Border News Agency
ကိုးကန့်၊ သြဂုတ် ၉။
MNDAA စစ်ဦးစီးဌာနရဲ့စစ်ရေးလေ့ကျင့်ရေးဦးစီးဌာနက သြဂုတ်လ ၈ရက်နေ့က အပတ်စဉ် ၁ တပ်သားသစ်လေ့ ကျင့်ရေး စတုတ္ထတပ်ဖွဲ့ သင်တန်းဆင်းပွဲ အခမ်းအနားကိုပြုလုပ်ခဲ့ပါတယ်။
အဲဒီသင်တန်းဆင်းပွဲမှာ သင်တန်းသားနှစ်ရာနီးပါးကို သင်ကြားခဲ့ပြီး စစ်သားသစ်လေ့ကျင့်ရေးစတုတ္ထတပ်ဖွဲ့ ဒု-တပ် ဖွဲ့မှူး Mr. Kou Jia Jie က ဦးဆောင်ကျင်းပခဲ့တယ်လို့ဆိုပါတယ်။
အဲဒီပွဲကိုစစ်ဦးစီးဌာနရဲ့စစ်ရေးလေ့ကျ င့်ရေးဦးစီးဌာနပထမဒု-ဌာနမှူး ဗိုလ်ကြီး Mr. Luo Cheng Shan ၊ဒုတိယဒု-ဌာနမှူး ဗိုလ်ကြီး Mr. Yang Ji Biao နဲ့အပတ်စဉ် ၂ တပ်သားသစ်လေ့ကျင့်ရေးဒုတိယတပ်ဖွဲ့ တပ်ဖွဲ့မှူးဗိုလ် Mr. Wang Zheng Chang တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်တပ်သားသစ်လေ့ကျင့်ရေး စတုတ္ထတပ်ဖွဲ့အဆင့်ဆင့်ရှိ တာဝန်ရှိသူတွေလည်းတက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။