Border News Agency
မြောက်ဦး၊ ဖေဖော်ဝါရီ ၁။
အာရက္ခတပ်တော်(AA) ထိန်းချုပ်နယ်မြေမှာ အစ္စလာမ်ဘာသာရေးဆုပေးပွဲကို ဇန်နဝါရီလ ၃၁ ရက်နေ့မှာ စည်စည်ကားကား ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားကို “အာရက္ခနိုင်ငံတော်သီချင်း” နဲ့စတင်ဖွင့်လှစ်ခဲ့ပြီး ULA/AA အကြီးအကဲတွေ၊ဘာသာရေးခေါင်းဆောင်တွေနဲ့ ဒေသခံ ၁,၅၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။
ဒီနှစ်မှာတော့ မြောက်ဦးခရိုင်အတွင်းက မဒ္ဒရာဆာစာသင်ကျောင်းဆယ်ကျောင်းက ကျောင်းသား ၄၀၂ ဦး စာမေးပွဲဖြေဆိုခဲ့ကြတာပါ။
အဲဒီထဲမှာ ၆ ဘာသာလုံး ဂုဏ်ထူးရတဲ့ ကျောင်းသားတဦးအပါအဝင်၊ဂုဏ်ထူးရသူ ၆၁ ဦးနဲ့ စာမေးပွဲအောင်မြင်သူ ၂၄၀ ကျော်ကို ဆုတွေအသီးသီး ချီးမြှင့်ခဲ့ကြပါတယ်။
အရင်စစ်ကော်မရှင်လက်ထက်မှာ ဘာသာရေးလွတ်လပ်ခွင့်ပိတ်ပင်ခံခဲ့ရပေမယ့် ခု အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်ထက်မှာတော့ လူမျိုးဘာသာမခွဲခြားဘဲ တန်းတူအခွင့်အရေးတွေ ရလာတဲ့အတွက် မူဆလင်အသိုင်းအဝန်းက ဝမ်းမြောက်နေကြပါတယ်။
အဲဒီလူမျိုးပေါင်းစုံ ချစ်ခင်ရင်းနှီးစွာ အတူတကွ နေထိုင်နေကြတဲ့အရောင်အသွေးစုံ လူမှုဘဝပုံရိပ်တွေကို အခုအခါ အာရက္ခပြည်မှာ လက်တွေ့မြင်တွေ့နေရပြီလို့လည်း ဒေသခံတွေက ဆိုပါတယ်။

































