Border News Agency
ဘရိန်း၊ မတ်လ ၁၉။
ဘရိန်းနိုင်ငံမှာရှိတဲ့ အမေရိကန်ရေတပ် ထောက်ပံ့ရေးစခန်း (NSA) ကို အီရန်တိုက်ခိုက်လို့ အတွင်းပိုင်းမှာ ပျက်စီးဆုံးရှုံးမှုတွေများခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြပါတယ်။
အဲဒီစခန်းဟာ အမေရိကန် အမှတ် ၅ ရေတပ်စု ဌာနချုပ်ရဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။
ဒီပျက်စီးမှုတွေဟာ သီတင်းပတ်အတော်ကြာအောင် ဒရုန်းတွေ၊ ခီပနာယုဒုံးကျည်တွေနဲ့ အဆက်မပြတ် တိုက်ခိုက်ခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် စခန်းအတွင်းက အခြေခံအဆောက်အအုံတွေ သိသိသာသာ ထိခိုက်ပျက်စီးသွားခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လက်ရှိမှာ အမေရိကန်ရေတပ်ဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။














