BNA

စစ်တွေခရိုင်

ယိုးငူလေကြောင်းတိုက်ခိုက်ခံမှု သေဆုံးသူ ၁၈ ဦးရှိလာ

Border News Agency  ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၂၅။ ​အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို ဖေဖော်ဝါရီလ ၂၄ ရက်၊ နေ့လည် ၂ နာရီကျော်အချိန်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့အရပ်သား ၁၈ ဦးအထိသေဆုံးသွားပြီး ၁၆ ဦးဒဏ်ရာရာပြင်းပြင်းထန်ထန်ရသွားခဲ့ပါတယ်။ အဲဒီ ယိုးငူရွာထဲမှာ ဈေးရောင်းဈေးဝယ်လုပ်နေကြတဲ့ ပြည်သူတွေဟာ နေရာမှာတင် သေဆုံးခဲ့ကြတာပါ။ အဲဒီအပြင် ရွာထဲကလူနေအိမ်တွေနဲ့ ဈေးဆိုင်ခန်းအချို့လည်း မီးလောင်ပြာကျ ပျက်စီးသွားခဲ့ရပါတယ်။ စစ်ကော်မရှင်တပ်ဟာ ​စစ်ရေးပစ်မှတ်မဟုတ်ဘဲ ပြည်သူတွေစုဝေးနေတဲ့ ဈေးနေရာကိုလေကြောင်းကနေ ရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ​အဲဒီ ဒဏ်ရာရရှိထားသူတွေကို အရေးပေါ်ဆေးကုသပေးနေရပေမယ့် အခြေအနေတွေက စိုးရိမ်ရဆဲပဲလို့ သိရပါတယ်။

Read more

ယိုးငူရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် HDCO ကကန့်ကွက်ရှုတ်ချ

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ​ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူရွာက ဈေးဆိုင်တန်းကို စစ်ကော်မရှင်တပ်ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၁၇ ဦး သေဆုံးခဲ့ရတဲ့အပေါ် လူသားချင်းစာနာထောက်ထားရေးနဲဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ကကန့်ကွက်ရှုတ်ချလိုက်ပါတယ်။  အဲဒီ စစ်ကော်မရှင်တပ်ရဲ့လူမဆန်တဲ့ တိုက်ခိုက်ခဲ့လီု့ ပြည်သူ ၁၄ ဦးလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ရပြီးအားလုံးဟာ သွေးအိုင်ထဲမှာ ရက်စက်စွာ ပေးဆပ်ခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။ ​စစ်ရေးနဲ့ လုံးဝသက်ဆိုင်တာမရှိတဲ့ ကျေးရွာဈေးတန်းကို နေ့ခင်းကြောင်တောင် လေကြောင်းတိုက်ခိုက်တာဟာ နိုင်ငံတကာ စစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်းတင်း ကျူးလွန်တာဖြစ်တယ်လို့ HDCO က ဆိုပါတယ်။ ဒါဟာ အရပ်သားတွေကို အကာအကွယ်ပေးရမယ်ဆိုတဲ့ ဂျီနီဗာကွန်ဗင်းရှင်းပါ အခြေခံမူတွေကို စစ်ခေါင်းဆောင်က ဗြောင်ကျကျချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်လိုက်တာပဲ ဖြစ်ပါတယ်။ အဲ​ဒီတိုက်ခိုက်မှုကြောင့် ပြည်သူပိုင်နေအိမ်တွေနဲ့ ဈေးဆိုင်တွေလည်း ပျက်စီးဆုံးရှုံးခဲ့ရပြီး ရွာထဲမှာအပိုင်းပိုင်းပြတ်နေတဲ့ ရုပ်အလောင်းတွေနဲ့အတူ ဒေသခံတွေဟာ အလွန်တရာတုန်လှုပ်ခြောက်ခြားနေကြရပါတယ်။ စစ်ခေါင်းဆောင်ဟာ သူ့ရဲ့အာဏာတည်မြဲဖို့အတွက် ဘာမဆိုင်တဲ့ကလေးငယ်တွေကိုပါမချန်ပစ်မှတ်ထားသတ်ဖြတ်နေတာဟာ ကမ္ဘာကသိသင့်တဲ့ အကြမ်းဖက်မှုအစစ်အမှန်ပဲ ဖြစ်ပါတယ်။  HDCO အနေနဲ့ ထိခိုက်သေဆုံးသွားတဲ့ မိသားစုတွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရတယ်လို့ ပြောကြားထားပြီး လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေကို တခြားအာရက္ခဌာနတွေနဲ့ ပူးပေါင်းကာ အမြန်ဆုံး စီမံဆောင်ရွက်ပေးနေပါတယ်လို့ဆိုပါတယ်။ ဒဏ်ရာရထားသူတွေထဲမှာလည်း စိုးရိမ်ရသူတွေ ပါဝင်နေတာကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာမှာကို အားလုံးက စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။ ​နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း စစ်ခေါင်းဆောင်ရဲ့အခုလို ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ကြည့်မနေဘဲ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေနဲ့ ချက်ချင်းဟန့်တားပေးဖို့ HDCO ကတောင်းဆိုထားပါတယ်။

