Border News Agency
ကလေး၊ ဒီဇင်ဘာ ၂၁။
မြန်မာ – အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းတလျှောက် ကလေး – တီးတိန် – ရိဒ်မှာ ရွေးကောက်ပွဲဆန့်ကျင်တဲ့ ဆိုင်းဘုတ်တွေ စိုက်ထူခဲ့ကြတယ်လို့ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီ ထုတ်ပြန်ပါတယ်။
အဲဒီ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဇိုမီးဖက်ဒရယ်အစည်းအရုံး – ZFU နဲ့အတူပူးပေါင်းပြုလုပ်ခဲ့တာလို့ ဆိုပါတ ယ်။
အဲဒီစိုးမိုးဒေသတွေမှာ စစ်အုပ်စုရွေးကောက်ပွဲကျင်းပနိုင်ဖို့ အပြင်းအထန်စစ်ကြောင်းထိုးနေပြီး မြို့ပြနဲ့ သူတို့ထိန်းချုပ်ဒေသမှ ပြည်သူတွေကို သေနတ်မိုးပြီး အတင်းမဲထည့်ခိုင်းမှာလို့ လည်းဆိုပါတယ်။
စစ်ကော်မရှင်တပ်စိုးမိုးဒေသတွေမှ ပြည်သူတွေဟာ အတုအယောင်ရွေးကောက်ပွဲကို အလုံခြုံဆုံးနည်းလမ်းတွေနဲ့ ဆန့်ကျင်ပေးကြဖို့ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက တိုက်တွန်းထားပါတယ်။


















