Border News Agency
မဲဆောက်၊ ဒီဇင်ဘာ ၁၈။
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ အကြီးဆုံးလိမ်လည်မှု-၂၀၂၅ အတုယောင်ရွေးကောက်ပွဲနဲ့ပက်သက်ပြီး ဒီဇင်ဘာလ ၁၈ ရက်၊ ဒီနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
အဲဒီသတင်းစာရှင်းလင်းပွဲဟာ အတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ တချို့အရေးကြီးသော သတင်းအချက်အလက်တွေကို နိုင်ငံတကာနဲ့ ပြည်သူတွေကိုသိစေချင်လို့ ရည်ရွယ်ပြီးပြုလုပ်တယ်လို့ တွဲဖက်အထွေထွေအတွင်းရေးမှူး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) ဒေါ်နှင်းနှင်းမွှေးက ဆိုပါတယ်။
အဲဒီအပြင် လူထုဆန္ဒနဲ့မကိုက်ညီမှု၊ ပြည်သူများရဲ့လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးကိုချိုးဖောက်ဖိနှိပ်မှု၊ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်မှု၊ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မဲ့ နိုင်ငံရေးပါတီများနဲ့ လူထုကိုယ်တိုင်နားမလည်နိုင်တဲ့ PR နဲ့ FPTP စနစ်များရှုပ်ထွေးမှုများကို ရှင်းလင်းပေးသွားခဲ့ပါတယ်။
နောက်ပြီး မဲဆန္ဒနယ်မြေများကို စစ်အုပ်စုအလိုကျခွဲခြားထားမှုနဲ့ အတုယောင်ရွေးကောက်ပွဲ အပိုင်း(၁)ကျင်းပရုံနဲ့ ပြည်ထောင်စုလွှတ်တော်ခေါ်ယူနိုင်အောင်ဖန်တီးထားမှု စတဲ့တွေ့ရှိချက် ၈ ချက်တွေကို ဆက်လက်ရှင်းလင်းပေးသွားခဲ့ပါတယ်။