Read more

ယိုးငူရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ၃၀ ကျော်သေဆုံး

Border News Agency  ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၂၄။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာရှိ စျေးနဲ့ စာသင်ကျောင်းအနီးကို ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီနေ့ နေ့လည် ၂ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို လေ​ကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၃၀ ကျော်သေဆုံးသွားပြီးဒဏ်ရာရသူတွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။ အဲဒီယိုးငူကျေးရွာရှိ ဈေးအနီးနဲ့ စာသင်ကျောင်းအနီးကို စစ်ကော်မရှင်တပ်ဟာ ပေါင် ၅၀၀ ဗုံးတွေနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၃၀ ကျော်သေဆုံးပြီးထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။  အဲဒီဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူတွေပါဝင်တာကြောင့် သေဆုံးသူထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။

Read more

ယိုးငူရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ တဆယ်ကျော်သေဆုံး

Border News Agency  ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၂၄။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာရှိ စျေးနဲ့ စာသင်ကျောင်းအနီးကို ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီနေ့ နေ့လည်၂ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို လေ​ကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ တဆယ်ကျော်သေဆုံးသွားပြီး ဒဏ်ရာရသူတွေအများအပြားရှိနေတယ်လို့ သိရပါတယ်။ အဲဒီယိုးငူကျေးရွာရှိ ဈေးအနီးနဲ့ စာသင်ကျောင်းအနီးကို စစ်ကော်မရှင်တပ်ဟာ ပေါင် ၅၀၀ ဗုံးတွေနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူတဆယ်ကျော် သေဆုံးပြီးထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။  အဲဒီဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူတွေပါဝင်တာကြောင့် သေဆုံးသူထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။  လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိ ရေကြောင်း၊ လေကြောင်းကတိုက်ခိုက်မှု ပြုလုပ်နေတယ်လို့  ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေကမိဘပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။

Read more

ပုဏ္ဏားကျွန်း၊ ယိုးငူရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ သေဆုံး၊ ဒဏ်ရာရသူတွေများ

Border News Agency  ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၂၄။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာရှိစျေးနဲ့ စာသင်ကျောင်းအနီးကို ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီနေ့ နေ့လည် ၂ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို လေ​ကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၉ ဦး ပွဲချင်းပြီး သေဆုံးသွားပြီးဆယ်ဦး ဒဏ်ရာရသွားတယ်လို့သိရပါတယ်။ သေဆုံးသွားသူတွေထဲမှာ ကျောင်းနေအရွယ်ကလေးငယ်တွေ အများအပြားပါဝင်နေပြီး ဈေးအတွင်းစျေးဝယ်နေသူတွေပါ ထိခိုက်ခဲ့တာကြောင့် နေရာတခုလုံးပျက်စီးဆုံးရှုံးမှု များပြားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် Border News Agency အနေနဲ့ ထပ်ပြီးအတည်ပြုနိုင်ဖို့ကြိုးစားနေပြီး နောက်ဆက်တွဲအခြေအနေတွေကို ဆက်ပြီးတင်ပြသွားမှာဖြစ်ပါတယ်။

