Border News Agency
ကလေးမြို့၊ ဇန်နဝါရီ၂၅။
ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ ရွေးကောက်ပွဲဆန့်ကျင်ဖို့ လူထုဟောပြောပွဲ လှုပ်ရှားမှုကိုပြုလုပ်ခဲ့တယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ ဇန်နဝါရီလ ၂၅ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီလူထုဟောပြောပွဲမှာ “အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက် ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်”ဆိုတဲ့ စာသားတွေနဲ့အတူ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီလှုပ်ရှားမှုကို ကလေးမြို့ဒေသခံတွေနဲ့ပူးပေါင်းပြီး တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို လူထုတွေအနေနဲ့ဆန့်ကျင်ကြဖို့အတွက် လူထုဟောပြောပွဲ လှုပ်ရှားမှုကိုပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလွတ်မြောက်ဒေသ၊ စိုးမိုးဒေသတွေမှာ စစ်အုပ်စုအနေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အပြင်းအထန်စစ်ကြောင်းထိုးနေပြီး၊ မြို့ပြနဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ ဒေသကပြည်သူတွေကိုသေနတ်မိုးပြီး အတင်းအကြပ်မဲထည့်ခိုင်းမှာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်စိုးမိုးထားတဲ့ ဒေသတွေမှပြည်သူတွေအနေနဲ့ အတုအယောင်ရွေးကောက်ပွဲကို အလုံခြုံဆုံးနည်းလမ်းတွေနဲ့ ဆန့်ကျင်ပေးကြဖို့ကို အသိပေးထားပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကော်မရှင်ရဲ့ ဖိနှိပ်မှုကိုငြိမ်ခံမနေပဲ စစ်အာဏာရှင်စနစ်ကိုကျေးလက်ပုန်ကန်၊ မြို့ပြဖီဆန်ကာ တော်လှန်ရေးမီးစာအမြင့်ဆုံးသို့ မြှင့်တင်ကာ၊ ရရာကဏ္ဍနည်းလမ်းအသီးသီးမှ ပါဝင်တိုက်ပွဲဝင်နိုင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

















