Border News Agency
ပလက်ဝ၊ဇူလိုင် ၇။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပလက်ဝခရိုင်မှာအာရက္ခအမျိုးသားပညာရေးဌာနကဦးစီးပြီး မူလတန်းပြဆရာအတတ်သင်အပတ်စဉ်ငါးသင်တန်းဆင်းပွဲကို ဇူလိုင်လ ၆ ရက်နေ့လုပ်ခဲ့ပါတယ်။
အဲဒီသင်တန်းကို ပလက်ဝခရိုင်နေရာနှစ်ခုမှာသင်တန်းသားဆရာ၊ဆရာမ သုံးရာနီးပါးတက်ရောက်ပြီး သင်တန်းနှစ်လကျော်မှာထူးချွန်သူတွေကိုဆုတွေပေးခဲ့ပါတယ်။
အဲဒီစနစ်သစ်အဆင့်မြင့်သင်ကြားရေးပညာရပ်တွေအပြင် မိဘ၊ကျောင်းသားတွေနဲ့ပေါင်းသင်းဆက်ဆံရေးအတွေ့ အကြုံကောင်းတွေရခဲ့တယ်လို့ ဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာပလက်ဝအပါအဝင်ထိန်းချုပ်မြို့ တွေမှာ အာရက္ခအမျိုးသားပညာရေးကို ဆောင်ရွက်နေပါတယ်။
















