Border News Agency
ဒါကာ၊ ဖေဖော်ဝါရီ ၂၃ ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် တာရက်ခ်ရာမန်ဟာ ဖေဖော်ဝါရီလ ၂၃ ရက်၊ ဒီနေ့မှာ ဒါကာစစ်တပ်နယ်မြေထဲက လက်နက်ကိုင်တပ်ဖွဲ့များဌာနချုပ်မှာရှိတဲ့ ဝန်ကြီးချုပ်ရုံးခန်းကို ပထမဆုံးအကြိမ်အဖြစ် သွားရောက်ရုံးထိုင်ခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟာ မနက် ၉ နာရီမှာ ရုံးကိုရောက်ရှိလာတာဖြစ်ပြီး တပ်ဖွဲ့အသီးသီးက အကြီးအကဲတွေက သူ့ကိုနွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ ဝန်ကြီးချုပ်က တပ်ဖွဲ့အကြီးအကဲတွေနဲ့ ရင်းရင်းနှီးနှီးနှုတ်ဆက်စကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဝန်ကြီးချုပ်ဟာ ရာထူးတိုးမြှင့်ခံရတဲ့ ကြည်းတပ်အရာရှိကြီးနှစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မီရ်မွတ်ရှ်ဖီကာ ရာမန် နဲ့ ဗိုလ်ချုပ် ကိုင်ဆာရာရှစ်ချောင်ဒရီတို့ကို အဆင့်တံဆိပ်တွေ ကိုယ်တိုင်တပ်ဆင်ပေးခဲ့ပါတယ်လို့ သိရပါတယ်။











