Border News Agency
တီဟီရန်၊ မတ် ၇။
အီရန်နိုင်ငံမြို့တော်၊ တီဟီရန်အနောက်ဘက်မှာရှိတဲ့ မက်ဟ်ရာဘတ်(Mehrabad)နိုင်ငံတကာလေဆိပ်ကို အမေရိကန်နဲ့ အစ္စရေး လေတပ်တို့ပူးပေါင်းပြီး မတ်လ ၇ ရက်၊ ဒီနေ့ အစောပိုင်းကဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြပါတယ်။
ဒီတိုက်ခိုက်မှုဟာ အစ္စရေးကကြေညာထားတဲ့ အကြီးစားစစ်ဆင်ရေးလှိုင်းရဲ့အစိတ်အပိုင်းဖြစ်ပြီး လေဆိပ်ဝန်းကျင်မှာ ပေါက်ကွဲသံတွေဆက်တိုက်ထွက်ပေါ်ကာ မီးခိုးလုံးကြီးတွေအလိပ်လိုက်တက်လာတာကိုလည်း မြင်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
မက်ဟ်ရာဘတ်လေဆိပ်ဟာ အီရန်ရဲ့ဒုတိယအကြီးဆုံးလေဆိပ်ဖြစ်သလို စစ်ဘက်ဆိုင်ရာ MiG-29 တိုက်လေယာဉ်တွေ အခြေစိုက်ရာ နေရာလည်းဖြစ်ပါတယ်။
အမေရိကန် သမ္မတဒေါ်နယ်ထရန့်ကတော့”အီရန်အနေနဲ့ခြွင်းချက်မရှိ အရှုံးပေးဖို့ပဲရှိတယ်”လို့ Truth Social မှတဆင့်ထပ်မံ ရာဇသံထုတ်ထားပြီး စစ်ဆင်ရေးတွေကိုအရှိန်မြှင့်လုပ်ဆောင်နေတာဖြစ်ပါတယ်။










