Border News Agency
ကျောက်မဲ၊ ဩဂုတ်လ ၂၅။
ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သာမဏေသုံးပါးနဲ့အမျိုးသားတဦးဒဏ်ရာရသွားတယ်လို့ တအာင်းတပ်မတော်က သြဂုတ်လ ၂၅ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဒီနေ့မနက် ၁၁ နာရီ ၁၅ မိနစ်အချိန်က ကျောက်မဲမြို့နယ်၊ ပိန်န္နဲကုန်းရပ်ကွက်၊ ဝါဆိုကျောင်းဘက်ကို တိုက်ပွဲဖြစ်ပွားတာမရှိပဲ ပေါင်၂၅၀ ဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် သာမဏေသုံးပါးနဲ့အရပ်သားတွေဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
အဲဒီအပြင်နေအိမ်နှစ်ဆယ်နှစ်အိမ်၊ ကျောင်းဆောင်လေးဆောင်၊ ကားနှစ်စီးလုံးပျက်စီးသွားတယ်လို့ဆိုပါတယ်။
ကျောက်မဲမြို့နယ်ကို သြဂုတ်လ ၂၁ ရက်နေ့ကလည်းလေကြောင်းမှ ပေါင်၂၅၀ဗုံး နှစ်လုံးနဲ့ လက်နက်ကြီးဆယ့်တလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ပြည်သူလူထုနေအိမ်ခြောက်လုံးပျက်စီးသွားတယ်လို့ဆိုပါတယ်။
အဲဒါကြောင့်စစ်ကောင်စီတပ်လေကြောင်းရန်ကိုရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို ပြည်သူတွေလိုက်နာကြဖို့လိုအပ်တယ်လို့ တအာင်းတပ်မတော်က အသိပေးထုတ်ပြန်ထားပါတယ်။






