Border News Agency
ကန်ပက်လက်၊ နိုဝင်ဘာ ၂၉။
ချင်းပြည်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးဒေသကို နိုဝင်ဘာလ ၂၉ ရက်၊ဒီနေ့ မနက် ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
တံတားဦးလေတပ်စခန်းကနေ ပျံသန်းလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ Yak-130 အမျိုးအစား တိုက်လေယာဉ်နှစ်စီးနဲ့ သုံးကြိမ်တိုင်တိုင်ပျံဝဲပြီး ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုနဲ့ နေအိမ်အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု အသေးစိတ်အခြေအနေကိုတော့ လက်ရှိမှာ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ခုရက်ပိုင်းအတွင်း အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝှမ်းလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရမှုတွေ နေ့စဉ်လိုလိုဖြစ်ပွားနေတာ ဖြစ်ပါတယ်။






