Border News Agency
ပဲခူး၊ မတ် ၁၅။
ပဲခူးတိုင်း၊ လယ်ဒိုနဲ့ ဆောထိမြို့နယ်ထဲက ရွာတွေကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ တိုက်ခိုက်လို့ လူ ၁ ဦးသေဆုံးပြီး အိမ် ၅ လုံးပျက်စီးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးက မတ်လ ၁၄ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။
လယ်ဒိုမြို့နယ်၊ကညင်ကျွန်းရွာကို မတ်လ ၁၁ ရက်နဲ့ ၁၂ ရက်မှာ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီး ၁၁ လုံး ကြဲချခဲ့လို့ ရွာသားတွေရဲ့ အိမ် ၅ လုံး ပျက်စီးသွားတာပါ။
ဆောထိမြို့နယ်၊ ကောက်မဲ့သူရွာကို မတ်လ ၁၃ ရက်နေ့မှာလည်း ဒရုန်းနဲ့ ထပ်ဗုံးကြဲလို့ အသက် ၃၂ နှစ်အရွယ် ကိုကျော်ဇော်လင်း သေဆုံးသွားခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ သူတို့လုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုပြီးတိုးလုပ်လာတယ်လို့လည်း KNU က ဆိုထားပါတယ်။













