ့ဝန်ထမ်းတွေနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ပါတီတာဝန်တွေစုပေါင်းပြီး (နီပါးဗိုင်းရပ်စ်) ရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အများပြည်သူလမ်းတွေ၊ ဈေး၊ ကားဂိတ်၊ ဘုတ်ဆိပ်၊ လမ်းခွဆုံနေရာတွေမှာ ဖြန့်ဝေပေးနေတာပါ။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ပြည်သူတွေနေထိုင်တဲ့နေရာတွေမှာ အသိပညာပေး(ဗီနိုင်း) ဆိုင်းဘုတ်ထောင်တာတွေ၊ လက်ကမ်းစာစောင်တွေဖြန့်ဝေတာတွေ စတဲ့အသိပညာပေးလုပ်ငန်းတွေကို ဌာနဆိုင်ရာနဲ့ ပူးပေါင်းအောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင်ပြည်သူတွေအနေနဲ့ နီပါးဗိုင်းရပ်စ်ဖြစ်ပွားနေတာကြောင့် ပေါ့ပေါ့ဆဆမနေဖို့နဲ့ ရောဂါကူးစက်ပြန့်ပွားလာရင် အသက်အန္တာရာယ်ရှိနိုင်တဲ့အတွက်ကြောင့် နီပါးဗိုင်းရပ်စ်အန္တရာယ်ကို အထူးသတိပြုကြဖို့ ဌာနဆိုင်ရာဝန်ထမ်းတွေမှ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့လည်း အာရက္ခဒေသအတွင်းရှိ ပြည်သူတွေ နီပါးဗိုင်းရပ်စ် (Nipah Virus)နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ဖို့ အသိပညာပီးလုပ်ငန်းတွေကို ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ အဲဒီနီပါး(Nipah)ဗိုင်းရပ်စ်ရောဂါအတွက် ကုသဆေးမရှိသေးတဲ့အတွက် ကြိုတင်ကာကွယ်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး သေဆုံးနိုင်ခြေမြင့်မားတာကြောင့် အထူးသတိပြုကြဖို့ကိုလည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ သတိပေးထားပါတယ်။ ရောဂါကူးစက်ခံရသူဟာ သေဆုံးနှုန်း ၄၀ အထက်ရှိပြီး ကူးစက်ခံရပြီးနောက် ရောဂါစပျိုးချိန်ဟာ ပုံမှန်အားနဲ့ ၄ ရက်မှ ၁၄ ရက်အထိဖြစ်ပြီး အကြာဆုံးအနေနဲ့ ၄၅ ရက်အထိရှိနိုင်တယ်လို့ သိရပါတယ်။ အာရက္ခပြည်သူတွေအနေနဲ့လည်း နီပါးဗိုင်းရပ်စ်(Nipah) သံသယဖြစ်ဖွယ် လက္ခဏာတွေဖြစ်ပေါ်ပါက အနီးအနားရှိကျန်းမာရေးဌာနကိုအမြန်ဆုံးဆက်သွယ်အကြောင်းကြားကြဖို့နဲ့ ကျန်းမာရေးဌာနမှထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာကြဖို့ကိုလည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။

Read more

တောင်ကုတ်မှာအာရက္ခပြည်သူ့ကျန်းမာရေးဌာနနဲ့ HDCO တို့ ပူးပေါင်းကာဆေးကုပေး

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်ခရိုင်အတွင်းက ကျေးရွာတွေမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနနဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့က ကွင်းဆင်းကာအခမဲ့ဆေးကုသပေးတာနဲ့ ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။ ​အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဒေသခံတွေကို ငှက်ဖျားသွေးဖောက်စစ်ဆေးပေးတာ၊ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုပေးတာအပြင် အရေပြားရောဂါနဲ့ အထွေထွေရောဂါတွေကို အခမဲ့ကုသပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ​အဲဒီအပြင် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ၅ နှစ်အောက် ကလေးငယ်ရှိတဲ့ အိမ်ထောင်စုတွေအတွက် CYC ခြင်ထောင် အလုံး ၂၅၀ ကိုထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။ နောက်ပြီး HDCO ဘက်ကလည်း ၂ နှစ်အောက် ကလေးငယ်တွေအတွက် အာဟာရနို့မှုန့်တွေ ပေးခဲ့ပါတယ်။  ​အခုလိုကွင်းဆင်းကုသပေးမှုဟာ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီတဲ့ ဒေသခံပြည်သူတွေအတွက် အထောက်အကူဖြစ်စေခဲ့တယ်လို့ သိရပါတယ်။

Read more

​တောင်ကုတ်မှာ အမျိုးသားတဦးရေနစ်သေဆုံး

Border News Agencyတောင်ကုတ်၊ ​ဇန်နဝါရီ ၁၇။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်မှာ အမျိုးသားတဦးရေနစ်သေဆုံးနေတဲ့ ရုပ်အလောင်းကို ဇန်နဝါရီလ ၁၆ ရက်၊ ညနေပိုင်းမှာ တွေ့ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီ​တောင်ရွာက အသက်လေးဆယ်သုံးနှစ်အရွယ် ဦးကိုကိုမျိုးကို ရေနစ်သေဆုံးနေတာကို ဒေသခံတွေတွေ့ခဲ့ကြတာပါ။...

