Border News Agency
ကျောက်တော်၊ အောက်တိုဘာ ၁၅။
ကျောက်တော်မြို့၊ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားလေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေ၊ ဒဏ်ရာရသူတွေနဲ့စစ်ရှောင်တွေအတွက် အောက်တိုဘာလ ၁၄ ရက်နေ့က ပြည်တွင်းပြည်ပအလှူရှင်တွေမှ ကျပ်သိန်းနှစ်ထောင်ကျော်ကို ဝေဟင်အောင် ပရဟိတအဖွဲ့မှတဆင့်ကူညီထောက်ပံ့ပေးခဲ့ပါတယ်။
အဲဒီအာရက္ခဒေသက အကြီးဆုံးစစ်ရှောင်စခန်းလေးခု၊ လူဦးရေခုနှစ်ထောင်ငါးရာခန့် ခိုလုံနေကြတဲ့နေရာတွေက အိမ်ထောင်စု တထောင့်ခြောက်ရာခုနှစ်စုအတွက် တစုကိုတသိန်းနှုန်းနဲ့ စုစုပေါင်းသိန်း တထောင့်ခြောက်ရာခုနှစ်သိန်းကို ကူညီထောက်ပံ့ပေးခဲ့တာပါ။
အဲဒီအပြင်ဒဏ်ရာရလူနာတွေနဲ့သေဆုံးလူတွေထဲက ဆက်သွယ်လို့ရသလောက်ကို တဦးကိုပထမတကြိမ် ဆယ်သိန်းကျပ်၊ ဒုတိယတကြိမ်ရှစ်သိန်းနှုန်းနဲ့ စုစုပေါင်းသိန်းလေးရာငါးဆယ်ခန့်ကို ဖြန့်ဝေလှူဒါန်းပေးခဲ့တာပါ။
လှူဒါန်းခဲ့တဲ့အလှူဟာ ပြည်တွင်း/ပြည်ပမှ အလှူရှင်၊ စေတနာရှင်တွေရဲ့အလှူငွေကို ဝေဟင်အောင် ပရဟိတအဖွဲ့မှလက်ခံကာ ULA၊ အုပ်ချုပ်ရေး၊ HDCO တိုနဲ့အတူ တဆင့်ပြန်လည်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။










