Border News Agency
ဘီးလင်း၊ ဧပြီ ၁၂။
မွန်ပြည်၊ ဘီးလင်းမြို့နယ်မှာရှိတဲ့ စစ်ကော်မရှင်တပ်ရဲ့ တပ်မ ၄၄ အခြေစိုက် လေ့ကေစခန်းကုန်းကို ဧပြီ ၁၂ ရက်၊ ဒီနေ့မကန်က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ နည်းဗျူဟာ ၃၇ ကထုတ်ပြန်ပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်ဘက်က တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင်တွေကို အရှင်ဖမ်းဆီးရမိခဲ့တဲ့အပြင် လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲကို ပြည်သူကာကွယ်ရေးတပ်မတော် (PDF)၊ အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၇ နဲ့အတူ KNLA၊ BPLA အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ဆိုပါတယ်။