Read more

စစ်တွေခရိုင်မှာ နီပါးဗိုင်းရပ်စ် ကာကွယ်ရေး အသိပညာပေးနေ

​အာရက္ခပြည်၊ စစ်တွေခရိုင်အတွင်းမှာ နီပါးဗိုင်းရပ်စ် (Nipah Virus) ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အာရက္ခပြည်သူ့ကျန်းမာရေးဌာနနဲ့ ပူးပေါင်းအဖွဲ့တွေက အသိပညာပေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေကြပါတယ်။ ​ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၀ ရက်နေ့ကစပြီး စစ်တွေခရိုင်အတွင်းက လူစည်ကားရာ လမ်းမတွေ၊ဈေးတွေ၊ ကားဂိတ်တွေနဲ့ လမ်းဆုံလမ်းခွတွေမှာ အသိပညာပေးဗီနိုင်းတွေ ချိတ်ဆွဲတာနဲ့ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေကို ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။ ​နီပါးဗိုင်းရပ်စ် ကူးစက်ခံရရင် ကနဦးလက္ခဏာတွေအနေနဲ့ ဖျားနာတာ၊ ကြွက်သားနာကျင်တာ၊ ခေါင်းကိုက်တာ၊ အော့အန်တာအပြင် ပြင်းထန်ရင် ဦးနှောက်ယောင်တာနဲ့ တက်တာတွေအထိ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။ ​ဒါကြောင့်မို့လို့ ပြည်သူတွေအနေနဲ့ နီပါးဗိုင်းရပ်စ် သံသယဖြစ်ဖွယ် လက္ခဏာတွေ ခံစားရရင် အနီးအနားမှာရှိတဲ့ ပြည်သူ့ကျန်းမာရေးဌာနတွေကို အမြန်ဆုံး ဆက်သွယ်အကြောင်းကြားကြဖို့နဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာကြဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ ဒေသခံပြည်သူတွေ ရောဂါဘယကင်းဝေးစေဖို့အတွက် အခုလို အသိပညာပေးတာတွေကို ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

