Border News Agency
မြောက်ဦး၊ ဒီဇင်ဘာ ၈။
ယောကာကွယ်ရေးတပ် – YDF ရဲ့ ဒဏ်ရာရရဲဘော်တွေအတွက် အာရက္ခတပ်တော်(AA)ဒု-စစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်ဦးဆောင်တဲ့ သူပုန်ဖြူအဖွဲ့ကစာအုပ်တွေ လက်ဆောင်ပေးခဲ့တယ်လို့ YDF က ဒီဇင်ဘာလ ၈ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်တော်လှန်ရေး လေးနှစ်ကျော်ကာလအတွင်း ရွတ်ရွတ်ချွံချွံတိုက်ပွဲဝင်ရင်းဒဏ်ရာရကာ ယောကာကွယ်ရေးတပ် – YDF မှကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေအတွက် သူပုန်ဖြူကဗျာစာအုပ် နှစ်ဆယ့်ငါးအုပ်ပေးခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ယောကာကွယ်ရေးတပ်မှ ဒဏ်ရာရရဲဘော်တွေမှာ ဝမ်းမြောက်ဂုဏ်ယူဖွယ်စိတ်ခွန်အားတွေဖြစ်ခဲ့ပြီး အဲဒီအတွက်ကျေးဇူးအထူးတင်ရှိတယ်လို့ဆိုပါတယ်။













