အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မောင်တောမြို့မှာဒေသကြက်တွေ ဈေးကောင်းရနေပါတယ်။ မောင်တောမြို့မှာ ဒေသအိမ်ကြမ်ကြက်အကြီးတကောင်ကိုခြောက်သောင်းကျပ်၊အလတ်တကောင်ကိုငါးသောင်းကျပ်၊အငယ်တကောင်ကို သုံးသောင်းကျပ်ထိစျေးရှိနေပါတယ်။ အဲဒီကြက်တွေကို ဘူးသီးတောင်မြို့န ယ်မှအများဆုံးလာရောက်ရောင်းချနေတာပါ။ အာရက္ခအဆုံးအဖြတ်စစ်ပွဲနောက်ပိုင်းအာရက္ခတပ်တော်ကမြို့အများစုကိုသိမ်းပိုက်ထိန်းချုပ်လိုက်တာမို့ ဒေသထွက်ကုန်တွေကို ပိုမိုထုတ်လုပ်လာကြပါတယ်။ အဲဒါကြောင့်ဒေသကြက်တွေကို ပိုမိုမွေးလာကြသလို တပိုင်တနိုင်မွေးသူတွေလည်းပိုများလာနေကြပါတယ်။
Read moreမောင်တောမြို့နယ်မြောက်ပိုင်း နယ်စပ်ဒေသကနေ အကြမ်းဖက်အဖွဲ့တွေရဲ့ ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မြိုလူမျိုးတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ခရိုင်ပါတီကော်မတီက ဦးဆောင်ပြီး ဆန်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ကူညီပေးခဲ့ပါတယ်။ အာရက္ခ-ဘင်္ဂလားနယ်စပ် ဒုံးညို၊ ကျောက်လုံးနဲ့ ပျာရည်ရွာတွေကနေ ပြောင်းရွှေ့လာတဲ့ အိမ်ထောင်စု ၇၀ (လူဦးရေ ၆၇၅ ဦး) ဟာ လက်ရှိမှာ သစ်တုံးနားခွဆုံ၊ သုပဏ္ဏကနဲ့ ရွှေတိုင်ရွာစတဲ့ နေရာတွေမှာ ခိုလှုံနေကြတာပါ။ အဲဒီလို ခိုလှုံနေသူတွေကို ပါတီတာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပူးပေါင်းပြီး ဆန်ရိက္ခာ၊ ခြင်ထောင်တွေနဲ့ ဆေးကုသမှုတွေ ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတုန်းက အကြမ်းဖက်အဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် မြိုလူမျိုးစုတွေဟာ အခုလိုဘေးလွတ်ရာကို တိမ်းရှောင်လာရတာဖြစ်ပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကလည်း သူတို့တွေ ပြန်လည်အခြေချနိုင်အောင် ဆက်လက်ကူညီပေးသွားမယ်လို့ သိရပါတယ်။
Read moreအာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်-မောင်တောလမ်းမှာ ပြန်လည်ပြုပြင်မှုမရှိသေးတာကြောင့် လမ်းတလျှောက် ချိုင့်ခွက်တွေများနေပြီး မိုးမကျမှီပြုပြင်ပေးဖို့ ခရီးသွားတွေကမျှော်လင့်နေကြပါတယ်။ အဲဒီလမ်းဟာ လက်ရှိမှာ ကုန်ကားကြီးတွေ သွားနေရပေမယ့် မိုးတွင်းဆိုရင် လမ်းအခြေအနေကြောင့် ကားကြီးတွေသွားလို့မရတော့ဘဲ စားသောက်ကုန်နဲ့ လူသုံးကုန်တွေကို ယာဉ်ငယ်တွေနဲ့ပဲ ခက်ခက်ခဲခဲ သယ်ယူနေကြရတယ်လို့ဆိုကြပါတယ်။ ရက္ခပြည်သူ့တော်လှန်ရေးအစိုးရက လမ်းတံတားတချို့ ပြုပြင်ပေးနေပေမယ့် ဒီလမ်းပိုင်းမှာတော့ စက်ယန္တရားနဲ့ နည်းပညာလိုအပ်ချက်အပြင် ကုန်ကျစရိတ် များတာကြောင့် မပြင်နိုင်သေးတာလို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီလမ်းဆိုးတာကြောင့် ခရီးကြန့်ကြာရုံတင်မကဘဲ ယာဉ်တိမ်းမှောက်မှုတွေ ဖြစ်လာမှာကိုလည်း ယာဉ်မောင်းတွေနဲ့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ မိုးတွင်းမှာလမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး ကုန်ဈေးနှုန်းတွေ အဆမတန် တက်မလာအောင် သက်ဆိုင်ရာက ဒီလမ်းပိုင်းကို အမြန်ဆုံး ပြုပြင်ပေးဖို့ ပြည်သူတွေက တောင်းဆိုနေကြပါတယ်။
Read moreအာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့မှာ ပြည်သူတွေယာဉ်အန္တရာယ်ကင်းဖို့အတွက် DLEPS ဌာနက ဦးဆောင်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လက်ကမ်းစာစောင်တွေကို ဖြန့်ဝေနေပါတယ်။ အဲဒီ မြို့ပေါ်လမ်းဆုံတွေနဲ့ ရပ်ကွက်တွေမှာလည်း အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်တွေကိုလည်း စိုက်ထူခဲ့ကြတယ်လိုသိရပါတယ်။ အဲဒီလို လှုပ်ရှားမှုတွေကို ဘူးသီးတောင်မြို့မှာလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အာရက္ခဒေသမှာ ယာဉ်တိုက်မှုတွေကြောင့် သေဆုံးဒဏ်ရာရတာတွေကို လျှော့ချနိုင်ဖို့နဲ့ စည်းကမ်းလိုက်နာမှု အားကောင်းလာစေဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
Read moreအာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မောင်တောမြို့မှာအလုပ်အကိုင် ရှားပါးမှုတွေကြောင့် ကလေးသူငယ်တွေကိုပါခေါ်ပြီး တောင်းရမ်းစားသောက်နေနေသူတွေ များပြားလာနေတယ်လို့ မောင်တောမြို့ခံတွေကဆိုကြပါတယ်။ မောင်တောမြို့သိမ်းတိုက်ပွဲ ကာလအတွင်းမှာ ဒေသတွင်းရှိ ရခိုင်၊မွတ်ဆလင်နဲ့ ဟိန္ဒူ အခြေခံလူတန်းစားတွေဟာ အလုပ်အကိုင်တွေပြတ်တောက်သွားပြီး ဝင်ငွေမရှိတော့တာကြောင့် အခုလို တောင်းရမ်းစားသောက်မှုတွေ ပိုများလာတာ ဖြစ်ပါတယ်လို့ မြို့ခံတွေကဆိုကြပါတယ်။ “အဓိကကစားဝတ်နေရေး ခက်ခဲလို့ပါ။ ကလေးတွေကိုပါခေါ်ပြီး တောင်းရမ်းနေတာ မြင်ရတာအတော်လေး အရုပ်ဆိုးပေမဲ့လည်း မိသားစုထမင်းတနပ် စားနိုင်ဖို့က သူတို့အတွက်အဓိက ဖြစ်နေပါတယ်။" လို့မောင်တောမြို့ရှိမွတ်ဆလင်လူကြီးတဦးက Border News Agency ကိုပြောပါတယ်။ မောင်တောမြို့ရှိ မြို့ပေါ်ရပ်ကွက်တွေနဲ့ လူစည်ကားရာနေရာတွေမှာ ကလေးငယ်တွေကို ချီပိုးပြီးတောင်းရမ်းနေတာတွေကို နေ့စဉ်တွေ့မြင်နေရတာဖြစ်လို့ ဒါဟာ ဒေသတွင်းက ဆင်းရဲနွမ်းပါးမှု ပြဿနာကိုဖော်ပြနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အာရက္ခဒေသမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးတာကြောင့် အခြေခံလူတန်းစားတွေဟာ စားနပ်ရိက္ခာအတွက် အခက်အခဲများစွာနဲ့ရင်ဆိုင်နေကြရပြီး အဲဒီအခြေအနေတွေကိုအမြန်ဆုံး ဖြေရှင်းပေးနိုင်ဖို့ လိုအပ်နေတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။