Read more

ရသေ့တောင်မြို့နယ်မှာ အရေပြားရောဂါအတွက် ဆေးဝါးအကူအညီလိုအပ်နေ

​အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်က ကျေးရွာတွေမှာ အရေပြားရောဂါဖြစ်ပွားနေတာ​ကြောင့် ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီတွေလိုအပ်နေကြတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။  အဲဒီ ရသေ့တောင်မြို့နယ်၊သာစည်တောင့်ကျေးရွာနဲ့ အနီးအနားရှိကျေးရွာတွေမှာ အရေပြားရောဂါ (ဝဲရောဂါ)ပြင်းထန်စွာ ကူးစက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။  အဲဒီဒေသတွေမှာ ဆေးဝါးမလုံလောက်တာတွေနဲ့ ကြုံတွေ့နေရတာကြောင့် နိုင်ငံတကာ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီအရေးပေါ်လိုအပ်နေတယ်လို့ဆိုကြပါတယ်။ အဲဒီထဲ ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတွေမှာပိုပြီးအဖြစ်များနေသလို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ကျန်းမာရေးဌာနက လိုက်လံကုသပေးနေပေမယ့်လူဦးရေနဲ့ဆေးဝါးပမာဏ မမျှမတဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ “လမ်းပန်းဆက်သွယ်ရေးကလည်းခက်ခဲနေတော့ ဘယ်မှသွားလို့မရဘူး။အာရက္ခတပ်တော်ကကုပေးနေတာရှိပေမယ့်ဆေးဝါးက တကယ်ကို မလုံလောက်တာပါ။ မြို့နယ်ထဲမှာက လူတိုင်းလိုလို ဖြစ်နေကြတာဆိုတော့ နိုင်ငံတကာအဖွဲ့အစည်းတွေဆီကဆေးဝါးအကူအညီတွေ အမြန်ဆုံး ရစေချင်ပါတယ်။” လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။ အဲ​ဒီရောဂါဟာ အဓိကအားဖြင့် စစ်ဘေးရှောင်စခန်းတွေမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ဒေသခံပြည်သူတွေဆီကိုပါ အလျင်အမြန် ကူးစက်နေတာလို့ ဆိုကြပါတယ်။ အဲဒီမွေးကင်းစကလေးကနေ အသက်ငါး ဆယ်ကျော် အရွယ်တွေအထိကူးစက်ခံထားရပြီး ဒီရောဂါဖြစ်နေတာ ဘယ်နှစ်လကြာနေပြီလဲဆိုတာတောင် မရေတွက်နိုင်တော့တဲ့ အခြေအနေ ဖြစ်နေတယ်လို့ဆိုကြပါတယ်။ “ကျမတို့ရွာမှာလူပေါင်းလေးရာလောက် ဒီအရေပြားရောဂါဖြစ်နေကြတာပါ။စစ်ဘေးရှောင်တွေရော၊ ရွာခံတွေရော အကုန်ဖြစ်နေတာ။အာရက္ခတပ်တော်က ဆေးလာကုပေးပေမယ့် ဆေးကုန်သွားလို့ မရလိုက်တဲ့လူတွေအများကြီးပဲ။ပျောက်သွားပြီးမှ ပြန်ပေါ်လာတဲ့သူတွေလည်း ရှိတယ်။ အရမ်းယားယံပြီး အနာတွေ ဖြစ်လာတာပါ။" လို့ သာစည်တောင့်ကျေးရွာရှိ အမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။ အဲဒီလို အရေပြားရောဂါဟာဖြစ်ပွားနေကြတာကြောင့် ဝင်ငွေမရှိတဲ့ စစ်ဘေးရှောင်တွေအတွက်က ဆေးဝါးဝယ်ယူဖို့ အခက်အခဲဆုံး ဖြစ်နေကြတယ်လို့ စစ်ဘေးရှောင် တွေကဆိုကြပါတယ်။ ​စစ်ဘေးရှောင်တွေဟာ အလုပ်အကိုင်မရှိတဲ့အပြင်လူသားချင်းစာနာမှု အကူအညီတွေလည်းမရရှိတာကြောင့် စားဝတ်နေရေးတင်မက ကျန်းမာရေးမှာပါ အကျပ်ရိုက်နေကြရတယ်လို့ဆိုကြပါတယ်။ ​“ကျမအမျိုးတွေထဲမှာလည်း ဖြစ်နေကြတာ။ စစ်ဘေးရှောင်တွေမှာက အလုပ်လည်းမရှိ၊ဝင်ငွေလည်းမရှိတော့ ဆေးဝယ်ဖို့ တော်တော်ခက်နေကြတယ်။ စားသောက်ဖို့တောင် မနည်းရုန်းကန်နေရတာဆိုတော့လူသားချင်းစာနာမှု အကူအညီတွေ မရရင် ဒီထက်ပိုဆိုးလာမှာပဲ။” လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။ အဲဒါကြောင့် စစ်ရှောင်တွေနဲ့ မြို့ခံတွေမှာ နေ့စဉ် စားဝတ်နေရေးနဲ့ ကျန်းမာရေး အခက်အခဲတွေကို အလူးအလဲ ခံစားနေကြရတယ်လို့ စစ်ဘေးရှောင် တွေနဲ့ ပြည်သူတွေကဆိုကြပါတယ်။  ​အဲဒီရောဂါကူးစက်မှုကို အချိန်မီ မထိန်းချုပ်နိုင်ရင် ဒေသခံတွေအတွက် အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်လို့ ကျန်းမာရေးအခြေအနေ စောင့်ကြည့်သူတွေက ဆိုပါတယ်။ ​အဲဒီ အရေပြားရောဂါဟာ တကိုယ်ရည်သန့်ရှင်းမှုနဲ့ ဆေးဝါးမလုံလောက်တာတွေကြောင့် ပိုမိုပြန့်ပွားနေတာဖြစ်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရော၊နိုင်ငံတကာအဖွဲ့အစည်းတွေကပါ အမြန်ဆုံးကူညီပေးကြဖို့ ဒေသခံတွေကတောင်းဆိုနေကြပါတယ်။