Read more

တောင်ကုတ်မှာ စစ်ကျန်လက်နက် ပေါက်ကွဲလို့ အမျိုးသားနှစ်ဦးဒဏ်ရာရ

Border News Agencyတောင်ကုတ်၊ ဒီဇင်ဘာ ၂၆။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့မှာ စစ်ကျန်လက်နက်ပေါက်ကွဲလို့ အမျိုးသားနှစ်ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီစစ်ကျန်လက်နက်ကို ပန်းပဲဖိုအဖြစ် အသုံးပြုနေပြီး ဒီဇင်ဘာလ ၂၅ ရက်၊ နေ့လည် ၁၁ နာရီကျော်အချိန်ခန့်မှာ ပေါက်ကွဲမှုဖြစ်တာကြောင့်...

Read more

တောင်ကုတ်မှာ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

Border News Agencyတောင်ကုတ်၊ အောက်တိုဘာ ၂၇။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့က ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ တောင်ကုတ်မြို့နယ်၊ မီးချောင်းထိုးကျေးရွာက မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်းကို အောက်တိုဘာလ ၂၇ ရက်၊ ဒီနေ့ညနေ ၇ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ်...

Read more

တောင်ကုတ်မြို့ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

Border News Agencyတောင်ကုတ်၊ စက်တင်ဘာ ၂၆။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့ကို စက်တင်ဘာလ ၂၆ရက်၊ဒီနေ့ ညနေမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ တောင်ကုတ်မြို့ရှိ ဘုန်းကြီးကျောင်းကို ဒီနေ့ညနေသုံးနာရီကျော်အချိန်မှာ စစ်ကော်မရှင်တပ်တိုက်လေယာဥ်နဲ့ပေါင်ငါးရာဗုံးတလုံးကြဲချတိုက်လိုက်ခဲ့တာပါ။ အဲဒီပေါင်ငါးရာဗုံးကျရောက်ပေါက်ကွဲလို့ တပ်ဦးဘုန်းကြီးကျောင်းဆောင်ပြိုကျပျက်စီးသွားခဲ့ပါတယ်။ အဲဒီတောင်ကုတ်မြို့ကို အာရက္ခတပ်တော်က ၂၀၂၄...

Read more

တောင်ကုတ်မြို့ရှိ နန်းဒေဝိကေတီဗွီမှာတရားမဝင်အရက်၊ ဘီယာတွေ သိမ်းဆည်း

Border News Agencyတောင်ကုတ်၊ သြဂုတ် ၃၁ ။ တောင်ကုတ်မြို့နယ်၊ ဝက်ကျိတ်ကျေးရွာရှိနန်းဒေဝီကေတီဗွီ(KTV )မှ ပြည်ပထုတ်တရားမဝင်အရက်၊ ဘီယာတွေကို အာရက္ခတပ်တော်ရဲ့တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနက သိမ်းဆည်းရမိခဲ့ပါတယ်။ အာရက္ခအစိုးရက တရားမဝင်ထုတ်ပြန်ထားတဲ့ ပြင်ပထုတ်အရက်၊ ဘီယာတွေကို ဝက်ကျိတ်ကျေးရွာရှိ နန်းဒေဝီကေတီဗွီမှာရောင်းချနေတာမို့...

Read more

တောင်ကုတ်မှာ မြေမြုပ်မိုင်းမိလို့ အမျိုးသားတဦး ဒဏ်ရာရ

Border News Agencyတောင်ကုတ်၊ ဇွန် ၂၇။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့တောင်ကုတ်မြို့နယ်မှာ ဇွန် ၂၆ ရက်နေ့က မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးဒဏ်ရာရသွားပါတယ်။ အဲဒီတောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်၊ အောင်ချမ်းသာ ၁ လမ်းနေအသက်လေးဆယ်ငါးနှစ်အရွယ် ဦးသိန်းဝင်းမှာခန္တကိုယ်အနှံ့ ဒဏ်ရာပြင်းရသွားပါတယ်။ သူဟာ မနေ့ည...

Read more

တောင်ကုတ်မှာ ဗုံးပေါက်ကွဲလို့ အရပ်သားတဦးသေဆုံး

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်မှာ ဧပြီလ ၂၅ ရက်၊ဒိီ​နေ့မနက်က စစ်ကျန်ဗုံးပေါက်ကွဲလို့ အရပ်သားတဦးသေဆုံးသွားတယ်လို့ တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။ တောင်ကုတ်မြို့နယ်၊ စေတီကွင်းကျေးရွာက အသက်လေးဆယ်ငါးနှစ်အရွယ် ဦးမောင်သိန်းမှာ ဦးဂေါင်းပွင့်ထွက်သွားသလို၊ညာဖက်ခြေထောက်ပြတ်ထွက်သွားတာကြောင့်သေဆုံးသွားခဲ့တာလို့ ရွာသားတွေက ဆိုကြပါတယ်။ ဦးမောင်သိန်းဟာ ဧပြီလ ၂၅၊ မနက်...

Read more

တောင်ကုတ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦး ဒဏ်ရာရ

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်မှာ ဧပြီလ ၆ ရက်နေ့၊ နေ့လည်က မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးဒဏ်ရာရသွားခဲ့တယ်လို့ တောင်ကုတ်မြို့ခံတွေက ဆိုကြပါတယ်။ အဲဒီတောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းကျေးရွာက အသက်နှစ်ဆယ့်ငါးနှစ်အရွယ်ကိုဟိန်းမင်းစိုးမှာ ညာဖက်လက်ညိုးပြတ်ထွက်သွားသလို လည်ပင်းမှာလည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ သူဟာ ဒီနေ့၊နေ့လည်...

Read more
Page 1 of 3 1 2 3

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here