Border News Agency
လက်ပံတန်း၊အောက်တိုဘာ ၁၆။
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာသို့စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)တိုက်ခိုက်တာကြောင့် စစ်ကော်မရှင်တပ်ကဆယ့်ငါးဦးသေပြီးဆယ့်နှစ်ဦးဖမ်းဆီးရခဲ့တယ်လို့ အောက်တိုဘာလ ၁၆ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒါဟာ အောက်တိုဘာလ ၁၅ ရက်၊မနက် ၁၀နာရီကျော်အချိန်က ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနအောက်ရှိ ဗျူဟာ ၂၂ ရဲ့ညွှန်ကြားမှုနဲ့ အမှတ် ၃၈၀၂ တပ် ရင်း၊ အမှတ် ၃၈၀၃ တပ်ရင်း၊ ရွှေတန်းမြေ PDF နဲ့ဂဠုန် PDF တပ်ဖွဲ့တွေပေါင်းတိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီအပြင် စစ်သုံးလက်နက်ဆယ့်ကိုးလက်၊ ခဲယမ်းတွေ၊ စစ်သုံးပစ္စည်းတွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။










