Border News Agency
ရန်ကုန်၊ မတ် ၃။
အိန္ဒိယ- ရခိုင်သမိုင်းကြောင်းဆိုင်ရာဆက်နွယ်မှုပြပွဲကို မတ်လ ၂ ရက်၊ မနေ့က ရန်ကုန်မြို့၊ ရွှေဘုံသာလမ်းနဲ့ကုန်သည်လမ်းထောင့်ရှိ အိန္ဒိယယဉ်ကျေးမှုစင်တာ(ဆွာမိဝိဝေကနန္ဒခန်းမ)မှာ ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီပြပွဲကို မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးဟာ ရခိုင်စာပေနဲ့ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်) ပူးပေါင်းပြုလုပ်ခဲ့ကြတာပါ။
အဲဒီမှာ အိန္ဒိယ-ရခိုင်သမိုင်းဆိုင်ရာဆက်နွယ်မှုစာအုပ်မိတ်ဆက်ပွဲနဲ့ ဓာတ်ပုံပြပွဲပါဝင်သလို မတ်လ ၈ ရက်နေ့ထိ ပြသထားမှာပါ။
အဲဒီပြပွဲကို မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးအပါအဝင် စစ်ကော်မရှင်ဝန်ကြီးတွေ၊ ရခိုင်လူမျိုးတွေ၊ ရခိုင်ရှိတခြားလူမျိုးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
အဲဒီပြပွဲဟာ သမိုင်းဆိုင်ရာအရေးကြီးသလို အိန္ဒိယ-ရခိုင်ဆက်နွယ်မှုကို ဆက်ဖော်ဆောင်သွားမှာဖြစ်တာမို့စိတ်ဝင်စားသူတွေသွားရောက်လေ့လာနိုင်ပါတယ်။

















































