Read moreအာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့မောင်တောဒေသအတွင်း ခုနှစ်နွေစပါးစိုက်ပျိုးမှုတွေဟာ အရင်နှစ်တွေကထက် ပိုမိုဖြစ်ထွန်းအောင်မြင်နေပေမယ့် သွင်းအားစုနဲ့ စက်ကိရိယာအကူအညီတွေ လိုအပ်နေကြတယ်လို့ တောင်သူတွေကဆိုကြပါတယ်။ အာရက္ခဒေသအတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် မောင်တောမြို့နယ်ရှိ ဆည်တွေနဲ့ ရေချိုတောင်ကျချောင်းတွေအနီးရှိ မြေနေရာတွေကိုအဓိကထားကာ ခု ၂၀၂၆ ခုနှစ်အတွင်း အားတက်သရော စိုက်ပျိုးနေကြတာဖြစ်တယ်လို့ဆိုကြပါတယ်။ အဲဒါကြောင့် စိုက်ပျိုးရေးတိုးချဲ့ဖို့အတွက်အကူအညီတွေလိုအပ်နေတယ်လို့ နွေစပါးစိုက်တောင်သူတွေကဆိုကြပါတယ်။ "နွေစပါးတိုးချဲ့ဖို့အတွက်ဆိုရင် အဓိက မြေဆီ၊မြေဩဇာနဲ့ ပိုးသတ်ဆေးတွေ လိုအပ်ပါတယ်။နောက်ထပ် ဧကပြတ်အောင် တိုးချဲ့စိုက်ပျိုးလို့ရပေမယ့် လယ်ထွန်စက်နဲ့ လုပ်အားခစရိတ်တွေ အခက်အခဲရှိနေပါတယ်။ဒါကြောင့် အကူအညီတွေလိုပါတယ်။"လို့ မောင်တောမြို့နယ်ရှိ နွေစပါးစိုက်တောင်သူတဦးက Border News Agency ကိုပြောပါတယ်။ အဲဒီ မောင်တောမြို့နယ်မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ လမ်းညွှန်မှုနဲ့အတူ တိုက်ပွဲတွေကြောင့် ပျက်စီးသွားတဲ့ စိုက်ပျိုးရေးကဏ္ဍပြန်လည်ဦးမော့လာစေဖို့ အတွက်ရွယ်ရည်ပြီးစိုက်ပျိုးနေကြတာလို့ဒေသခံတွေကဆိုကြပါတယ်။ အဲဒါကြောင့် တိုက်ပွဲတွေငြိမ်သက်လာရင် စိုက်ပျိုးရေးတွေပိုမိုတိုးချဲ့လုပ်ကိုင်ချင်တယ်လို့ တောင်သူတွေကဆိုကြပါတယ်။ "တိုင်းပြည်အေးချမ်းလာရင် နွေစပါးတင်မကဘဲ မိုးစပါးပါ ဒီထက်ပိုပြီးတိုးချဲ့လုပ်ကိုင်ချင်ပါတယ်။ အခုလောလောဆယ်တော့ ဒီနွေစပါးစိုက်ခင်းတွေကိုပဲ ရှိတာလေးနဲ့အကောင်းဆုံးဖြစ်အောင် ပြုပြင်လုပ်ကိုင်နေရတာပါ။"လို့ တောင်သူတဦးကဆိုပါတယ်။ အာရက္ခဒေသတွင်း ရိက္ခာဖူလုံရေးအတွက် အရေးပါတဲ့ နွေစပါးစိုက်ပျိုးမှု ပိုမိုအောင်မြင်လာစေဖို့ ခေတ်မီစိုက်ပျိုးရေးနည်းပညာတွေနဲ့စက်ကိရိယာအကူအညီတွေအကူအညီတွေလိုအပ်နေတာလို့ဆိုကြပါတယ်။ အဲဒါကြောင့် မောင်တောဒေသ နွေစပါးပိုပြီးဖြစ်ထွန်းအောင်မြင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အကူအညီတွေပေးဖို့ တောင်သူတွေကတောင်းဆိုနေကြပါတယ်။
