Border News Agency
ရွှေဘို၊ ဇန်နဝါရီ ၃၁။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်းပြသတဲ့အနေနဲ့ “ငါတို့ မဲမပေးခဲ့”ဆိုတဲ့ လူထုလှုပ်ရှားမှုကို မနေ့က ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုကို ရွှေဘိုမြို့နယ်၊ သပိတ်အင်အားစုက ဦးဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ပြည်သူတွေက “ငါတို့ မဲမပေးခဲ့” ဆိုတဲ့ စာသားတွေကိုကိုင်ဆောင်ကာ စစ်ကော်မရှင်တပ်ရဲ့တရားမဝင်ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ဆန္ဒ လုံးဝမပါဝင်ကြောင်း ပြတ်ပြတ်သားသား သက်သေပြခဲ့ကြတာပါ။
စစ်အုပ်စုက ဘယ်လိုပဲအတင်းအကျပ်ရွေးကောက်ပွဲကျင်းပဖို့ ကြိုးစားနေပါစေ၊ ပြည်သူတွေကတော့ စစ်အာဏာရှင်စနစ်အောက်မှာ မဲပေးမှာမဟုတ်ဘူးဆိုတာကို ခုလိုလမ်းပေါ်ထွက် ဆန္ဒပြပြီးတုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။















