Border News Agency
စစ်ကိုင်း၊ နိုဝင်ဘာ ၂၅။
စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်ခရိုင်သိမ်းငှက်စစ်ဆင်ရေးမှာ စစ်ကော်မရှင်တပ်၊ စောထီးစခန်းရှစ်ခုနဲ့ ကျေးရွာဆယ့်ခုနှစ်ရွာကို ထိန်းချူပ်နိုင်ခဲ့တယ်လို့ မော်လိုက်တော်လှန်ရေး(MawlaikRevolutions)အဖွဲ့မှ နိုဝင် ဘာလ ၂၄ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီမော်လိုက်ခရိုင်၊ တော်လှန်ရေးအင်အားစုတွေဟာ မော်လိုက်ခရိုင်သိမ်းငှက်စစ်ဆင်ရေးအမည်နဲ့ ပြီးခဲ့တဲ့သြဂုတ်လမှစပြီး စစ်ကော်မရှင်တပ်စခန်းတွေ၊ ပျူစောထီးစခန်းတွေကို သုံးလကျော်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးစခန်းရှစ်ခုနဲ့ကျေးရွာဆယ့်ခုနှစ်ရွာကို ထိန်းချူပ်ထားနိုင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းအမြောက်အများကိုလည်သိမ်းဆည်းနိုင်ခဲ့ပြီး စစ်သုံ့ပန်းအများအပြားကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတရာကျော်သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့လည်းဆိုပါတယ်။


