Read more

​ရခိုင်မှာလွှတ်တော်ပြန်စဖို့ စစ်ကော်မရှင်တပ် ပြင်ဆင်နေ

Border News Agency ​စစ်တွေ၊ ဖေဖော်ဝါရီ ၆ ။ ​ရခိုင်ပြည်မှာ တတိယအကြိမ်ပြည်နယ်လွှတ်တော်အစည်းအဝေး ခေါ်ယူနိုင်ဖို့အတွက် စစ်ကော်မရှင်တပ် ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းနဲ့ ဌာနဆိုင်ရာတွေ ဖေဖော်ဝါရီလ ၆ ရက်၊ ဒီနေ့ စစ်တွေမြို့မှာ တွေ့ဆုံညှိနှိုင်းခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ရွေးကောက်ပွဲ ပထမအဆင့်ပြီးစီးသွားပြီဖြစ်လို့ လွှတ်တော်အစည်းအဝေးကို မကြာခင်ကာလအတွင်း အမြန်ဆုံးခေါ်ယူနိုင်ဖို့ ကော်မတီတွေဖွဲ့စည်းပြီး ပြင်ဆင်နေတာပါ။ ​ဒီခြေလှမ်းဟာ စစ်ကော်မရှင်အနေနဲ့ သူတို့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပြဖို့ ကြိုးစားတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဆိုကြပါတယ်။ အဲဒီအပြင် စစ်ရေးပဋိပက္ခတွေရှိနေပေမယ့်လည်း မြို့ပေါ်ဒေသတွေမှာ အုပ်ချုပ်ရေးနဲ့လွှတ်တော်ယန္တရားကို ပုံမှန်လည်ပတ်နိုင်စွမ်းရှိတယ်ဆိုတာကို နိုင်ငံရေးအရပြသချင်ပုံရတယ်လို့ သုံးသပ်ထားကြပါတယ်။ ​အဲဒီလွှတ်တော်အဆောက်အဦးနဲ့ အသုံးအဆောင်တွေကို ပြန်လည်ပြင်ဆင်နေပြီး လွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အစည်းအဝေးတွေ ခေါ်ယူကျင်းပနိုင်ဖို့အတွက် စီမံဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Read more

စစ်တွေခရိုင်မှာပျက်စီးနေတဲ့လမ်းပိုင်းတွေကိုအာရက္ခအစိုးရပြုပြင်နေ

​အာရက္ခပြည်၊ စစ်တွေခရိုင်အတွင်း တိုက်ပွဲကာလနဲ့မိုးတွင်းမှာ ယိုယွင်းပျက်စီးခဲ့တဲ့ မြို့ချင်းဆက်၊ရွာချင်းဆက်လမ်းပိုင်းတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြုပြင်မွမ်းမံပေးနေပါတယ်။ အဲဒီစစ်တွေခရိုင်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး အများပြည်သူသွားလာရေး အဆင်ပြေစေဖို့အဝေးပြေးလမ်းမကြီးတွေနဲ့ ကျေးရွာချင်းဆက်လမ်းတွေကို ဦးစားပေး လုပ်ဆောင်နေတာဖြစ်ပါတယ်။ ​အဲဒီပုဏ္ဏားကျွန်း - ရသေ့တောင် လမ်းမကြီး၊ရသေ့တောင် - ဘူးသီးတောင် လမ်းမကြီးတွေအပြင် ရွာချင်းဆက်လမ်းတွေ ပြုပြင်နေမှုဟာရှစ်ဆယ်ရာခိုင်နှုန်းနီးပါး ပြီးစီးနေပြီလို့ သိရပါတယ်။ အဲဒါကြောင့် လမ်းတွေပြန်ကောင်းလာတာအပြင် ယာဉ်စည်းကမ်းထိန်းသိမ်းမှုတွေပါ ရှိလာတာကြောင့် အရင်ကမကြာခဏဖြစ်ပွားလေ့ရှိတဲ့ ယာဉ်တိုက်မှုတွေဟာလည်း သိသိသာသာ လျော့နည်းလာတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ​ဒါပေမယ့် စက်ယန္တရား မလုံလောက်မှုနဲ့ ကုန်ကျစရိတ်ကြီးမားတာတွေကြောင့် လမ်းပိုင်းတချို့မှာတော့လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ​အဲဒီလိုလမ်းပန်းဆက်သွယ်ရေးပြန်လည်ကောင်းမွန်လာတာဟာ ဒေသတွင်း ကုန်စည်စီးဆင်းမှုနဲ့ လူမှုစီးပွားဘဝတွေအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပြီး၊ ကျန်ရှိနေတဲ့ လမ်းပိုင်းတွေကိုလည်း အမြန်ဆုံး ပြီးစီးအောင်ဆောင်ရွက်ပေးဖို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။

Read more

​စစ်တွေခရိုင်အတွင်းရှိ ဘိန်းစာရွက်ပင်တွေကို DLEPS ဖျက်ဆီး

Border News Agencyစစ်တွေ၊ ဇန်နဝါရီ ၃၁။ ​စစ်တွေခရိုင်အတွင်းရှိ မြို့နယ်တွေမှာ စိုက်ပျိုးထားတဲ့ အာဆီယံ (ခေါ်) ဘိန်းစာရွက်ပင်တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) က လိုက်လံရှင်းလင်း ဖျက်ဆီးနေပါတယ်။ ​အဲဒီလိုရှင်းလင်းရာမှာ DLEPS...

Read more
Page 1 of 17 1 2 17

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here