Read moreအာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မောင်တောမြို့မှာ မြို့သိမ်းတိုက်ပွဲအပြီး နောက်ဆက်တွဲအဖြစ် အလုပ်အကိုင်နဲ့ ဝင်ငွေတွေလုံးဝပြတ်တောက်သွားတာကြောင့် အခြေခံလူတန်းစားတွေဟာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို အပြင်းအထန် ရင်ဆိုင်နေကြရပါတယ်။ အဲဒီလို စားဝတ်နေရေး ကျပ်တည်းမှုတွေကြောင့် မြို့ပေါ်မှာရှိတဲ့ ရခိုင်၊ မွတ်ဆလင်နဲ့ ဟိန္ဒူ တချို့ဟာ တောင်းရမ်းစားသောက်ပြီးတော့ပဲ ခက်ခဲစွာ အသက်ဆက်နေကြရတာ ဖြစ်ပါတယ်။ မိသားစုထမင်းတနပ် အဆင်ပြေဖို့အတွက် ကိုယ့်ရဲ့ရင်သွေးငယ်တွေကိုပါ လမ်းဘေးခေါ်ထုတ်ပြီး တောင်းရမ်းခိုင်းနေရတဲ့ မြင်ကွင်းတွေဟာ မြို့ပေါ်မှာ နေ့စဉ်နဲ့အမျှ ပိုပြီးများပြားလာနေတာပါ။ မောင်တောဒေသဟာ စစ်ဘေးဒဏ်ကနေ ငတ်မွတ်မှုဒဏ်ဆီကို ကူးပြောင်းရောက်ရှိနေတာကြောင့် ဒီအခြေခံလူတန်းစားတွေအတွက် စားနပ်ရိက္ခာနဲ့အလုပ်အကိုင် အခွင့်အလမ်းတွေ အရေးပေါ် ဖော်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။
Read moreBorder News Agency မောင်တော၊ ဖေဖော်ဝါရီ ၂၀။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မှာ မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ဖို့ဖွင့်လှစ်ခဲ့တဲ့ အရံမီးသတ်သင်တန်း ပထမအကြိမ်ဟာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပြီးဆုံးသွားခဲ့ပါတယ်။ အဲဒီသင်တန်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့ကတည်းက စတင်ခဲ့တာဖြစ်ပြီး ရခိုင်၊ မူဆလင်၊ ဟိန္ဒူ၊ မြို၊ သက် စတဲ့ ဒေသခံလူမျိုးပေါင်းစုံ ၁၀၀ နီးပါး တက်ရောက်ခဲ့တာပါ။ သင်တန်းမှာ မီးငြှိမ်းသတ်နည်းတွေအပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ မီးသတ်ဆေးဘူး အသုံးပြုနည်းတွေကို လက်တွေ့သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။ ဒီအရံမီးသတ်တပ်ဖွဲ့ဝင်တွေဟာ အမြဲတမ်းတာဝန်ထမ်းဆောင်ရမှာ မဟုတ်ဘဲ မိမိတို့ရပ်ရွာမှာ မီးဘေးအန္တရာယ် ပေါ်ပေါက်လာတဲ့အခါမှာသာ အာရက္ခပြည်သူ့အစိုးရရဲ့ မီးသတ်ဌာနနဲ့ပူးပေါင်းပြီး ကူညီဆောင်ရွက်သွားကြမှာပါ။ အခုလို ဆောင်းနဲ့ နွေရာသီတွေမှာ မီးလောင်မှုတွေ မကြာခဏ ဖြစ်ပွားတတ်တာကြောင့် အာရက္ခပြည်သူ့အစိုးရ မီးသတ်ဌာနအနေနဲ့ဒေသအနှံ့မှာ အရံမီးသတ်တပ်ဖွဲ့ဝင်သစ်တွေကို အရှိန်အဟုန်မြှင့် ထပ်မံစုဆောင်းနေပါတယ်။
Read moreအာရက္ခဒေသမှာရှိတဲ့ မွတ်ဆလင်တွေဟာ ဖေဖော်ဝါရီလ ၁၉ ရက်၊ဒီနေ့မနက် အာရုံတက်ချိန်ကစပြီး ရာမဒန်ဥပုဒ်ကာလကို စတင်လိုက်ပြီလို့ ဒေသခံတွေထံကနေ သိရပါတယ်။ အဲဒိီရာမဒန်ဥပုဒ်ကာလကို ဖေဖော်ဝါရီလ ၁၉ ရက်ကနေ မတ်လ ၁၆ ရက်နေ့အထိ ရက်ပေါင်း ၃၀ ကြာ ဥပုဒ်ဆောက်တည်ကြမှာ ဖြစ်ပါတယ်။ "ရခိုင်ကမွတ်ဆလင်အများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ လမြင်တဲ့အတိုင်း ဒီနေ့ကစပြီး ရာမဒန်ဥပုဒ်ကာလ စတင်ကြတာပါ။တချို့ကတော့မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မနက်ဖြန်မှ စတင်ကြမှာဖြစ်တယ်။" ဘူးသီးတောင်မြို့ရှိမွတ်ဆလင်လူကြီးတဦးက Border News Agency ကို ပြောပါတယ်။ အဲဒီ ဥပုဒ်ဆောက်တည်သူတွေဟာ မနက်အာရုံမှာအစတ္တာရီ စားသောက်ပြီးချိန်ကစလို့ တနေကုန် အစာရေစာ လုံးဝမစားသော က်ကြသလို တံတွေးတောင် မျိုချတာမျိုးမလုပ်ဘဲ တင်းတင်းကျပ်ကျပ် ဥပုဒ်ဆောက်တည်ကြရတာ ဖြစ်ပါတယ်။ ဗလီဝတ်ပြုပြီးချိန် ညနေ ၆ နာရီမှာတော့ အစ္စတာရီ ညစာအဖြစ် ဇီလာဘီ၊ ဆော်နာပူ၊ စမူဇာ စတဲ့ မွတ်ဆလင်ရိုးရာ အစားအစာတွေအပြင် ကျောက်ကြော၊အုန်းသီး၊ ဖရဲသီး၊ ဖာလူဒါနဲ့ အအေးမျိုးစုံ၊ သစ်သီးဝလံတွေကို စားသောက်ပြီး ဝါဖြေကြတာလည်း ဖြစ်ပါတယ်။ ဒီလိုမျိုး တလပြည့်မြောက်တဲ့နေ့မှာတော့ မွတ်ဆလင်တွေရဲ့ အီးဒ်ပွဲတော်ကို တကမ္ဘာလုံးအတိုင်းအတာနဲ့ ကျင်းပပြုလုပ်သွားကြမှာ ဖြစ်ပါတယ်လို့ မူဆလင်လူမျိုးတွေကဆိုကြပါတယ်။
Read moreBorder News Agency မောင်တော၊ ဖေဖော်ဝါရီ ၁၉။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ အာရက္ခဒေသကမြို့နယ်တွေမှာ ယာဉ်မတော်တဆမှုတွေ လျော့ပါးသွားအောင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို အခုရက်ပိုင်းမှာတင်းတင်းကျပ်ကျပ် စစ်ဆေးလာနေပါတယ်။ အဲဒီလို စစ်ဆေးတဲ့နေရာမှာ အသိပညာပေးတဲ့အစီအစဉ်တွေကိုပါ ထည့်သွင်းလုပ်ဆောင်နေတာဖြစ်ပြီး မြို့ထဲမှာဆိုင်ကယ်စီးရင်း ဦးထုပ်မဆောင်းသူတွေနဲ့ လူပိုတင်သူတွေကို DLEPS အဖွဲ့တွေက ခေတ္တခေါ်ယူ စစ်ဆေးနေတာပါ။ စည်းကမ်းမလိုက်နာတဲ့သူတွေကို ယာဉ်စည်းကမ်းဆိုင်ရာမေးခွန်းတွေ စာရွက်ပေါ်မှာဖြေဆိုခိုင်းပြီး မဖြေနိုင်တဲ့သူတွေကိုတော့ အသိပညာပေးစာအုပ်တွေ ဖတ်ရှုခိုင်းတာ၊ ရှင်းပြပေးတာမျိုးတွေ လုပ်နေတယ်လို့ သိရပါတယ်။ အဲဒီအပြင် တချို့မြို့တွေမှာတော့ စည်းကမ်းမလိုက်နာသူတွေကို ဒဏ်ငွေရိုက်တာ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးဥပဒေ ပုဒ်မ-၈၇ အရ ထောင်ဒဏ် (ဒါမှမဟုတ်) ဒဏ်ငွေ သုံးသောင်းကျပ်စီကို သက်ဆိုင်ရာတရားရုံးကနေ အရေးယူတာမျိုးတွေလည်း ရှိနေပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကတော့ ယာဉ်မောင်းသူတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ထုတ်ပြန်ထားပြီးသားဖြစ်သလို လမ်းသွားလာတဲ့အခါ ယာဉ်အင်္ဂါရပ်နဲ့အညီ ပစ္စည်းစုံလင်စွာ တပ်ဆင်သွားလာဖို့လည်း ညွှန်ကြားထားပါတယ်။ အာရက္ခပြည်သူတွေအနေနဲ့လည်း ယာဉ်မတော်တဆမှုကြောင့် ထိခိုက်သေဆုံးတာတွေ မရှိရအောင် သတ်မှတ်ထားတဲ့ စည်း ကမ်းတွေကို လိုက်နာပြီး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ အစိုးရဘက်က တိုက်တွန်းထားပါတယ်။
Read moreHey! Don't Copy my content.